7. QGIS ၏အစိတ်အပိုင်းများ (QGIS GUI)
QGIS graphical user interface (QGIS အသုံးပြုသူမှ မြင်ရသည့်မျက်နှာပြင် - GUI) ကို ပုံတွင်ဖော်ပြထားသည့်အတိုင်း တွေ့ရမည်ဖြစ်ပြီး အဝါရောင်စက်ဝိုင်းများနှင့် ဖော်ပြထားသော နံပါတ် ၁ မှ ၅ သည် QGIS GUI ၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်ပါသည်။ ၎င်းတို့ကို အောက်တွင် ဆက်လက်ဆွေးနွေးသွားပါမည်။

Fig. 7.1 Alaska sample data ကိုအသုံးပြုထားသည့် QGIS GUI
Note
ကွန်ပျူတာတွင် တွေ့မြင်ရသည့်မျက်နှာပြင်အပြင်အဆင် (ခေါင်းစဉ် bar၊ အစရှိသည်) သည် ကွန်ပျူတာလုပ်ဆောင်သည့်စနစ် (operating system) နှင့် window manager ပေါ်မူတည်၍ အမျိုးမျိုးကွဲပြားနိုင်ပါသည်။
အဓိက QGIS GUI (Fig. 7.1) တွင် အပိုင်း (၅)ပိုင်း ပါဝင်ပါသည်။ ၎င်းတို့မှာ-
ဖော်ပြပါ အကြောင်းအရာများ၏ အသေးစိတ်ရှင်းလင်းချက်များအတွက် အောက်တွင်ဆက်ကြည့်ပါ။
7.2. Panel များ Toolbar များ
QGIS widget များဖြစ်သော ( )မှ အဖွင့်/အပိတ် ပြုလုပ်နိုင်ပါသည်။ ၎င်းတို့ကို အဖွင့်/အပိတ် ပြုလုပ်လိုလျှင် menu bar သို့မဟုတ် toolbar ကို right-click နှိပ်ပြီး မိမိအလိုရှိသော item ကိုရွေးချယ်၍ ပြုလုပ်နိုင်ပါသည်။ Panel နှင့် toolbar များကို QGIS interface တွင် မိမိထားချင်သည့်နေရာသို့ ရွှေ့ခြင်း၊ နေရာချခြင်းများ ပြုလုပ်နိုင်ပါသည်။ စာရင်းများကို Core or external plugins (ပင်မ plugin သို့မဟုတ် ပြင်ပမှထည့်သွင်းသည့် plugin)ကို ဖွင့်၍ ထပ်မံထည့်သွင်းနိုင်ပါသည်။
7.2.1. Toolbar များ
Toolbar သည် menu ထဲရှိ လုပ်ဆောင်ချက် (function) အများစုကို ဝင်ရောက်အသုံးပြုနိုင်ခြင်းအပြင် မြေပုံနှင့်သက်ဆိုင်သည့် အခြား tool များကိုလည်း ပံ့ပိုးပေးထားပါသည်။ Toolbar ထဲရှိ item တစ်ခုချင်းစီတွင် လိုအပ်သည့် အကူအညီများကိုရရှိနိုင်သော pop-up များ ပါဝင်ပါသည်။ Item ပေါ်တွင် mouse ကို တင်လိုက်လျှင် tool ၏ အသုံးပြုပုံအကျဉ်းချုပ်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။
ရရှိနိုင်သည့် toolbar များမှာ-
Note
Third-party plugin (ပြင်ပမှထည့်သွင်းသည့် plugin) များသည် ပုံသေ tool များတွင် ၎င်းတို့၏ tool များပေါင်းထည့်စေခြင်းအပြင် ၎င်းတို့၏ ကိုယ်ပိုင် toolbar ကိုလည်း ပံ့ပိုးပေးပါသည်။
Tip
Toolbar များကို ပြန်လည်ရယူခြင်း
