13. မော်ဂျူး - အကဲဖြတ်ခြင်း (Module: Assessment)
ဤအပိုင်းအတွက် သင့်ကိုယ်ပိုင် data ကိုအသုံးပြုပါ။ အောက်ပါတို့ လိုအပ်ပါလိမ့်မည်-
Point အမည်များနှင့် category များစွာပါဝင်သော point vector dataset တစ်ခု
လမ်းများ၏ line vector dataset တစ်ခု
မြေအသုံးချမှုပြ polygon vector dataset တစ်ခု (property boundaries ကိုအသုံးပြုပြီး)
visual-spectrum ဓာတ်ပုံတစ်ခု (ဥပမာ-ကောင်းကင်ဓာတ်ပုံ)
DEM တစ်ခု (မရှိသေးလျှင် the CGIAR-CSI မှ ဒေါင်းလုဒ်ရယူနိုင်ပါသည်)
13.1. အောက်ခံမြေပုံတစ်ခုဖန်တီးပါ (Create a base map)
မည်သည့် data analysis တစ်ခုမှ မလုပ်ခင်တွင် သင့် analysis ရလာဒ်ကို ဆက်စပ်ပြသပေးမည့် base map တစ်ခုလိုအပ်ပါလိမ့်မည်။
13.1.1. Point layer ထည့်သွင်းပါ (Add the point layer)
Point layer ထဲတွင်ထည့်သွင်းပါ။ သင့်အနေဖြင့် သင်တန်း၌လုပ်ဆောင်နေသော အဆင့်ပေါ်မူတည်၍ အောက်ပါ အဆင့်များထဲမှ သင့်တော်ရာအဆင့်ကိုသာ ဆောင်ရွက်ပါ-
★☆☆
Point များကို attribute တစ်ခုခုဖြင့် label တပ်ပါ၊ ဥပမာ- နေရာအမည်များ။ စာလုံးဖောင့်အသေးကို အသုံးပြုပြီး label များကို မထင်မရှားပြုလုပ်ထားပါ။ အချက်အလက်ကို ပြသရုံသာဖြစ်ပြီး မြေပုံ၏အဓိက feature အနေဖြင့်မဖြစ်သင့်ပါ။
Point များကို category ပေါ်မူတည်ပြီး အရောင်အမျိုးမျိုးသို့ classify ပြုလုပ်ပါ။ ဥပမာ- category တွင် “tourist destination” ၊ “police station” ၊ နှင့် “town center” တို့ပါဝင်နိုင်ပါသည်။
★★☆
★☆☆ section အတိုင်းလုပ်ဆောင်ပါ။
Point အရွယ်အစားကို classify ပြုလုပ်ပါ- feature တစ်ခုသည် သိသာထင်ရှားလေလေ ၎င်း point အရွယ်အစား ကြီးလေလေဖြစ်သည်။ သို့သော် point အရွယ်အစားကို 2.00 ထက် မကျော်လွန်ပါစေနှင့်။
Point တစ်ခုတည်းတွင် ရှိမနေသော feature များအတွက် (ဥပမာ- ပြည်နယ်/တိုင်း အမည်များ၊ သို့မဟုတ် စကေးအကြီး၌ရှိသော မြို့အမည်များ) မည်သည့် point မျှမသတ်မှတ်ပါနှင့်။
★★★
Layer ကို သင်္ကေတပြင်ဆင်ရန် မည်သည့် point သင်္ကေတကိုမျှအသုံးမပြုပါနှင့်။ ထိုအစား point များပေါ်တွင် label ကိုအလယ်၌ထားပြီး အသုံးပြုပါ၊ point သင်္ကေတများတွင် အရွယ်အစားမရှိသင့်ပါ။
Label များကို အဓိပ္ပါယ်ရှိသော category များအဖြစ်သို့ style ထည့်သွင်းရန် Data defined settings ကိုအသုံးပြုပါ။
