33. အကူအညီနှင့်အထောက်အပံ့ (Help and Support)
33.1. အီးမေးလ်စာရင်း (Mailing lists)
QGIS ကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နေသည့် အခြေအနေတွင်ရှိနေသေးသောကြောင့် မျှော်မှန်းသလောက် အမြဲအလုပ်ဖြစ်နေမှာတော့မဟုတ်ပါဘူး။ အကောင်းဆုံးနည်းလမ်းမှာ QGIS အသုံးပြုသူများ mailing list နဲ့ ချိတ်ဆက်ဆောင်ရွက်၍အကူအညီရယူရန်ပဲဖြစ်ပါသည်။ ထိုအခါ မိမိ၏မေးခွန်းများသည် ပိုမိုကျယ်ပြန့်သော QGIS သုံးစွဲသူများထံရောက်ရှိမှာဖြစ်ပြီး အဖြေများသည်လည်း အခြားသူများအတွက်ပါအကျိုးရှိမည်ဖြစ်ပါသည်။
33.1.1. QGIS အသုံးပြုသူများ
ဤအဖွဲ့သည် QGIS ထည့်သွင်းခြင်းနှင့် အသုံးပြုခြင်းကဲ့သို့သောသီးသန့်မေးခွန်းများမေးမြန်းနိုင်သည့်အပြင် QGIS နှင့်ပတ်သက်သော ယေဘုယျဆွေးနွေးချက်များပြုလုပ်နိုင်သောနေရာဖြစ်ပါသည်။ QGIS-users mailing list မှာပါဝင်နိုင်ရန် အောက်ပါလင့်ခ်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်- https://lists.osgeo.org/mailman/listinfo/qgis-user
33.1.2. QGIS ဖန်တီးသူများ (QGIS Developers)
နည်းပညာပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အခက်အခဲများရင်ဆိုင်နေရသော developer များအနေဖြင့် qgis-developer mailing list တွင်ပါဝင်နိုင်ပါသည်။ ဤအဖွဲ့သည် developer များဆုံစည်း၍ QGIS နှင့်ပတ်သက်သော UX (User Experience)/ အသုံးပြုနိုင်စွမ်းဆိုင်ရာ ပြဿနာများ (usability issues) ကို စုစည်းဆွေးနွေးနိုင်သည့်နေရာဖြစ်ပါသည်။ https://lists.osgeo.org/mailman/listinfo/qgis-developer တွင်စာရင်းပေးသွင်းနိုင်ပါသည်။
33.1.3. QGIS အများပြည်သူအဖွဲ့ (QGIS Community)
ဤအဖွဲ့သည် စာတမ်းပြုစုခြင်း၊ အကူအညီ၊ အသုံးပြုသူလမ်းညွှန်၊ website များ၊ blog၊ mailing lists၊ ဖိုရမ်များနှင့် ဘာသာပြန်ဆောင်ရွက်ခြင်း စသည့်အကြောင်းအရာ ခေါင်းစဉ်များနှင့်သက်ဆိုင်ပါသည်။ အသုံးပြုသူလမ်းညွှန်နဲ့ပတ်သက်သည်များ ဆောင်ရွက်လိုပါက ဤအဖွဲ့သည် မေးလိုရာတွေမေးနိုင်သည့် နေရာကောင်းတစ်ခုဖြစ်ပါသည်။ အဖွဲ့ကို https://lists.osgeo.org/mailman/listinfo/qgis-community-team တွင်စာရင်းပေးသွင်းနိုင်ပါသည်။
33.1.4. QGIS ဘာသာသူပြန်များ (QGIS Translations)
ဒီအဖွဲ့ကတော့ ဘာသာပြန်ခြင်းလုပ်ငန်းများနှင့်သက်ဆိုင်ပါသည်။ Website ၊ အသုံးပြုနည်းလမ်းညွှန် သို့မဟုတ် graphical user interface (GUI) ကိုဘာသာပြန်ခြင်းလုပ်ငန်းတွေဆောင်ရွက်လိုလျှင် ဤအဖွဲ့သည်မေးလိုရာတွေမေးနိုင်သည့် နေရာကောင်းတစ်ခုဖြစ်ပါသည်။ အဖွဲ့ကို https://lists.osgeo.org/mailman/listinfo/qgis-tr တွင်စာရင်းပေးသွင်းနိုင်ပါသည်။
