6. Project Files များဖြင့် အလုပ်လုပ်ခြင်း (Working with Project Files)
6.1. QGIS Project များအကြောင်းမိတ်ဆက်ခြင်း (Introducing QGIS projects)
QGIS တွင် လုပ်ငန်းဆောင်တာတစ်ခုခုဆောင်ရွက်နေသည့်အခြေအနေအား Project ဟုခေါ်ပြီး တစ်ကြိမ်တွင်
Project တစ်ခုတည်းကိုသာ လုပ်ဆောင်နိုင်သည်။ Setting တစ်ခုသည် Project တစ်ခုအတွက် သီးသန့်ဖြစ်နိုင်သလို Project အသစ်များအတွက် Application တစ်ခုလုံးအတွက် မူရင်း Setting များလည်းဖြစ်နိုင်ပါသည်။ (ရွေးချယ်စရာများ (Options) အခန်းတွင်
အသေးစိတ်ကြည့်ရှုနိုင်သည်။) QGIS တွင် Menu Options ၌ ပါဝင်သည့် သို့မဟုတ်
သို့ဝင်ရောက်၍ မိမိ လုပ်ဆောင်ထားသော လုပ်ငန်းအခြေအနေအား
QGIS project file တစ်ခုအဖြစ် သိမ်းဆည်းနိုင်သည်။
Note
မိမိလုပ်ဆောင်ထားသော Project ကို ထပ်မံပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ပါက title bar တွင် *
သင်္ကေတ
ပေါ်လာမည်ဖြစ်ပြီး ပုံမှန်အားဖြင့် အဆိုပါ ပြောင်းလဲပြင်ဆင်မှုများကို သိမ်းဆည်းလိုခြင်း ရှိ/မရှိ ကို QGIS မှ မေးမြန်းပါလိမ့်မည်။
အဆိုပါလုပ်ဆောင်ချက်ကို Setting အောက်ရှိ
Prompt to save project and data source changes when required တွင် ထိန်းချုပ်ပြင်ဆင်နိုင်ပါသည်။
ယခင် လုပ်ဆောင်ထားပြီးဖြစ်သော project များကို QGIS တွင် ပြန်ဖွင့်လိုလျှင် Browser panel ကို အသုံးပြုနိုင်သကဲ့သို့
၊
သို့မဟုတ်
လမ်းကြောင်းများမှ တဆင့် ဝင်ရောက်၍လည်း ဖွင့်နိုင်သည်။
QGIS ကို စတင်ဖွင့်လိုက်ပါက Screenshot များ၊ နာမည်များ နှင့် ဖိုင်လမ်းကြောင်းများပါဝင်သည့် Project Templates များနှင့် Recent Projects (လတ်တလော လုပ်ဆောင်ခဲ့သည့် Project များ) list များကို Project အရေအတွက် (၁၀) ခုအထိ ဖော်ပြထားပါသည်။ Recent Projects သည် လတ်တလောအသုံးပြုခဲ့သော Project များကို ပြန်လည်လုပ်ဆောင်ရာတွင် အလွန်အသုံးဝင်သည်။ Project ဖိုင် သို့မဟုတ် Project template ကို double-click နှိပ်၍ ဖွင့်နိုင်ပြီး Entry ကို right-click နှိပ်လိုက်ပါက Pin to List ၊ Open Directory… သို့မဟုတ် Remove from List ဟူ၍ အခြားရွေးချယ်စရာများလည်း ပေါ်လာမည်ဖြစ်သည်။ Layer တစ်ခုကို ထည့်သွင်းလိုက်ခြင်းဖြင့်လည်း Project အသစ်တစ်ခုကို အလိုအလျောက် ဖန်တီးနိုင်ပါသည်။ ထို့နောက်တွင် ဖော်ပြနေသည့် list များသည် ပျောက်ကွယ်သွားမည်ဖြစ်ပြီး map canvas ပေါ်သို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။
