14.6. သင်ခန်းစာ - Atlas Tool ဖြင့် အသေးစိတ်ကျသော မြေပုံများဖန်တီးခြင်း (Lesson: Creating Detailed Maps with the Atlas Tool)

Systematic sampling design သည် အဆင့်သင့်ဖြစ်နေပြီး ကွင်းဆင်းအဖွဲ့များသည် GPS ကိုဩဒိနိတ်များကို GPS များထဲသို့ ထည့်သွင်းပြီးဖြစ်ပါသည်။ နမူနာကွက်တိုင်းတွင် တိုင်းတာထားသော အချက်အလက်များကို စုစည်းရန် field data form တစ်ခုလည်း ရှိပါမည်။ နမူနာကွက်တိုင်းကို လွယ်ကူစွာရှာဖွေနိုင်ရန် ကွင်းဆင်းအဖွဲ့များသည် အသေးစိတ်မြေပုံများကို တောင်းဆိုထားပါသည်၊ ထိုအသေးစိတ်မြေပုံများတွင် နမူနာကွက်များနှင့်အတူ မြေပြင်အချက်အလက်အချို့ကို ရှင်းလင်းစွာမြင်ရနိုင်ပြီး မြေပုံဧရိယာအကြောင်း အချက်အလက်အချို့ကိုလည်း မြင်ရနိုင်ပါသည်။ Atlas tool ကိုအသုံးပြု၍ မြေပုံများကို အသုံးများသော format တစ်ခုဖြင့် အလိုအလျောက်ထုတ်လုပ်ပေးနိုင်ပါသည်။

ဤသင်ခန်းစာအတွက် ရည်မှန်းချက်- ကွင်း inventory လုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် အသေးစိတ်ကျသောမြေပုံများကို ထုတ်လုပ်ရန် QGIS ထဲရှိ Atlas tool အသုံးပြုနည်းကို လေ့လာရန်။

14.6.2. ★☆☆ လိုက်လုပ်ကြည့်ပါ - နောက်ခံမြေပုံထည့်သွင်းခြင်း (Follow Along: Adding Background Map)

Layout ကို ဖွင့်လျက်ထားထားပြီး မြေပုံဆီသို့ ပြန်သွားပါ။ နောက်ခံ data အချို့ထည့်သွင်းပြီး မြေပုံအကြောင်းအရာ ရှင်းလင်းနိုင်သမျှ ရှင်းလင်းစေနိုင်အောင် style ဖန်တီးပေးကြည့်ပါမည်။

  1. exercise_data\forestry\ folder ထဲရှိ basic_map.tif နောက်ခံ raster ဖိုင်ကို ထည့်သွင်းပါ။

  2. Raster အတွက် CRS မေးမြန်းပါက ETRS89 / ETRS-TM35FIN CRS ကိုရွေးချယ်ပါ။

    နောက်ခံမြေပုံသည် style ထည့်သွင်းပြီးသားဖြစ်ပါသည်။ ထိုသို့သော အသင့်သုံးနိုင်သည့် raster အမျိုးအစားသည် အလွန်အတွေ့များပါသည်။ ၎င်းကို vector data မှဖန်တီးထားပြီး စံ format တစ်ခုဖြင့် style ပြင်ဆင်ထားကာ raster တစ်ခုအနေဖြင့် သိမ်းဆည်းထားသောကြောင့် vector layer များစွာကို style ပြင်ဆင်ရန် စိတ်ပူစရာမလိုအပ်တော့ပါ။

  3. နမူနာကွက်များလိုင်း ၄ လိုင်း သို့မဟုတ် ၅ လိုင်းခန့်သာ မြင်ရနိုင်အောင် zoom ဆွဲကြည့်ပါ။

