14.1. သင်ခန်းစာ - သစ်တောကဏ္ဍဆိုင်ရာ မော်ဂျူး တင်ပြချက် (Lesson: Forestry Module Presentation)

Forestry application အကြောင်းဖြစ်သော ယခုမော်ဂျူးကို လေ့လာရန် ဤသင်တန်းလက်စွဲ၏ မော်ဂျူး ၁ မှ ၁၁ အထိ လေ့လာထားရန်လိုအပ်ပါသည်။ နောက်လာမည့် သင်ခန်းစာများတွင်ပါရှိသော လေ့ကျင့်ခန်းများသည် သင့်ကို QGIS ထဲရှိ အခြေခံ operation များစွာကို လုပ်ဆောင်နိုင်စွမ်းရှိပြီးသားဟု မှတ်ယူမည်ဖြစ်ပြီး ယခင်က အသုံးမပြုရသေးသော tool များကိုသာလျှင် အသေးစိတ်ရှင်းပြပေးမည်ဖြစ်သည်။

ယခုမော်ဂျူးသည် အခြေခံအဆင့် သင်ခန်းစာများ ဖြစ်သည့်အတွက် ယခင်က QGIS အသုံးပြုဖူးသည့်အတွေ့အကြုံရှိလျှင် ပြဿနာမရှိပဲ လိုက်လုပ်နိုင်မည်ဖြစ်သည်။

ယခုမော်ဂျူးအတွက် ထပ်ဆောင်း data package တစ်ခုကို ဒေါင်းလုဒ်ပြုလုပ်ရန် လိုအပ်ပါသည်။

14.1.1. သစ်တောကဏ္ဍနမူနာဒေတာ (Forestry Sample Data)

Note

ယခုမော်ဂျူးတွင် အသုံးပြုသော နမူနာ data သည် သင်တန်းလက်စွဲ data set ၏ တစ်ပိုင်းတစ်ပိုင်းဖြစ်ပြီး exercise_data\forestry\ folder ထဲတွင် တွေ့နိုင်ပါသည်။

သစ်တောနှင့်ပတ်သက်သော နမူနာ data (သစ်တောမြေပုံ၊ သစ်တော data) များကို EVO-HAMK forestry school မှ ပံ့ပိုးပေးထားပါသည်။ Dataset များကို သင်ခန်းစာလိုအပ်ချက်များနှင့်ကိုက်ညီအောင် မွမ်းမံပြင်ဆင်ထားပါသည်။

ယေဘုယျ နမူနာ data (ကောင်းကင်ဓာတ်ပုံများ၊ LiDAR data ၊ အခြေခံမြေပုံများ) များကို National Land Survey of Finland open data service မှ ရယူထားပြီး လေ့ကျင့်ခန်းများအတွက် အကိုးအကားယူထားပါသည်။ Open data file download service ကို အင်္ဂလိပ်ဘာသာဖြင့် ဤတွင် ဝင်ရောက်ရယူနိုင်ပါသည်။

Warning

ယခုမော်ဂျူးတွင် GIS dataset များ ထည့်သွင်းခြင်း၊ ဖျက်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် ညွှန်ကြားချက်များပါဝင်ပါသည်။ ထိုအတွက် သင်တန်း dataset များကို ပံ့ပိုးပေးထားပါသည်။ ယခုဖော်ပြထားသော နည်းလမ်းများကို သင့်ကိုယ်ပိုင် data များနှင့်အသုံးပြုမည်ဆိုပါက အသုံးမပြုခင်တွင် သင့် data ကို အမြဲတမ်း backup ပြုလုပ်ထားပါ။