လုပ်ဆောင်နေသော Project ကို ပိတ်၍ Project အသစ်တစ်ခုစတင်လိုလျှင် နှိပ်၍
စတင်နိုင်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် လုပ်ဆောင်နေသော Project အား နောက်ဆုံးသိမ်းဆည်းထားသည့်ပုံစံအတိုင်း သိမ်းဆည်းသွားမည်ဖြစ်သည်။
Project အသစ်တစ်ခုကို စတင်သောအခါ ၎င်းဖိုင်ကို အမည်တစ်ခု သတ်မှတ်၍ မသိမ်းဆည်းမီအချိန် အထိ project ၏ title bar တွင်
Untitled Project
ဟု တွေ့မြင်ရမည်ဖြစ်သည်။

Fig. 6.1 QGIS တွင် project အသစ်တစ်ခုကိုစတင်ခြင်း
Project file တစ်ခုအတွင်း သိမ်းဆည်းထားသော အချက်အလက်များတွင် အောက်ပါတို့ပါဝင်သည်-
ထည့်သွင်းထားသော layer များ
Query (သီးသန့်ခွဲထုတ်ကြည့်ရှုခြင်း) ပြုလုပ်နိုင်သော layer များ
သင်္ကေတနှင့် ပုံစံများပါဝင်သော Layer properties များ
Layer နှင့်ပတ်သက်သော အကြောင်းအရာမှတ်စုများ
2D နှင့် 3D မြေပုံမြင်ကွင်းများ
Map view တစ်ခုချင်းစီအတွက် ပုံရိပ်ချစနစ်များ
Map တစ်ခုချင်းစီအတွက် နောက်ဆုံးကြည့်ခဲ့သော extent (မြေပုံ၏နယ်ပယ်အကျယ်အဝန်း)
Print ထုတ်ယူနိုင်သည့် Layouts အခင်းအကျင်းပုံစံများ
Setting များပါဝင်သော Print ထုတ်ယူနိုင်သည့် layout ၏ အစိတ်အပိုင်းများ
Print layout altas setting များ
Digitize ပြုလုပ်နိုင်သည့် setting များ
Table relation များ (ဇယားချိတ်ဆက်မှုများ)
Project Macro များ
Project ၏ မူရင်းပုံစံများ
Plugins (အထူးလုပ်ဆောင်ချက်) setting များ
Project properties ရှိ OWS setting tab မှ QGIS Server setting များ
DB Manager တွင် သိမ်းဆည်းထားသော query များ
QGIS တွင် project ဖိုင်ကို XML ဖိုင်အမျိုးအစားဖြင့် သိမ်းဆည်းပြီး ထိုဖိုင်ကိုဖွင့်နိုင်သည့် QGIS မဟုတ်သော အခြားနေရာတွင်လည်း ပြင်ဆင်တည်းဖြတ်နိုင်မည်ဖြစ်သည်။ (QGS/QGZ - QGIS project file ပုံစံ တွင် အသေးစိတ်ကြည့်နိုင်ပါသည်) Project file format များကို အကြိမ်ကြိမ် update ပြုလုပ်ကြပါသည်။ ယခင် QGIS version အဟောင်းများမှ project ဖိုင်များသည် နောက်ပိုင်းထွက်ပေါ်လာသော version အသစ်များတွင် ကိုက်ညီမှု ရှိနိုင်မည်မဟုတ်ပါ။
Note
ပုံမှန်အားဖြင့် version မတူညီမှုကို သတိပေးချက်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ၎င်းသတိပေးချက်ကို
General tab မှ
( Warn when opening a project file saved with an older version of QGIS)