အကယ်၍ toolbar တစ်ခုကို မတော်တဆဖယ်ရှားမိပါက ) ကိုအသုံးပြု၍ ပြန်လည်ရယူနိုင်ပါသည်။ အချို့သော အကြောင်းအရာများကြောင့် QGIS မျက်နှာပြင်မှ toolbar တစ်ခု (သို့မဟုတ် အခြားသော widget) လုံးဝပျောက်ကွယ်သွားမည်ဆိုလျှင် restoring initial GUI တွင် ပြန်လည်ရရှိနိုင်မည့် အချက်အလက်များကို ရှာဖွေရမည်ဖြစ်ပါသည်။
7.2.2. Panel များ
QGIS တွင် Panel များစွာပါရှိပြီး ၎င်း Panel များသည် ရွေးချယ်စရာများကို ရွေးချယ်ခြင်း၊ လေးထောင့်ကွက်(box)များကို အမှန်ခြစ်ပြုလုပ်ခြင်း၊ တန်ဖိုးများကိုထည့်သွင်းခြင်း..စသည့် ပိုမိုရှုပ်ထွေးသည့်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်သည့် သီးသန့် widget များဖြစ်ပါသည်။
QGIS တွင် ပုံသေအားဖြင့်တွေ့နိုင်သည့် panel များကို အောက်တွင် ဖော်ပြထားပါသည်-
7.3. အခြေအနေပြဘား (Status Bar)
Status bar တွင် မြေပုံမြင်ကွင်း၊ ဆောင်ရွက်ပြီးစီးသည့် သို့မဟုတ် ရရှိနိုင်သည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် ယေဘုယျအချက်အလက်များကို ဖော်ပြပေးပြီး မြေပုံမြင်ကွင်းကို ကိုင်တွယ်စီမံနိုင်သည့် tool များကိုလည်း တွေ့ရှိနိုင်သည်။
7.3.1. အမြန်ရှာဘား (Locator bar)
Status bar ၏ ဘယ်ဘက်ရှိ တည်နေရာပြ bar သည် QGIS တွင် လုပ်ဆောင်နိုင်သော feature နှင့် ရွေးချယ်စရာများကို အလွယ်တကူရှာဖွေနိုင်သည့် widget တစ်ခုဖြစ်ပါသည်။
တည်နေရာပြ bar တွင် ရှာဖွေမူကို ဖွင့်ရန် text widget (စာသားရိုက်ရမည့် widget) ကို နှိပ်ပါ။ သို့မဟုတ် Ctrl+K ကို နှိပ်၍ဖွင့်ပါ။
မိမိရှာဖွေလိုသော item နှင့်ပတ်သက်သည့် စာသား (အမည်၊ တွဲလုံး၊ အဓိကစကားလုံး စသည်) တို့ကို ရိုက်ထည့်ပါ။ ပုံသေအနေဖြင့် locator filter (တည်နေရာစစ်ထုတ်ခြင်း) များအတွက် အဖြေရရှိနိုင်သော်လည်း locator filters ၏ prefix (ရှေ့ဆက်စကားလုံး) ဖြင့် ရှာဖွေလိုသည့်အကြောင်းအရာကို ကန့်သတ်ထားနိုင်ပါသည်။ ဆိုလိုသည်မှာ
l cad
ဟု ရိုက်ထည့်ပါက နာမည်တွင်cad
ပါဝင်သည့် Layer များကိုသာ ထုတ်ပေးမည်ဖြစ်ပါသည်။Locator widget ရှိ menu ကို နှစ်ချက်နှိပ်၍ အသုံးပြုမည့် filter ကို ရွေးချယ်နိုင်ပါသည်။
Item အမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ရလာဒ် (result) ပေါ်တွင် နှိပ်ပါ။
Tip
လက်ရှိအသုံးပြုနေသော Layer ၏ သီးသန့် field များကို ရှာဖွေမှုကို ကန့်သတ်ခြင်း
