31.1. Database စီမံခန့်ခွဲရာ Plugin (DB Manager Plugin)
DB Manager Plugin သည် QGISမှ လက်ခံနိုင်သော spatial (တည်နေရာဆိုင်ရာ) database များ (PostGIS၊ SpatiaLite၊ GeoPackage၊ Oracle Spatial၊ Virtual layers) ကို အသုံးပြုသူမျက်နှာပြင် (user interface) တစ်ခုတည်းတွင် ပေါင်းစပ်ပြီး စီမံခန့်ခွဲနိုင်သည့် အဓိကကိရိယာတစ်ခုဖြစ်ပါသည်။ DB Manager plugin သည် လုပ်ဆောင်ချက်အမျိုးမျိုးကိုလည်း ပံ့ပိုးပေးထားပါသည်။ QGIS browser မှ DB manager သို့ Layer များကို ဆွဲထည့်နိုင်ပြီး ထို Layer ကို spatial database အတွင်းသို့ ထည့်သွင်းပေးမည်ဖြစ်သည်။ Spatial database တစ်ခုနှင့်တစ်ခုကြား ဇယားများကို ဖိဆွဲ၍ ထည့်သွင်းနိုင်ပါသည်။

Fig. 31.1 DB Manager dialog
menu သည် မူရင်းရှိပြီးသား database တစ်ခုနှင့် ချိတ်ဆက်ပေးနိုင်ပြီး SQL window ကို စတင်ခြင်းနှင့် DB Manager Plugin မှ ထွက်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ မူရင်းရှိပြီးသား database နှင့် ချိတ်ဆက်ပြီးပါက (PostGIS /PostgreSQL ကဲ့သို့သော DBMSs အတွက်သင့်လျော်သော) နှင့် menu များ ပေါ်လာမည်ဖြစ်ပါသည်။
TopoViewer တစ်ခုကို စတင်နိုင်မည်ဖြစ်ပါသည်။
menu တွင် schema များကို ဖန်တီးရန်နှင့် ဖျက်ပစ်ရန်အတွက် (အလွတ်ဖြစ်လျှင်သာ) tool များပါဝင်ပြီး အကယ်၍ ဆက်စပ်တည်ရှိမှုရအရ ဖွဲ့စည်းပုံ (topology) များကို ရရှိနိုင်မည်ဆိုပါက (ဥပမာ- PostGIS topology)Vacuum Analyze (နေရာလွတ်ဆန်းစစ်မှု) ကိုလည်း လုပ်ဆောင်နိုင်ပါသည်။ Vacuum သည် နေရာလွတ်များကို ပြန်လည်ရယူနိုင်ပြီး ပြန်လည်အသုံးပြုစေခြင်းဖြစ်ပြီး analyze သည် query တစ်ခုကိုလုပ်ဆောင်ရန် အထိရောက်ဆုံးနည်းလမ်းကိုဆုံးဖြတ်ရာတွင်အသုံးပြုသည့် စာရင်းအင်းအချက်အလက်များကို အဆင့်မြှင့်တင်ပေးခြင်းဖြစ်သည်။ Change Logging… (ပြောင်းလဲမှုများကို မှတ်တမ်းတင်ခြင်း)သည် ဇယားတွင် ပြောင်းလဲမှုများကို မှတ်တမ်းတင်သိမ်းဆည်းရန် ပံ့ပိုးပေးခြင်းဖြစ်သည်။ နောက်ဆုံးအနေဖြင့် Import Layer/File… (Layer/ဖိုင်ကို ထည့်သွင်းခြင်း) နှင့် Export to File… (ဖိုင်တစ်ခုအဖြစ် ထုတ်ယူခြင်း) တို့ကိုလည်း ပြုလုပ်နိုင်ပါသည်။
သည် ဇယားများကို ပြင်ဆင်တည်းဖြတ်ခြင်း၊ ဖန်တီးခြင်းတို့ကို လုပ်ဆောင်စေနိုင်ပြီး မြင်ကွင်းနှင့် ဇယားများကို ဖျက်ပစ်နိုင်ပါသည်။ ၎င်းသည် ဇယားများအတွင်းရှိ data များကို ဖျက်ပစ်နိုင်ပြီး schema များအကြား ဇယားများကို ရွှေ့ပြောင်းနိုင်ပါသည်။ ထို့အပြင် ရွေးချယ်ထားသည့် ဇယားအတွက်Note
DB Manager ကိုအသုံးပြု၍ PostgreSQL Database တစ်ခု၏ ဇယားများနှင့် column များအတွက် မှတ်ချက်များထည့်ပေးနိုင်ပါသည်။