ကို အမှန်ခြစ်ပြုလုပ်၍ ဖွင့်ထားနိုင်ပါသည်။
QGIS တွင် project ဖိုင်တစ်ခု ကို .qgs
အဖြစ် သိမ်းဆည်းလိုက်တိုင်း တူညီသည့်ဖိုင်သိမ်းဆည်းရာလမ်းကြောင်းတစ်ခုတည်းတွင်
backup file တစ်ခုကို .qgs~
ဖိုင်အမျိုးအစားဖြင့် အလိုအလျောက်သိမ်းဆည်းပြီးဖြစ်သည်။ QGIS Project အတွက် သိမ်းဆည်းသည့်ဖိုင်အမျိုးအစားမှာ .qgs
ဖြစ်သော်လည်း QGIS မှ သိမ်းဆည်းသည့်အခါတိုင်းတွင်
ပုံမှန်အားဖြင့် .qgz
format ဖြင့် ဖိုင်အရွယ်အစားချုံ့၍ သိမ်းဆည်းသည်။ .qgz
format ဖြင့် ဖိုင်အရွယ်အစားချုံ့၍
သိမ်းဆည်းထားသည့် (zip archive) တွင် .qgs
ဖိုင်နှင့်အတူ auxiliary data
အတွက် ၎င်းနှင့်ဆက်စပ်လျက်ရှိသော SQLite database (.qgd
) များပါ တွဲလျက်ပါဝင်သည်။ ထိုဖိုင်အားလုံးကို .qgz
ဖိုင်အား
unzip ပြုလုပ်၍ ရယူနိုင်ပါသည်။
Note
အရန် database ဂုဏ်သတ္တိများ (Auxiliary Storage Properties) လုပ်ဆောင်ချက်သည် zip ပြုလုပ်ထားသော project ဖိုင်တွင် လိုအပ်သည့် auxiliary data (အကူဒေတာများ) ကိုပါ တပါတည်း ထည့်သွင်းသိမ်းဆည်းစေနိုင်သောကြောင့် လွန်စွာအသုံးဝင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။
အောက်ဖော်ပြပါ menu item များ အသုံးပြု၍ Project ဖိုင်များကို PostgreSQL ၊ GeoPackage သို့မဟုတ် Oracle databaseများမှ သိမ်းဆည်းနိုင်/ ပြန်လည် ထုတ်ယူ အသုံးပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်-
ထို Menu item နှစ်ခုလုံးတွင် Project အား ထပ်မံသိမ်းဆည်းနိုင်သော နေရာများဖြစ်သည့် PostgreSQL၊ GeoPackage နှင့် Oracle များတွင် ချိတ်ဆက်သိမ်းဆည်းနိုင်ရန် Menu အခွဲများပါရှိသည်။ ထို Menu item များကို click နှိပ်လိုက်လျှင် GeoPackage ၊ PostgreSQL ၊ schema ၊ Oracle ချိတ်ဆက်မှုများနှင့် Project အား ချိတ်ဆက်နိုင်သည့်အပြင် အသုံးပြုသူနှင့် Project ကိုလည်း ချိတ်ဆက်နိုင်မည်ဖြစ်သည်။
GeoPackage ၊ PostgreSQL သို့မဟုတ် Oracle တို့တွင် သိမ်းဆည်းထားသော Project များကို QGIS browser panel မှ ဖွင့်၍လည်းကောင်း၊ အဆိုပါဖိုင်များကို double-click နှိပ်၍ လည်းကောင်း၊ map canvas ပေါ်သို့ ဖိဆွဲယူ၍လည်းကောင်း QGIS တွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။
6.2. ဖိုင်လမ်းကြောင်းအမှားများကို ကိုင်တွယ်ခြင်း (Handling broken file paths)