ပုံမှန်အားဖြင့် “active layer features” (လက်ရှိအသုံးပြုလျက်ရှိသော Layer ၏ အရာဝတ္ထုများ) filter (f
) ဖြင့် ရှာဖွေမှုသည် Layer ၏ attribute table (အချက်အလက်ဇယား) တစ်ခုလုံးကို ဖော်ပြစေပြီး သီးသန့် field တစ်ခုချင်းစီကို ရှာဖွေရန် @
prefix ကို အသုံးပြု၍ ကန့်သတ်ထားနိုင်ပါသည်။ ဥပမာ- f @name sal
သို့မဟုတ် @name sal
ဟုရိုက်၍ ရှာဖွေပါက “name” attribute တွင် ‘sal’ ပါဝင်သည့် feature များကိုသာ ရရှိစေမည်ဖြစ်ပါသည်။ Tab key ကို အသုံးပြု၍ အလိုအလျောက် စာသားပြည့်စုံအောင် ပြုလုပ်နိုင်ပါသည်။
Query လုပ်ထားသော field များကို ပိုမိုအဆင့်မြင့်စွာ ထိန်းချုပ်ရန် Layer ၏ Fields tab တွင် တွေ့ရှိနိုင်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုသည်များအတွက် Field များ၏ဂုဏ်သတ္တိများ (Fields Properties) တွင် ဖတ်ရှုနိုင်ပါသည်။
Item များကို မြန်ဆန်စွာ ရှာဖွေရန် thread များကို အသုံးပြုနိုင်ပြီး နှေးကွေးသော search filter ကိုသုံး၍ရှာဖွေသည့်အချိန်တွင်လည်း ပိုမိုမြန်ဆန်စေရန် အသုံးပြုနိုင်ပါသည်။ ၎င်းတို့သည် Filter တစ်ခုကို အသုံးပြုလိုက်သည်နှင့်ပေါ်လာမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဖိုင်တွဲတစ်ခုကို scan ဖတ်လိုက်လျှင် ရလာဒ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလိမ့်မည်။ အွန်လိုင်းကို အသုံးပြု၍ ရှာဖွေသည့် အလွန်နှေးကွေးသော search filter များရှိနေလျှင်ပင် UI (user interface) ကို အမြဲတမ်းတုံ့ပြန်မှုရှိစေပါသည်။
Note
Nominatim locator tool (nominatim တည်နေရာပြ tool) သည် OpenStreetMap Nominatim usage policy (OpenStreetMap Nominatim ၏ အသုံးပြုမှုမူဝါဒ)နှင့်အညီ ကွဲပြားစွာ လုပ်ဆောင်ပေးပါသည်။ (အလိုအလျောက်ပြီးမြောက်စေသော ရှာဖွေခြင်း၊ ထွက်ပေါ်လာမည့် ရလာဒ်များရယူရန် ကြန့်ကြာစေခြင်း..စသည်)
7.3.2. လုပ်ဆောင်ချက်များကိုအစီရင်ခံခြင်း (Reporting actions)
Locator bar ဘေးရှိနေရာတွင် ဆောင်ရွက်ပြီးသော လုပ်ဆောင်ချက်များ (Layer တစ်ခုတွင် feature တစ်ခုကို ရွေးချယ်ခြင်း၊ Layer ကိုဖယ်ရှားခြင်း၊ Pan အကွာအဝေးနှင့်လားရာ စသည်) ၏အကျဉ်းချုပ်ကို လိုအပ်လျှင် ကြည့်ရှုနိုင်ပြီး tool များပေါ်တွင် mouse တင်လိုက်ပါက ၎င်းတို့၏ ရှင်းလင်းချက်ကိုလည်း တွေ့ရမည်ဖြစ်သည်။ (သို့သော် tool များအားလုံးတွင် ရရှိနိုင်မည်မဟုတ်ပေ။)