နမူနာကွက်များ၏လက်ရှိ style သည် အကောင်းဆုံးပုံစံမဟုတ်သေးပါ-

../../../_images/plots_zoom1-2.png

နောက်ဆုံးလုပ်ခဲ့သော လေ့ကျင့်ခန်းတွင် အဖြူရောင် buffer ဖြင့် label များကို ကောင်းကင်ဓာတ်ပုံ၏အပေါ်တွင် မြင်ရနိုင်ပါသည်၊ ယခုအခါ နောက်ခံဓာတ်ပုံသည် အဖြူရောင်နီးနီးဖြစ်နေသည့်အတွက် label များကို ကြည့်ရခက်ခဲနေပါသည်။ သို့သော် print layout ထဲတွင် မည်သည့်ပုံစံပေါ်နေမလဲ စစ်ကြည့်ပါမည်-

  1. Print layout window သို့သွားပါ။

  2. Layout ထဲရှိ မြေပုံ element ကို select လုပ်ရန် select Select/Move item ခလုတ်ကိုအသုံးပြုပါ။

  3. Item properties tab သို့သွားပါ။

  4. setToCanvasExtent Set map extent to match main canvas extent ကိုနှိပ်ပါ။

  5. Element ကို refresh လုပ်ရန် လိုအပ်ပါက refresh Update map preview ကိုနှိပ်ပါ။

နမူနာကွက်များကို မြေပြင်ကွင်းဆင်းအဖွဲ့များမှ ရှင်းရှင်းလင်းလင်းမြင်ရနိုင်စေရန် ပြုလုပ်လိုခြင်းဖြစ်သည်။

14.6.3. ★☆☆ မိမိကိုယ်တိုင်ကြိုးစားကြည့်ပါ - Layer များ၏ သင်္ကေတပြောင်းလဲခြင်း (Try Yourself: Changing the Symbology of the Layers)

မော်ဂျူး- အခြေခံမြေပုံတစ်ခု ဖန်တီးခြင်းနှင့် စူးစမ်းလေ့လာခြင်း (Module: Creating and Exploring a Basic Map) နှင့် မော်ဂျူး- Vector data များအား အတန်းအစားခွဲခြားခြင်း (Module: Classifying Vector Data) ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ရရှိနိုင်သော option များနှင့် tool များအကြောင်း refresh ပြုလုပ်ရန်လိုအပ်ပါက ထို မော်ဂျူးများတွင် ပြန်ကြည့်ပါ။ သင့်ရည်ရွယ်ချက်သည် နမူနာကွက်တည်နေရာများနှင့်အမည်များကို တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း မြင်ရနိုင်စေရန်ဖြစ်ပြီး နောက်ခံမြေပုံ element များကိုလည်း အမြဲတမ်းမြင်ရနိုင်စေရန်ဖြစ်သည်။ အောက်ပါပုံမှ အကိုးအကားပြုနိုင်ပါသည်-

../../../_images/plots_zoom2_symbology.png

forest_stands_2012 layer ၏ အစိမ်းရောင် style ကို နောက်ပိုင်းတွင် အသုံးပြုပါမည်။ ၎င်းကို ဒီအတိုင်းထားရှိပြီး Stand နယ်နိမိတ်များကိုသာ ပြသနိုင်စေရန်-

  1. forest_stands_2012 တွင် right-click နှိပ်ပြီး Duplicate ကိုရွေးချယ်ပါ။

  2. forest_stands_2012 copy အမည်ရှိသော layer အသစ်တစ်ခုကို ရရှိမည်ဖြစ်ပြီး အခြား style တစ်ခုသတ်မှတ်ပေးနိုင်ပါသည်၊ ဥပမာ- အဖြည့်အရောင်မပါပဲ အနီရောင် border များဖြင့်။

    Style မတူညီသော forest stand layer နှစ်ခုရရှိပြီဖြစ်ပြီး သင်၏အသေးစိတ်မြေပုံအတွက် မည်သည့်တစ်ခုကို ပြသမည်ကို ဆုံးဖြတ်နိုင်ပါသည်။