Project ဖိုင်တစ်ခုကို ဖွင့်လိုက်သည့်အခါ မူရင်းဖိုင်တည်နေရာများအား ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်းများနှင့် အချို့သော Service/Database များမရရှိနိုင်သည့်အခါမျိုးတွင် QGIS တွင် ဖွင့်မရသော data များ ပါဝင်လာတတ်သည်။ ထို data များပါဝင်ပါက Handle Unavailable Layers ဟူသည့် Dialog window တစ်ခုပေါ်လာပြီး ရှာမတွေ့သော Layer များကိုဖော်ပြမည်ဖြစ်သည်။ ထိုအခါ-
Dialog window ရှိ Datasource field ကို Click နှစ်ချက်နှိပ်၍ Layer တစ်ခုချင်းစီ၏ ဖိုင်သိမ်းဆည်းရာလမ်းကြောင်းကို ပြောင်းလဲပြင်ဆင်ပြီး Apply changes ကို နှိပ်ပါ။
Row တစ်ခုကို Select လုပ်၍ ဖိုင်လမ်းကြောင်းအမှန်ကို ဖော်ပြရန်အတွက် Browse ကိုနှိပ်ပြီးနောက် Apply changes ကို နှိပ်ပါ။
Folder များကို browse ပြုလုပ်ပြီး လွှဲမှားနေသော ဖိုင်လမ်းကြောင်းများကို အလိုအလျောက်ပြင်ဆင်ရန်အတွက် Auto-Find ကိုနှိပ်ပါ။ သို့သော် ထိုသို့အလိုအလျောက်ရှာဖွေခြင်းသည် အချိန်အနည်းငယ်ကြာနိုင်သည်။ ရှာဖွေပြီးပါက Apply changes ကို နှိပ်ပါ။
ပေါ်လာသော message ကို လျစ်လှူရှုကာ လွှဲမှားနေသည့်ဖိုင်လမ်းကြောင်းများပါဝင်သည့် Project ကို Keep Unavailable Layers ကိုနှိပ်၍ ဖွင့်ပါ။ ထိုအခါ Layer များသည် Layers panel တွင် ပေါ်လာမည်ဖြစ်သော်လည်း Layers panel အတွင်းရှိ layer ၏ဘေးရှိ
Unavailable layer! icon ကို နှိပ်၍ဖြစ်စေ Layer ၏ Context menu ရှိ Repair Data Source… ကိုနှိပ်၍ဖြစ်စေ ဖိုင်လမ်းကြောင်းအမှန်ကို မပြောင်းမချင်း မည်သည့်ဒေတာမှ ပါဝင်မည်မဟုတ်ပါ။
Repair Data Source… tool ကို သုံး၍ ဖိုင်လမ်းကြောင်းတစ်ခုအား ပြင်ဆင်ပြီးပါက QGIS သည် မှားယွင်းနေသည့်ဖိုင်လမ်းကြောင်းများအားလုံးကို scan ဖတ်ပေးပြီး ပြင်ဆင်ပြီးသည့်ဖိုင်လမ်းကြောင်းနှင့်အတူတူဖြစ်သည့် အခြားသော data များကိုပါ အလိုအလျောက်ပြင်ဆင်ပေးပါမည်။
ထိုဖိုင်လမ်းကြောင်းလွှဲမှားနေသာ Layer များကို အလုပ်လုပ်နေသော Project အတွင်းမှ
Remove Unavailable Layers မှတဆင့် ဖယ်ရှားနိုင်သည်။
--skipbadlayers option ကို သုံး၍ QGIS အား Command line မှ ဖွင့်သောအခါ Project ဖွင့်ဖွင့်ချင်း၌ ပေါ်လာတတ်သည့် Handle Unavailable Layers dialog window ကို ကျော်လွှားနိုင်ပေလိမ့်မည်။
6.3. ရလာဒ်များထုတ်ခြင်း (Generating output)
QGIS မှ Output များ ထုတ်ရန် နည်းလမ်းများစွာရှိရာ Project ဖိုင်သိမ်းဆည်းခြင်းအကြောင်းကို QGIS Project များအကြောင်းမိတ်ဆက်ခြင်း (Introducing QGIS projects) တွင် ဆွေးနွေးပြီးဖြစ်သည်။ Output ထုတ်ရန် အခြားနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