33.1.5. QGIS project ဦးဆောင်ကော်မတီ (QGIS Project Steering Committee-PSC)
ဦးဆောင်ကော်မတီအဖွဲ့မှာတော့ QGIS၏ အထွေထွေစီမံခန့်ခွဲမှုနှင့် ဦးတည်ချက်များ ပါဝင်ပတ်သက်သောကိစ္စရပ်များကို ဆွေးနွေးကြခြင်းဖြစ်ပါသည်။ အဖွဲ့ကို https://lists.osgeo.org/mailman/listinfo/qgis-psc တွင် စာရင်းပေးသွင်းနိုင်ပါသည်။
33.1.6. QGIS အသုံးပြုသူအုပ်စုများ (QGIS User groups)
ဒေသတွင်းတွင် QGIS အသုံးပြုခြင်းကိုမြှင့်တင်ရန်နှင့် QGIS ၏ ဖွံ့ဖြိုးတိုးတက်မှုတွင်ပါဝင်ကူညီအားဖြည့်ရန် QGIS communities အချို့ကို QGIS အသုံးပြုသူအုပ်စုများ (QGIS User Groups) အဖြစ်ဖွဲ့စည်းထားပါသည်။ ဤအုပ်စုများတွင် QGIS နှင့်ပတ်သက်သော ဒေသတွင်း အကြောင်းအရာခေါင်းစဉ်များအကြောင်းဆွေးနွေးနိုင်မည်ဖြစ်ပြီး ဒေသတွင်းအဆင့် သို့မဟုတ် နိုင်ငံတွင်းအဆင့် အသုံးပြုသူများအစည်းအဝေးများကိုကျင်းပနိုင်မှာဖြစ်သလို features များအတွက် အထောက်အပံ့ကိစ္စများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ လက်ရှိ အသုံးပြုသူအုပ်စုများ (user groups) ၏စာရင်းကို https://qgis.org/en/site/forusers/usergroups.html တွင်ကြည့်ရှုနိုင်ပါသည်။
မည်သည့် mailing lists အုပ်စုကိုမဆို စာရင်းပေးသွင်းရန်ဖိတ်ခေါ်ပါသည်။ သို့သော် အုပ်စုများတွင် မေးခွန်းများကိုဖြေကြားပေးခြင်းနှင့် အတွေ့အကြုံများကိုမျှဝေပေးခြင်းဖြင့် ကူညီအားဖြည့်ပေးရန်လိုအပ်မည်ဖြစ်ပါသည်။
33.2. Matrix / IRC
Matrix (https://matrix.org) သည် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော chat ပရောဂျက်တစ်ခုဖြစ်ပြီး QGIS တွင် libera.chat #qgis IRC channel နှင့်ပေါင်းကူးချိတ်ဆက်ထားသည့် #qgis:osgeo.org alias မှ ဖြင့်ဝင်ရောက်အသုံးပြုနိုင်မည့် room တစ်ခုရှိပါသည်။
Matrix ကိုအသုံးပြုရန်-
Account တစ်ခုဖန်တီးရပါမည်။ (matrix.org တွင် ဖန်တီးခြင်းသည် အလွယ်ကူဆုံးဖြစ်ပါသည်။ သို့သော် OSGeo account တစ်ခုရှိလျှင်တော့ ထို OSGeo id ကို matrix id အဖြစ်အသုံးပြုနိုင်ပါသည်။)
Client တစ်ခုကို ထည့်သွင်း (Install) ပါ (Elements သည်အလွယ်ကူဆုံးဖြစ်သော်လည်း Matrix clients တွင် အသေးစိတ်အချက်များကိုဝင်ကြည့်ပါ)။ သို့မဟုတ် https://matrix.to/#/#qgis:osgeo.org တွင်ဝင်ကြည့်ပါ။
IRC ကိုအသုံးပြုရန်-
IRC client ကို Install လုပ်ပါ။
irc://irc.libera.chat/#qgis နှင့်ချိတ်ဆက်ပါ သို့မဟုတ် https://web.libera.chat/?channels=#qgis တွင်ဝင်ကြည့်ပါ။
33.3. အခပေးဖြင့်ရယူနိုင်သော အကူအညီ (Commercial support)
QGIS အတွက် စီးပွားရေးဆိုင်ရာအထောက်အပံ့ပေးနိုင်ပါသည်။ https://qgis.org/en/site/forusers/commercial_support.html တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