  3. Print layout window သို့ပြန်သွားပြီး မြေပုံသည် မည်သည့်ပုံစံဖြစ်နေသည်ကို ကြည့်ပါ။ အသေးစိတ်မြေပုံများဖန်တီးခြင်းအတွက် သစ်တောဧရိယာတစ်ခုလုံး၏စကေး၌ မဟုတ်ပဲ အနီးကပ်စကေးတွင် ကြည့်ကောင်းသော သင်္ကေတကို ရှာဖွေလိုခြင်းဖြစ်ပါသည်။ မြေပုံထဲတွင် သို့မဟုတ် layout ထဲတွင် zoom ချဲ့သည့်အချိန်တိုင်း refresh Update map preview နှင့် setToCanvasExtent Set map extent to match main canvas extent ကိုသုံးရန် မမေ့ပါနှင့်။

    ../../../_images/composer_2-3.png

14.6.4. ★☆☆ မိမိကိုယ်တိုင်ကြိုးစားကြည့်ပါ - အခြေခံမြေပုံ Template တစ်ခုဖန်တီးခြင်း (Try Yourself: Create a Basic Map Template)

  1. ကြိုက်နှစ်သက်သော သင်္ကေတ ရရှိပြီးပါက print ထုတ်မည့်မြေပုံထဲသို့ အခြားအချက်အလက်များ ထပ်ထည့်နိုင်ပြီဖြစ်ပါသည်။ အနည်းဆုံး အောက်ပါ element များကိုထည့်သွင်းပါ-

    • ခေါင်းစဉ်

    • စကေးဘား

    • မြေပုံအတွက် Grid ဘောင်

    • Grid ၏ဘေးဘက်များပေါ်ရှိ ကိုဩဒိနိတ်များ

  2. မော်ဂျူး- မြေပုံများကို အချောသပ်ပြင်ဆင်ခြင်း (Module: Laying out the Maps) ထဲတွင် အလားတူ layout တစ်ခုကို ဖန်တီးခဲ့ပြီးဖြစ်ပါသည်။ လိုအပ်ပါက ထိုမော်ဂျူးကို ပြန်ကြည့်ပါ။ အောက်ပါ ဥပမာပုံကို အကိုးအကားအဖြစ် ကြည့်ရှုနိုင်ပါသည်-

    ../../../_images/map_template1.png
  3. မြေပုံကို image အနေဖြင့် export ထုတ်ပြီး ကြည့်ရှုပါ။

    1. Layout ► Export as Image…

    2. JPG format ကိုအသုံးပြုပါ

၎င်းသည် Print ထုတ်သည့်အခါ ပေါ်မည့်ပုံစံဖြစ်ပါသည်။

14.6.6. ★☆☆ လိုက်လုပ်ကြည့်ပါ - Atlas Coverage တစ်ခုဖန်တီးခြင်း (Follow Along: Creating an Atlas Coverage)

Atlas coverage သည် vector layer တစ်ခုသာဖြစ်ပြီး ၎င်းကို အသေးစိတ်မြေပုံများထုတ်လုပ်ရန် အသုံးပြုပါသည်၊ coverage ထဲရှိ feature တိုင်းအတွက် မြေပုံတစ်ပုံဖြစ်ပါသည်။ သစ်တောဧရိယာအတွက် အသေးစိတ်မြေပုံများ အပြည့်အစုံကို အောက်တွင်ဖော်ပြထားပါသည်-

../../../_images/preview_atlas_results.png

Coverage သည် ရှိနေပြီးသား layer တစ်ခုခုဖြစ်နိုင်ပါသည်၊ သို့သော် သီးခြားရည်ရွယ်ချက်အတွက် အသစ်တစ်ခုဖန်တီးလျှင် ပိုကောင်းပါသည်။ သစ်တောဧရိယာကို လွှမ်းခြုံသော polygon grid တစ်ခုကို ဖန်တီးကြည့်ပါမည်-

  1. QGIS map view ထဲတွင် menuselection:Vector –> Research Tools –> vectorGrid Create grid ကိုဖွင့်ပါ။

  2. အောက်ပါပုံတွင် ပြထားသည့်အတိုင်း tool ကို သတ်မှတ်ပါ-

    ../../../_images/coverage_polygons.png
  3. Output ကို atlas_coverage.shp အနေဖြင့် သိမ်းဆည်းပါ။