Raster layer များမှ စာရင်းအင်းအချက်အလက်များကို စုဆောင်းခြင်း၊ Processing algorithms ကို ဆောင်ရွက်ခြင်း သို့မဟုတ် မြေပုံမြင်ကွင်းတွင် Layer များစွာကို rendering (ပုံဖော်ပြသခြင်း) ပြုလုပ်ခြင်း ကဲ့သို့သော ကြာရှည်စွာလုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် လုပ်ဆောင်နေကြောင်းပြသသည့် progress bar ကို status bar တွင် ပြသမည်ဖြစ်ပါသည်။
7.3.3. မြေပုံမြင်ကွင်းကိုထိန်းချုပ်ခြင်း (Control the map canvas)
Coordinate option သည် မြေပုံမြင်ကွင်းတစ်လျှောက် mouse ရောက်ရှိသည့်နေရာကို ပြသပြီး tab ထဲတွင် ယူနစ်များ (နှင့် တိကျမှု) ကို သတ်မှတ်နိုင်သည်။ Textbox ၏ဘယ်ဘက်ရှိ ခလုတ်ငယ်ကို နှိပ်၍ coordinate option (ကိုဩဒိနိတ်ရွေးချယ်မှု) နှင့်
Extents option (မြေပုံ၏နယ်ပယ်အကျယ်အဝန်း) တို့အကြား တစ်လှည့်စီအဖွင့်အပိတ်ပြုလုပ်နိုင်သည်။
Extents option သည် လက်ရှိမြေပုံမြင်ကွင်း၏ ဘယ်ဘက်အောက်ခြေနှင့် ညာဘက်ထိပ်၏ ကိုဩဒိနိတ်များကို မြေပုံယူနစ်ဖြင့် ဖော်ပြပေးပါသည်။
ကိုဩဒိနိတ် ပြသမှုဘေးတွင် မြေပုံမြင်ကွင်း၏ Scale (စကေး) ပြသမှုကို တွေ့ရမည် ဖြစ်သည်။ ၎င်းအပြင် predefined and custom scales (ကြိုတင်သတ်မှတ်ထားသည့်မြေပုံစကေးနှင့် စိတ်ကြိုက်သတ်မှတ်ထားသည့်မြေပုံစကေး) နှစ်ခုအကြား စကေးရွေးချယ်နိုင်သည့်အရာတစ်ခုရှိပါသည်။
စကေးပြသမှု၏ ညာဘက်ဘေးတွင် စကေးကိုပိတ်၍ မြေပုံကို ချုံ့ /ချဲ့ကြည့်နိုင်ရန် ခလုတ်ကိုနှိပ်ပါ။ Magnifier (မှန်ဘီလူး) သည် မြေပုံစကေးကို မပြောင်းလဲစေဘဲ မြေပုံကို ချဲ့ကြည့်နိုင်ပြီး သင်္ကေတနှင့် အညွှန်းများကို ပြောင်းလဲရာတွင် လွယ်ကူစေရန် ကူညီပေးသည်။ Magnifier သည် ချဲ့ကြည့်နိုင်သည့်အဆင့်ကို ရာခိုင်နှုန်းဖြင့်ဖော်ပြပြီး အကယ်၍ Magnifier သည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပါက လက်ရှိမြေပုံကို ချဲ့ကြည့်တော့မည်မဟုတ်ပါ။ ဆိုလိုသည်မှာ လက်ရှိမြေပုံကို monitor (ကွန်ပျူတာဖန်သားပြင်) ၏ resolution (ကြည်လင်ပြတ်သားမှု) (DPI) နှင့်သက်ဆိုင်သည့် စကေးအတိအကျ၌ ပုံဖော်ပြသနေခြင်းဖြစ်သည်။ ချဲ့ကြည့်နိုင်သည့်တန်ဖိုးကို ပုံသေသတ်မှတ်လိုပါက တွင် ဆောင်ရွက်နိုင်ပြီး ၎င်းသည် ကြည်လင်ပြတ်သားမှုမြင့်သည့် screen များတွင် သေးငယ်သောသင်္ကေတများကို ကြီးမားအောင်ပြောင်းလဲရာတွင် အလွန်အသုံးဝင်ပါသည်။ ထို့အပြင် ထဲရှိ setting တစ်ခုသည် QGIS တွင် monitor ၏ Physical DPI သို့မဟုတ် system ၏ Logical DPI အသုံးပြုခြင်းကို ထိန်းချုပ်ပေးပါသည်။