33.4. ချို့ယွင်းမှုမှတ်တမ်း (BugTracker)
qgis-users mailing list ကတော့ ယေဘုယျမေးခွန်းဖြစ်တဲ့ ‘XYZ ကို QGIS တွင် မည်သို့လုပ်ရမလဲ?’ ဆိုသည့်မေးခွန်းတွေအတွက် အဖြေရှာပေးနိုင်ပါသည်။ QGIS ရဲ့ချို့ယွင်းချက်များကို အကြောင်းကြားပေးချင်သည်ဆိုလျှင် QGIS bug tracker မှတစ်ဆင့် အကြောင်းကြားပေးနိုင်ပါသည်။
သတိပြုရမည့်အချက်မှာ မိမိတင်ပြသော ချို့ယွင်းချက်ကို အမြဲတမ်း ဦးစားပေးအနေနှင့်ပြင်ဆင်ပေးနိုင်မည်မဟုတ်ပါ။ (ချို့ယွင်းချက် မည်မျှ ပြင်းထန်ဆိုးဝါးသည်ဆိုသည့်အပေါ်တွင် မူတည်နေမည်ဖြစ်ပါသည်) အချို့ ချို့ယွင်းချက်များသည်ပြုပြင်ရန်အတွက် developer များ၏ အားထုတ်ကြိုးပမ်းရမှု များစွာလိုအပ်မည်ဖြစ်ပြီး ထို့အတွက် လူအင်အားလည်း အမြဲအဆင်မပြေနိုင်မည်မဟုတ်ပါ။
ချို့ယွင်းချက်များကိုတင်ပြသည့်အတိုင်း မိမိလိုချင်သော အသွင်အပြင်များ (Features) ကိုလည်းတောင်းဆိုနိုင်ပါသည်။ Feature request
ဆိုသည့် အမျိုးအစားကိုတော့ သေချာရွေးချယ်ပေးရန်လိုအပ်ပါသည်။
ချို့ယွင်းချက်တစ်ခုကိုတွေ့ပြီး မိမိဘာသာပြင်ဆင်လိုက်နိုင်ပြီဆိုလျှင် Github QGIS Project တွင် Pull Request တစ်ခုကိုတင်သွင်းနိုင်ပါသည်။
အသေးစိတ်သိရှိနိုင်ရန်အတွက် Bugs, Features and Issues နှင့် submit_patch တို့တွင်ဖတ်ရှုနိုင်ပါသည်။
33.5. ဘလော့ဂ် (Blog)
QGIS community သည် https://plugins.qgis.org/planet/ တွင် weblog တစ်ခုကိုလွှင့်တင်ထားပြီး ထို blog တွင် အသုံးပြုသူများနဲ့ deveoper များအတွက် စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာခေါင်းစဉ်တွေ ပါဝင်ပါသည်။ အခြား QGIS blog များစွာလည်းရှိသေးသလို မိမိကိုယ်ပိုင် QGIS blog နဲ့အတူ ကူညီအားဖြည့်ပေးဖို့လည်းဖိတ်ခေါ်ပါသည်။
33.6. Plugin များ
https://plugins.qgis.org သည် QGIS ရဲ့တရားဝင် plugin များကိုရရှိနိုင်သည့် web portal ဖြစ်ပါသည်။ ထိုတွင် ‘Official QGIS Plugin Repository’ ကနေတစ်ဆင့် stable (တည်မြဲသော) နှင့် experimental (စမ်းသပ်) QGIS plugin အားလုံးကို ရရှိနိုင်မည်ဖြစ်ပါသည်။
33.7. Wiki
နောက်ဆုံးအနေဖြင့် https://github.com/qgis/QGIS/wiki တွင် WIKI web တစ်ခုလွှင့်တင်ထားပါသည်။ အဲဒီကနေ QGIS ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု၊ ထုတ်ဝေခြင်းနှင့်ပတ်သက်သည့် အစီအစဉ်များ၊ QGIS ကို download လုပ်နိုင်မည့်ဝက်ဘ်ဆိုဒ်များရဲ့ link များ၊ အဓိပ္ပာယ် ဘာသာပြန်နည်း သဲလွန်စများနှင့် အခြားအကြောင်းအရာများကို တွေ့ရှိရမည်ဖြစ်ပါသည်။ ကြည့်ရှုလေ့လာကြည့်ပါ။ ထိုအထဲတွင် အချို့သော ကောင်းသည့်အရာများ ပါရှိပါသည်။