  4. atlas_coverage layer အသစ်တွင် polygon များအရောင်အဖြည့် မဖြစ်စေရန် style ပြင်ဆင်ပါ။

Polygon အသစ်များသည် သစ်တောဧရိယာတစ်ခုလုံးကို လွှမ်းခြုံနေပြီး မြေပုံတစ်ခုစီ (polygon တစ်ခုစီမှ ဖန်တီးထားသော) တွင် ပါဝင်သည်များကို သိရှိနိုင်ပါသည်။

../../../_images/atlas_coverage.png

14.6.7. ★☆☆ လိုက်လုပ်ကြည့်ပါ - Atlas Tool ကို Set up လုပ်ခြင်း (Follow Along: Setting Up the Atlas Tool)

နောက်ဆုံးအဆင့်မှာ Atlas tool ကို set up လုပ်ရန်ဖြစ်သည်-

  1. Print layout ကို ပြန်သွားပါ။

  2. ညာဘက် panel ထဲရှိ Atlas generation tab ကိုသွားပါ။

  3. အောက်ပါအတိုင်း option များကို သတ်မှတ်ပါ-

    ../../../_images/atlas_settings.png

    Atlas tool သည် atlas_coverage အတွင်းရှိ feature (polygon) များကို အသေးစိတ်မြေပုံတိုင်းအတွက် focus (ဆုံချက်) အနေဖြင့် အသုံးပြုမည်ဖြစ်ပါသည်။ Layer ထဲရှိ feature တိုင်းအတွက် မြေပုံတစ်ခုကို output ထုတ်ပေးပါလိမ့်မည်။ Hidden coverage layer ကိုရွေးထားခြင်းဖြင့် Atlas tool သည် output မြေပုံများထဲတွင် polygon များကို ပြသပေးမည်မဟုတ်ပါ။

လုပ်ဆောင်စရာတစ်ခုကျန်ရှိပါသေးသည်။ Output မြေပုံတိုင်းအတွက် update လုပ်ပေးရမည့် မြေပုံ element ကို Atlas tool အားပြောပြပေးရန် လိုအပ်ပါသည်။ Feature တိုင်းအတွက် ပြောင်းလဲပေးရမည့် မြေပုံသည် နမူနာကွက်များ၏အသေးစိတ်မြင်ကွင်းများပါဝင်သော canvas ထဲရှိ ပိုကြီးသော မြေပုံ element ဖြစ်ပါသည်-

  1. ပိုကြီးသော မြေပုံ element (Map 0) ကို select လုပ်ပါ။

  2. Item properties tab သို့သွားပါ။

  3. Controlled by atlas ကိုအမှန်ခြစ်ပါ။

  4. Marging around feature တွင် 10% ဟုသတ်မှတ်ပါ။ မြင်ကွင်း extent သည် polygon များထက် 10% ပိုကြီးနေပါလိမ့်မည်၊ ဆိုလိုသည်မှာ အသေးစိတ်မြေပုံများတွင် 10% overlap ရှိနေပါလိမ့်မည်။

    ../../../_images/controlled_by_atlas.png

Preview tool ကိုအသုံးပြုပြီး မြေပုံများ မည်သည့်ပုံစံဖြစ်နေမည်ကို အကြိုကြည့်ရှုနိုင်ပါသည်-

  1. atlas ခလုတ်ကိုအသုံးပြုပြီး Atlas preview များကို activate လုပ်ပါ သို့မဟုတ် Atlas toolbar ကိုမမြင်ရပါက Atlas ► Preview Atlas မှတဆင့် activate လုပ်ပါ။

  2. Atlas toolbar ထဲရှိ သို့မဟုတ် Atlas menu ထဲရှိ မြား များကို အသုံးပြုပြီး မြေပုံများကို ရွှေ့နိုင်ပါသည်။

အချို့မြေပုံများသည် မလိုချင်သောဧရိယာများကို လွှမ်းခြုံနေပါသည်။ ထို အသုံးမလိုသော မြေပုံများကို print မထုတ်စေရန် လုပ်ဆောင်ကြည့်ပါမည်။

