6. မော်ဂျူး- Vector ဆန်းစစ်လေ့လာခြင်း (Module: Vector Analysis)

ယခုဆိုလျှင် သင့်အနေဖြင့် feature အနည်းငယ်ကို edit ပြုလုပ်ပြီး ၎င်း feature များဖြင့် မည်သည့်အရာများလုပ်ဆောင်နိုင်သည်ကို သိရှိလိုမည်ဖြစ်သည်။ Attribute များပါရှိသော feature များရှိခြင်းသည် ကောင်းမွန်ပါသည်၊ သို့သော် အရာရာတိုင်းကိုတော့ ပြောပြပေးနိုင်မည်မဟုတ်ပါ။

GIS ၏အဓိက အားသာချက်မှာ - GIS သည် မေးခွန်းများကို ဖြေပေးနိုင်သည်

နောက်ထပ်လာမည့် မော်ဂျူး ၃ ခုအတွက် GIS function များကိုအသုံးပြုပြီး သုတေသနမေးခွန်း တစ်ခုကို ဖြေဆိုရန် အားထုတ်သွားပါမည်။ ဥပမာ- သင့်အနေဖြင့် အိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်ပြီး သင့်ဖောက်သည်များအတွက် Swellendam တွင် အောက်ပါသတ်မှတ်ချက်များနှင့်ကိုက်ညီသော လူနေအိမ်တစ်ခုကို ရှာဖွေနေပါသည်-

  1. Swellendam ထဲတွင် တည်ရှိရန်လိုအပ်ပါသည်။

  2. ကျောင်းနှင့် သင့်တော်သည့် အကွာအဝေးအတွင်း ရှိရပါမည် (၁ ကီလိုမီတာ ဆိုပါစို့)။

  3. အရွယ်အစားအားဖြင့် ၁၀၀ စတုရန်းမီတာ ထက်ပိုကြီးရပါမည်။

  4. အဓိကကားလမ်းမနှင့် ၅၀ မီတာအောက် ပိုနီးရပါမည်။

  5. စားသောက်ဆိုင်နှင့် ၅၀၀ မီတာအောက် ပိုနီးရပါမည်။

နောက်ထပ်လာမည့် မော်ဂျူးများတွင် လူနေအိမ်ဖွဲ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သော စိုက်ပျိုးမြေနေရာများကို ရှာဖွေရန် GIS analysis tool များ၏ အစွမ်းကို ထိန်းချုပ်အသုံးချသွားပါမည်။