Providers window သည် QGIS မှ လက်ခံနိုင်သော ရှိပြီးသား database များအားလုံးကို ပြုစုထားပါသည်။ Double-click နှိပ်ခြင်းဖြင့် database များနှင့် ချိတ်ဆက်နိုင်ပြီး right mouse ခလုတ်ကို နှိပ်ခြင်းဖြင့် နဂိုရှိပြီးသား ဇယားများနှင့် schema များကို အမည်ပြောင်းလဲခြင်းနှင့် ဖျက်ပစ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ဇယားများကို context menu မှတဆင့် QGIS canvas သို့လည်း ပေါင်းထည့်နိုင်ပါသည်။
Database နှင့်ချိတ်ဆက်ပြီးလျှင် DB Manager ၏ အဓိက window တွင် tab ၄ ခုကို မြင်တွေ့ရမည်ဖြစ်ပါသည်။ Info tab တွင် ဇယားနှင့် ၎င်း၏ဂျီဩမေတြီဆိုင်ရာ အချက်အလက်များအပြင် နဂိုရှိပြီးသား field များ၊ ကန့်သတ်ချက်များနှင့် ညွှန်းကိန်းများကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ရွေးချယ်ထားသည့်ဇယားတွင် တည်နေရာညွှန်းကိန်းတစ်ခုကို ဖန်တီးနိုင်ပါသည်။ Table tab သည် ဇယားကို ဖော်ပြနေမည်ဖြစ်ပြီး Preview tab သည် ဂျီဩမေတြီများကို အကြိုကြည့်ရှုခြင်း (preview) အဖြစ် ပုံဖော်ပြသပေးပါသည်။ SQL Window ကို ဖွင့်လိုက်ပါက ၎င်းသည် tab အသစ်တစ်ခုအဖြစ် ပေါ်လာမည်ဖြစ်သည်။
31.1.1. SQL Window အသုံးပြုခြင်း (Working with the SQL Window)
DB Manager ကို အသုံးပြု၍ spatial database နှင့်ပတ်သက်သည့် SQL query များကို လုပ်ဆောင်နိုင်ပါသည်။ Query များကို သိမ်းဆည်းခြင်းနှင့် ထည့်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ပြီး SQL Query Builder (SQL query တည်ဆောက်ပေးသည့်အရာ) သည် query များကို ပုံသေနည်းထုတ်ရာတွင် ကူညီပေးပါသည်။ Load as new layer (Layer အသစ်အဖြစ် ထည့်သွင်းခြင်း) ကို အမှန်ခြစ်ခြင်းနှင့် Column(s) with unique values (ထူးခြားသည့်သီးသန့်တန်ဖိုးများပါဝင်သည့် column များ)၊ Geometry column (ဂျီဩမေတြီ column)နှင့် Layer name (prefix) (Layer အမည် (အစစကားလုံး)) တို့ကို သတ်မှတ်ခြင်းအားဖြင့် ရရှိလာမည့် တည်နေရာကိုလည်း ကြည့်နိုင်ပါသည်။ Ctrl+R သို့မဟုတ် Execute (စေခိုင်းလုပ်ဆောင်ခြင်း) ကို click နှိပ်ခြင်းဖြင့် လုပ်ဆောင်မည့် SQL ၏ အပိုင်းတစ်ခုကိုသာ execute လုပ်ဆောင်ရန် SQL ၏ထိုအစိတ်အပိုင်းကို ပေါ်လွင်စေရန် အရောင်တင်ဖော်ပြ (highlight) ပေးမည်ဖြစ်ပါသည်။
Query History ခလုတ်သည် provider နှင့် database တစ်ခုချင်းစီ၏ နောက်ဆုံး query အခု (၂၀) ကို သိမ်းဆည်းပေးမည်ဖြစ်သည်။
Entry တစ်ခုကို click နှစ်ချက်နှိပ်ခြင်းဖြင့် SQL window တွင် string (စာသား) ကို ပေါင်းထည့်ပေးမည်ဖြစ်သည်။

Fig. 31.2 DB Manager SQL window တွင် SQL query များကို စေခိုင်းလုပ်ဆောင်ခြင်း
Note
Virtual Layers (Layer တု) များ ဖန်တီးရန်အတွက်လည်း SQL Window ကို အသုံးပြုနိုင်ပါသည်။ ဤဖြစ်စဉ်တွင် database ကိုရွေးချယ်မည့်အစား SQL Window ကို မဖွင့်မီ Virtual Layers အောက်ရှိ QGIS Layers ကို ရွေးချယ်ရပါမည်။ အသုံးပြုရမည့် SQL syntax (ဝါကျဖွဲ့စည်းပုံ) များအတွက် ညွှန်ကြားချက်များကို သိရှိရန် Virtual layers များဖန်တီးခြင်း (Virtual layer များဖန်တီးခြင်း) တွင် ကြည့်ရှုနိုင်ပါသည်။