14.6.8. ★☆☆ လိုက်လုပ်ကြည့်ပါ - Coverage Layer ကို တည်းဖြတ်ပြင်ဆင်ခြင်း (Follow Along: Editing the Coverage Layer)

မလိုချင်သောဧရိယာများအတွက် polygon များကိုဖယ်ရှားခြင်းအပြင် မြေပုံထဲရှိ label စာသားများကို coverage layer ၏ Attribute table မှအကြောင်းအရာများဖြင့် label တပ်နိုင်ရန် ပြင်ဆင်သတ်မှတ်ပေးနိုင်ပါသည်-

  1. Map view သို့ပြန်သွားပါ။

  2. atlas_coverage layer အတွက် editing ကိုဖွင့်ပါ။

  3. အောက်ပါပုံထဲတွင် အဝါရောင်ဖြင့် select လုပ်ထားသော Polygon များကို ရွေးချယ်ပါ၊

  4. Select လုပ်ထားသော polygon များကို ဖယ်ရှားပါ။

  5. Editing ကိုပိတ်ပြီး save လုပ်ပါ။

../../../_images/remove_polygons.png

Print layout သို့ပြန်သွားပြီး Atlas ၏ preview များသည် layer ထဲတွင် သင်ချန်ထားခဲ့သော polygon များကိုသာ အသုံးပြု/မပြု စစ်ဆေးပါ။

မြေပုံထဲတွင် label အကြောင်းအရာများကို ပြင်ဆင်သတ်မှတ်ရန်အတွက် သင်အသုံးပြုနေသော coverage layer တွင် အသုံးဝင်သောအချက်အလက်များမပါရှိသေးပါ။ ပထမအဆင့်အနေဖြင့် ၎င်းတို့ကို ဖန်တီးရမည်ဖြစ်သည်၊ ဥပမာအားဖြင့် polygon ဧရိယာများအတွက် zone code တစ်ခုနှင့် ကွင်းဆင်းအဖွဲ့များအတွက်အသုံးဝင်မည့် မှတ်ချက်ပါရှိသော field တစ်ခု တို့ကို ထည့်သွင်းပေးနိုင်ပါသည်-

  1. atlas_coverage layer အတွက် Attribute table ကိုဖွင့်ပါ။

  2. Editing ကိုဖွင့်ပါ။

  3. calculateField calculator ကိုအသုံးပြုပြီး အောက်ပါ field နှစ်ခုကို ဖန်တီးပါ။

  4. Zone ဟူသော အမည်ဖြင့် field တစ်ခုဖန်တီးပြီး အမျိုးအစားတွင် Whole number (integer) ကိုရွေးပါ။

  5. Expression box ထဲတွင် $rownum ဟုရေးပါ။

  6. Remarks ဟူသော နောက်ထပ် field တစ်ခုကို ဖန်တီးပြီး Text (string) အမျိုးအစားရွေးကာ width တွင် 255 ဟုသတ်မှတ်ပါ။

  7. Expression box ထဲတွင် 'No remarks.' ဟုရိုက်ထည့်ပါ။ ၎င်းသည် polygon များအားလုံးအတွက် default တန်ဖိုးအားလုံးကို သတ်မှတ်ပေးပါလိမ့်မည်။

Forest manager တွင် ဧရိယာနှင့်ပတ်သက်သောအချက်အလက်အချို့ ရှိမည်ဖြစ်ပြီး၊ ထိုအချက်အလက်များသည် ကွင်းဆင်းသောအခါ အသုံးဝင်နိုင်ပါမည်။ ဥပမာ- တံတားရှိနေမှု၊ စိမ့်စမ်းရှိနေမှု သို့မဟုတ် ထိန်းသိမ်းကာကွယ်ထားသောမျိုးစိတ်များ၏ တည်နေရာများ။ atlas_coverage layer ကို edit mode တွင်ထားရှိပြီး အောက်ပါစာသားများကို သက်ဆိုင်ရာ polygon များ၏ Remarks field ထဲတွင် ထည့်သွင်းပါ (edit လုပ်ရန် cell ကို click နှစ်ချက်နှိပ်ပါ)-

  • Zone 2 အတွက် - Bridge to the North of plot 19. Siberian squirrel between p_13 and p_14.