Magnifier tool ၏ ညာဘက်တွင် မြေပုံမြင်ကွင်းကို နာရီလက်တံအတိုင်းလှည့်မည့် လှည့်ထောင့်ကို ဒီဂရီဖြင့် သတ်မှတ်ပေးနိုင်ပါသည်။
Status bar ၏ ညာဘက်ရှိ Render သည် မြေပုံမြင်ကွင်း rendering ပြုလုပ်ခြင်းကို ယာယီရပ်တန့်ထားလိုသောအခါ အသုံးပြုနိုင်သည်။ (အသေးစိတ်ကို မြေပုံ ပုံဖော်ခြင်းကို ထိန်းချုပ်ကိုင်တွယ်ခြင်း (Controlling map rendering) အပိုင်းတွင် ကြည့်ရှုနိုင်ပါသည်။)
Render function ၏ ညာဘက်တွင် လက်ရှိအသုံးပြုနေသော project ၏ CRS (ကိုဩဒိနိတ်ရည်ညွှန်းစနစ်) ကိုပြသနေသော
EPSG:code ခလုတ်ကို တွေ့နိုင်ပါသည်။ ၎င်းကို နှိပ်လိုက်လျှင် Project Properties dialog ပွင့်လာပြီး မြေပုံမြင်ကွင်းကို reproject (အရိပ်ချစနစ်ပြောင်းလဲခြင်း) လုပ်ခြင်း သို့မဟုတ် project property (ပရောဂျက်၏ဂုဏ်သတ္တိများ) တစ်ခုခုကို ချိန်ညှိခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။
Tip
မြေပုံမြင်ကွင်း၏ မှန်ကန်သော စကေးကို တွက်ယူခြင်း
QGIS ကိုစတင်အသုံးပြုသောအခါ CRS သည် ပုံသေအားဖြင့် WGS 84 (EPSG 4326)
ဖြစ်ပြီး ယူနစ်မှာ ဒီဂရီ ဖြစ်ပါသည်။ ဆိုလိုသည်မှာ QGIS သည် အသုံးပြုလိုက်သော Layer ရှိ မည်သည့်ကိုဩဒိနိတ်ကိုမဆို ဒီဂရီအဖြစ်ဖော်ပြသွားမည်ဖြစ်သည်။ မှန်ကန်သောစကေးတန်ဖိုးရရှိရန် အောက်ရှိ General tab တွင်ရှိသော setting (ဥပမာ- မီတာသို့) ကိုပြောင်းလဲ၍သော်လည်းကောင်း အထက်တွင်ဖော်ပြခဲ့သော EPSG:code icon ကိုအသုံးပြု၍သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။ ဒုတိယနည်းလမ်းကို အသုံးပြုပါက project ၏ projection တွင်သတ်မှတ်ထားသည့် ယူနစ်များအတိုင်း သတ်မှတ်မည်ဖြစ်ပါသည်။ (ဥပမာ -
+units=us-ft
)
စတင်အသုံးပြုသည့်အချိန် CRS ရွေးချယ်ခြင်းကို
ထဲတွင် သတ်မှတ်နိုင်ပါသည်။7.3.4. စာတိုပြသခြင်း (Messaging)
CRS icon ဘေးတွင်ရှိသော Messages ခလုတ်သည် ဆောင်ရွက်ဆဲ လုပ်ငန်းဆောင်တာ (QGIS startup ၊ plugins loading ၊ processing tools…စသော) များနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြသည့် Log Messages Panel ကိုပွင့်လာစေပါသည်။