ရုပ်ပုံများဖန်တီးခြင်း - ရုပ်ပုံများ ထုတ်ယူနိုင်ရန်
မှတဆင့် Map Canvas အား ဓာတ်ပုံအဖြစ် ပြောင်းလဲထုတ်ယူနိုင်ပြီး မိမိကြိုက်နှစ်သက်သော စကေး (Scale)၊ အရွယ်အစားနှင့် ကြည်လင်ပြတ်သားမှု (Resolution) ကို PNG ၊ JPG ၊ TIFF အစရှိသော Format များအနက် ကြိုက်နှစ်သက်ရာ ရုပ်ပုံ Format ကို ရွေး၍ ထုတ်နိုင်သည်။ ထိုရုပ်ပုံတွင် ပထဝီဝင်ဆိုင်ရာအချက်အလက်များ ပါဝင်စေလိုလျှင်
Append georeference information (embedded or via world file) ကို အမှန်ခြစ်ပြုလုပ်၍ ထုတ်နိုင်သည်။ (မြေပုံထုတ်ယူခြင်းအတွက် Exporting the map view (Map view အား export ပြုလုပ်ခြင်း) တွင် အသေးစိတ်လေ့လာနိုင်ပါသည်)
PDF ဖိုင်အဖြစ် ပြောင်းလဲထုတ်ယူခြင်း - Map Canvas အား PDF ဖိုင်အဖြစ် ပြောင်းလဲထုတ်ယူရန် Exporting the map view (Map view အား export ပြုလုပ်ခြင်း) တွင် အသေးစိတ်လေ့လာနိုင်ပါသည်)
အတိုင်း အလွယ်တကူ ထုတ်ယူနိုင်ပြီး မိမိကြိုက်နှစ်သက်သော စကေး (Scale)၊ အရွယ်အစားနှင့် ကြည်လင်ပြတ်သားမှု (Resolution)ကို Simplication နှင့် Georeferencing ကဲ့သို့သော အခြား Setting များနှင့်အတူ ရွေးချယ်၍ ပြောင်းလဲထုတ်ယူနိုင်သည်။ (မြေပုံထုတ်ယူခြင်းအတွက်DXF ဖိုင်အဖြစ် ပြောင်းလဲထုတ်ယူခြင်း - Project ကို DXF ဖိုင်အဖြစ် ပြောင်းလဲထုတ်ယူလိုလျှင် DXF files အသစ်များ ဖန်တီးခြင်း တွင် အသေးစိတ်လေ့လာနိုင်ပါသည်)
အတိုင်း ပြုလုပ်ပါက Dialog window တစ်ခုပေါ်လာမည်ဖြစ်ပြီး ထို dialog တွင် ကြိုက်နှစ်သက်ရာ ‘Symbology mode’ ၊ ‘Symbology scale’ နှင့် vector layers တို့ကို ရွေးချယ်၍ DXF ဖိုင်အဖြစ် ထုတ်ယူနိုင်မည်ဖြစ်သည်။ ‘Symbology mode’ တွင် QGIS မှ ရရှိနိုင်သည့် symbol (သင်္ကေတ) များကို မှန်ကန်တိကျစွာ ထုတ်ယူနိုင်သည်။ (DXF ဖိုင်အသစ်ဖန်တီးခြင်း အခန်းကိုမြေပုံဒီဇိုင်းများရေးဆွဲခြင်း - Project မြေပုံများအား စိတ်ကြိုက်ပြင်ဆင်ရေးဆွဲနိုင်ရန်
အတိုင်းဝင်လိုက်ပါက Dialog window တစ်ခုပေါ်လာမည်ဖြစ်ပြီး ထို dialog တွင် လက်ရှိ မြေပုံမြင်ကွင်းကို ပြင်ဆင်ရေးဆွဲခြင်း၊ print ထုတ်ခြင်းများပြုလုပ်နိုင်ပါသည်။ (မြေပုံများပြင်ဆင်ရေးဆွဲခြင်းအခန်းကို မြေပုံအချောသပ်ပြင်ဆင်ခြင်း (Laying out the maps) တွင် အသေးစိတ်လေ့လာနိုင်ပါသည်)