  • Zone 6 အတွက် - Difficult to transit in swamp to the North of the lake.

  • Zone 7 အတွက် - Siberian squirrel to the South East of p_94.

  • Editing ကိုပိတ်ပြီး save လုပ်ပါ။

atlas_coverage layer ၏ attribute table မှ အချက်အလက်များကို စာသား label အဖြစ်အသုံးပြုလိုကြောင်း Atlas tool ကိုပြောပြပေးရပါမည်။

  1. Print Layout ကိုပြန်သွားပါ။

  2. Detailed map... ပါဝင်သော စာသား label ကို select လုပ်ပါ။

  3. Font size တွင် 12 ထားပါ။

  4. Label ထဲရှိ စာသား၏အဆုံးတွင် cursor ကိုထားပါ။

  5. Item properties tab ထဲတွင် Main properties အတွင်း၌ Insert or Edit an Expression… ကိုနှိပ်ပါ။

  6. Function list ထဲတွင် Field and Values အောက်ရှိ Zone field ပေါ်တွင် click နှစ်ချက်နှိပ်ပါ။

  7. OK ကိုနှိပ်ပါ။

  8. Item properties ထဲရှိ box အတွင်းမှ စာသားသည် Detail map inventory zone: [% "Zone" %] ဟု ပြသသင့်ပါသည်။ atlas_coverage layer မှ သက်ဆိုင်ရာ feature အတွက် Zone field ၏တန်ဖိုးဖြင့် [% "Zone" %] ကို အစားထိုးပေးမည်ဖြစ်ပါသည်။

  9. Atlas preview မြေပုံအမျိုးမျိုးကို ကြည့်ရှုပြီး label အကြောင်းအရာများကို စမ်းသပ်ကြည့်ပါ။

  10. Remarks: စာသားဖြင့် label များအတွက် zone အချက်အလက်ပါဝင်သော field ကိုအသုံးပြုပြီး အထက်ပါနည်းအတိုင်းလုပ်ဆောင်ပါ။ Expression မရေးသားမီတွင် စာကြောင်းအလွတ် တစ်ကြောင်း ချန်ထားနိုင်ပါသည်။ Zone 2 ၏ preview ရလာဒ် အောက်ပါပုံထဲတွင် တွေ့မြင်နိုင်ပါသည်-

    ../../../_images/preview_zone2.png
  11. Altas preview ကိုအသုံးပြုပြီး မြေပုံအားလုံးကို ကြည့်ရှုပါ။

14.6.10. နိဂုံးချုပ် (In Conclusion)

နမူနာကွက်နေရာများသို့ ညွှန်ပြရာတွင်အသုံးပြုမည့် အသေးစိတ်မြေပုံများကို အလိုအလျောက်ထုတ်လုပ်ရန် template မြေပုံတစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ သင်သတိထားမိသည့်အတိုင်း လွယ်ကူသည့်အလုပ်တစ်ခုတော့မဟုတ်ပါ၊ သို့သော် အခြားဒေသများအတွက် အလားတူမြေပုံများဖန်တီးရန် လိုအပ်လာပါက သင်သိမ်းဆည်းထားသော template ကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

14.6.11. နောက်ထပ်ဘာအကြောင်းအရာလဲ (What’s Next?)

နောက်လာမည့်သင်ခန်းစာတွင် LiDAR data ကို အသုံးပြု၍ DEM တစ်ခုဖန်တီးပြီး data နှင့်မြေပုံများကို ပိုမိုကောင်းမွန်စွာမြင်ရနိုင်စေရန် ၎င်းကို မည်သို့အသုံးပြုရမည်ကို လေ့လာရမည်ဖြစ်ပါသည်။