လိုအပ်ပါက attribute data တွင် သင့်လျော်သော column များထည့်သွင်းပါ။ ထိုသို့လုပ်ဆောင်သောအခါ စိတ်ကူးယဉ်ဆန်သော data များ မဖန်တီးပါနှင့်၊ ထို့အစား dataset ထဲရှိ ရှိနေပြီးသား သင့်လျော်သော တန်ဖိုးများပေါ်အခြေခံပြီး column အသစ်များကိုထည့်သွင်းရန် Field Calculator ကိုအသုံးပြုပါ။
13.1.2. Line layer ထည့်သွင်းခြင်း (Add the line layer)
Road layer ကိုထည့်သွင်းပြီး ၎င်း၏ သင်္ကေတကို ပြောင်းလဲပါ။ Road များကို label မတပ်ပါနှင့်။
★☆☆
Road သင်္ကေတကို မျဉ်းကြောင်းထူထူဖြင့် အရောင်ဖျော့သော သင်္ကေတသို့ ပြောင်းလဲပါ။ ၎င်းကို အနည်းငယ် transparent (အလင်းဖောက်) ပြုလုပ်ထားပါ။
★★☆
သင်္ကေတ layer များစွာဖြင့် သင်္ကေတတစ်ခုကို ဖန်တီးပါ။ ရလာဒ်သင်္ကေတသည် လမ်းအစစ်နှင့် ပုံစံတူသင့်ပါသည်။ ထိုအတွက် ရိုးရှင်းသောသင်္ကေတတစ်ခုကို အသုံးပြုနိုင်ပါသည်- ဥပမာ၊ အလယ်တွင် အဖြူရောင် မျဉ်းအပါး ပါဝင်သော အနက်ရောင် မျဉ်းတစ်ခု။ ၎င်းသင်္ကေတကို ပိုမို၍လည်း ပြင်ဆင်နိုင်ပါသည်၊ သို့သော် ရလာဒ်မြေပုံသည် အလွန်ရှုပ်ရှုပ်ထွေးထွေး ပုံစံဖြစ်မနေသင့်ပါ။
မြေပုံပေါ်တွင် သင်ပြသလိုသော စကေး၌ road များ များပြားစွာရှိနေလျှင် road layer နှစ်ခု ရှိသင့်ပါသည်- road ပုံစံ သင်္ကေတ နှင့် စကေးအသေး၌ရှိသော ရိုးရိုးသင်္ကေတတစ်ခု။ (သင့်လျော်သောစကေးများ၌ မြင်ရနိုင်စေရန် စကေးအခြေခံသော မြင်ရနိုင်မှု (scale-based visibility) ကိုအသုံးပြုပါ)
သင်္ကေတများအားလုံးတွင် သင်္ကေတ layer အများအပြား ပါရှိသင့်ပါသည်။ ၎င်းတို့ကို မှန်မှန်ကန်ကန် ပြသနိုင်မည့် သင်္ကေတများကိုအသုံးပြုပါ။
★★★
အထက်ဖော်ပြပါ ★★☆ section အတိုင်းလုပ်ဆောင်ပါ။
ထို့အပြင် road များကို classify လုပ်ထားသင့်ပါသည်။ လမ်းပုံစံအစစ်နှင့်တူသော သင်္ကေတများကိုအသုံးပြုသောအခါ road အမျိုးအစားတစ်ခုချင်းစီတွင် သင့်လျော်သော သင်္ကေတတစ်ခုစီရှိသင့်ပါသည်၊ ဥပမာ- highway လမ်းများသည် လားရာတစ်ဖက်တစ်ချက်စီဖြင့် လမ်း ၂ လမ်းပါရှိသည့်ပုံစံဖြစ်သင့်ပါသည်။
13.1.3. Polygon layer ထည့်သွင်းခြင်း (Add the polygon layer)
မြေအသုံးချမှု (land use) layer ကိုထည့်သွင်းပြီး ၎င်း၏ သင်္ကေတကို ပြောင်းလဲပါ။
★☆☆
Layer ကို land use အရ classify ပြုလုပ်ပါ။ အပိတ် (solid) အရောင်များကို အသုံးပြုပါ။
★★☆
Layer ကို land use အရ classify ပြုလုပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်္ကေတ layer များ၊ အမျိုးမျိုး သင်္ကေတအမျိုးအစားများ၊ စသည်တို့ကို ပေါင်းစပ်ပါ။ ဤသို့လုပ်ဆောင်ခြင်းသည် နောက်ခံ (backdrop) တစ်ခု၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါသည်။
★★★
Rule-based classification ကိုအသုံးပြုပြီး land use ကို “urban” ၊ “rural” ၊ “nature reserve” အစရှိသည့် ယေဘုယျ category များအဖြစ်သို့ classify ပြုလုပ်ပါ။
13.1.4. Raster နောက်ခံ ဖန်တီးခြင်း (Create the raster backdrop)
DEM မှ hillshade တစ်ခုဖန်တီးပါ၊ ထို့နောက် ၎င်းကို classify ပြုလုပ်ထားသော DEM တစ်ခုအတွက် overlay (အဖုံးအအုပ်) အဖြစ်အသုံးပြုပါ။ Relief plugin ကိုလည်း အသုံးပြုနိုင်ပါသည် (Plugin များ သင်ခန်းစာတွင် ပြထားသည့်အတိုင်း)။
13.1.5. အောက်ခံမြေပုံကို အပြီးသတ်ခြင်း (Finalize the base map)
အထက်ပါ resource များကိုအသုံးပြုပြီး layer များအားလုံး သို့မဟုတ် အချို့ကိုသုံးကာ base map တစ်ခုဖန်တီးပါ။ ထိုမြေပုံတွင် အသုံးပြုသူကိုပြသရန်လိုအပ်သော အခြေခံအချက်အလက်များအားလုံး ပါဝင်သင့်သည်သာမက အမြင်ပိုင်းဆိုင်ရာအရလည်း ရိုးရိုးရှင်းရှင်းဖြစ်သင့်ပါသည်။
13.2. Data ကို ဆန်းစစ်လေ့လာခြင်း (Analyze the data)
သင်သည် criteria အချို့နှင့်ကိုက်ညီသော property တစ်ခုကို ရှာဖွေနေပါသည်။
ကိုယ်ပိုင် criteria ကိုဆုံးဖြတ်နိုင်ပါသည်။ Criteria များကိုမှတ်တမ်းပြုလုပ်ထားရပါမည်။
အဆိုပါ criteria များအတွက် လမ်းညွှန်ချက်အချို့ရှိပါသည်-
လိုချင်သည့် property သည် land use အမျိုးအစားတစ်ခုခုဖြစ်သင့်သည်
၎င်းသည် လမ်းများမှ အကွာအဝေးတစ်ခုအတွင်း ရှိသင့်သည်၊ သို့မဟုတ် လမ်းတစ်ခုမှ ဖြတ်သွားသင့်သည်
၎င်းသည် point category အချို့မှ အကွာအဝေးတစ်ခုအတွင်း ရှိသင့်သည်၊ ဥပမာ- ဆေးရုံမှ အကွာအဝေးမည်မျှအတွင်း ရှိသင့်သည်။
13.2.1. ★★☆ / ★★★
သင့်ရလာဒ်ထဲတွင် raster analysis လုပ်ဆောင်ပါ။ Aspect သို့မဟုတ် slope ကဲ့သို့ raster မှတွက်ထုတ်ရသည့် ရလာဒ် အနည်းဆုံးတစ်ခုပါဝင်အောင် လုပ်ဆောင်ပါ။
13.3. အပြီးသတ်မြေပုံ (Final Map)
Analysis ရလာဒ်များပါဝင်သော အပြီးသတ်မြေပုံတစ်ခုဖန်တီးရန် Print Layout ကိုအသုံးပြုပါ၊
Criteria မှတ်တမ်းနှင့်အတူ document တစ်ခုထဲတွင် ထိုမြေပုံကိုထည့်သွင်းပါ။ မြေပုံသည် ထည့်သွင်းထားသော layer များကြောင့် အမြင်ပိုင်းအရ အလွန်ရှုပ်ထွေးနေလျှင် မလိုအပ်သော layer များကို select ဖြုတ်ထားနိုင်ပါသည်။
မြေပုံတွင် ခေါင်းစဉ်တစ်ခုနှင့် ရည်ညွှန်းချက်တစ်ခု ပါရှိရပါမည်။