21.3. ရလာဒ်တစ်ခု ဖန်တီးခြင်း (Creating an Output)
Fig. 21.62 သည် ယခင် အပိုင်းတွင် ဖော်ပြခဲ့ပြီးသော layout item အမျိုးအစားအားလုံးပါဝင်သည့် print layout နမူနာတစ်ခုအား ပြသထားပါသည်။

Fig. 21.62 ပေါင်းထည့်ထားသော HTML frame နှင့် စာသားများ၊ ကိုသြဒိနိတ်အမှတ်များ၊ စကေးဘား နှင့် ဓါတ်ပုံများ၊ မြေပုံရည်ညွှန်းချက်၊ မြေပုံမြင်ကွင်း များပါဝင်သော ပုံထုတ်အပြင်အဆင်
menu သို့မဟုတ် toolbar မှ print layout များကို ဖိုင်ပုံစံအမျိုးမျိုးဖြင့် ထုတ်ယူနိုင်ပါသည်။ ထုတ်ယူမည့် စာရွက်အရွယ်အစားနှင့် ကြည်လင်ပြတ်သားမှု (ပုံထုတ် အရည်အသွေး) အား ပြုပြင်မွမ်းမံနိုင်ပါသည်။
Print သင်္ကေတသည် ထည့်သွင်းထားသော printer driver များပေါ်မူတည်၍ layout အား ချိတ်ဆက်ထားသော printer တစ်ခု သို့မဟုတ် PostScript ဖိုင်တစ်ခုသို့ print လုပ်နိုင်မည်ဖြစ်သည်။
Export as image သင်္ကေတသည် print layout အား
PNG
ဖိုင်၊BMP
ဖိုင်၊TIF
ဖိုင်၊JPG
ဖိုင်၊ နှင့် အခြားများစွာသော ဖိုင်များ ကဲ့သို့ ဓာတ်ပုံ format အဖြစ်သို့ ထုတ်ယူပေးပါသည်။Export as SVG သင်္ကေတသည်
SVG
(Scalable Vector Graphic) တစ်ခုအဖြစ် print layout အား သိမ်းဆည်းပေးပါသည်။Export as PDF သင်္ကေတသည် သတ်မှတ်ထားသော print layout အား
PDF
(Portable Document Format) ဖိုင်အဖြစ် တိုက်ရိုက် သိမ်းဆည်းပေးပါသည်။
21.3.1. Export ထုတ်ယူခြင်း setting များ (Export settings)
Print layout တစ်ခုအား ထုတ်ယူသည့်အခါတိုင်း၊ အသင့်တော်ဆုံး ရလာဒ်တစ်ခုအား ရရှိရန်အတွက် QGIS မှ စစ်ဆေးရန်လိုအပ်သော ထုတ်ယူခြင်း setting များရှိပါသည်။ ထို configuration (ပြင်ဆင်သတ်မှတ်ချက်) များမှာ-
Layout panel ၏ Export settings များ ဥပမာအားဖြင့် - Export resolution (Export ၏ကြည်လင်ပြတ်သားမှု) ၊ Print as raster (Raster အဖြစ် print လုပ်ခြင်း) ၊ Always export as vectors (Vector များအဖြစ် အမြဲ export လုပ်ခြင်း) သို့မဟုတ် Save world file (World file အဖြစ်သိမ်းဆည်းခြင်း)
စာမျက်နှာဆိုင်ရာဂုဏ်သတ္တိများ panel ရှိ Exclude page from exports (စာမျက်နှာကို Export ထုတ်ခြင်းများမှ ချန်လှပ်ထားခြင်း)
Item ဂုဏ်သတ္တိများ panel ရှိ Exclude item from exports (Item ကို Export ထုတ်ခြင်းများမှ ချန်လှပ်ထားခြင်း)
ထို့အပြင်၊ ကြိုတင်သတ်မှတ်ထားသော စစ်ဆေးမှုများအား layout ၌ အလိုအလျောက် အသုံးပြုသွားမည်ဖြစ်ပါသည်။ လက်ရှိတွင် အဆိုပါ စစ်ဆေးမှုများတွင် စမ်းသပ်မှုများပါဝင်ပါသည်။ ယင်းတွင် စကေးဘား သည် မြေပုံ item များနှင့် မှန်မှန်ကန်ကန်ချိတ်ဆက်နေခြင်း ရှိ/မရှိ နှင့် မြေပုံ overview item များသည်လည်း မြေပုံနှင့် မှန်မှန်ကန်ကန်ချိတ်ဆက်နေခြင်း ရှိ/မရှိ တို့ ပါဝင်သည်။ စစ်ဆေးမှုများသည် မအောင်မြင်လျှင်၊ ပြဿနာနှင့်ပတ်သက်သော သတိပေးအကြံပြုချက်တစ်ခုအား ပြသပေးပါလိမ့်မည်။
21.3.2. ပုံအဖြစ် ထုတ်ယူခြင်း (Export as Image)
ဓာတ်ပုံတစ်ခုအဖြစ် layout တစ်ခုအား export ထုတ်ယူရန်-
အသုံးပြုရန် ဓာတ်ပုံ format ၊ folder နှင့် ဖိုင်အမည်အား ရွေးချယ်ပါ၊ (ဉပမာအားဖြင့်
myill.png
) Layout တွင် စာမျက်နှာ တစ်ခုထက်မက ပါဝင်ပါက၊ စာမျက်နှာတစ်ခုစီအား စာမျက်နှာနံပါတ်နှင့်အတူ ပေးထားသော ဖိုင်အမည်ဖြင့် ဖိုင် တစ်ခုစီသို့ export လုပ်ပေးပါလိမ့်မည် (ဉပမာအားဖြင့်myill_2.png
)။နောက်တစ်ဆင့်အနေဖြင့် (Image Export Options) dialog တွင်-
Print layout ၏ Export resolution နှင့် export ထုတ်ယူသော စာမျက်နှာ၏ အတိုင်းအတာများ (Layout panel ထဲတွင် သတ်မှတ်ထားသည့်အတိုင်း) အား အစားထိုးလုပ်ဆောင်နိုင်ပါသည်။
Enable antialiasing ရွေးချယ်မှုဖြင့် ဓာတ်ပုံ ပုံဖော်ပြသခြင်း အရည်အသွေးကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါသည်။
မိမိ ပြုလုပ်ထားသော layout အား georeference ပြုလုပ်ထားသော ဓာတ်ပုံ တစ်ခုအဖြစ် (ဥပမာအားဖြင့်၊ အခြား project များအား မျှဝေရန်) export ထုတ်ယူလိုလျှင်၊
Generate world file option အား အမှန်ခြစ်ပါ။ Export ထုတ်ယူထားသောဓာတ်ပုံနှင့် နာမည်တူပြီး extension မတူသော ESRI World File တစ်ခု (TIFF ဖိုင်အတွက်
.tfw
၊ PNG ဖိုင်အတွက်.pnw
၊ JPEG ဖိုင်အတွက်jgw
၊ …) အား ဖန်တီးပေးပါလိမ့်မည်။ ယခု option ကို layout panel ထဲတွင် default အနေဖြင့်လည်း အမှန်ခြစ်ထားနိုင်ပါသည်။Note
စာမျက်နှာများစွာထုတ်ယူမည်ဆိုလျှင်၊ အကိုးအကားမြေပုံ ပါဝင်သော စာမျက်နှာတွင်သာ world file တစ်ခုရှိပါလိမ့်မည် (Generate world file option အား အမှန်ခြစ်ထားသည်ဟု ယူဆလျက်)။
Crop to content အား အမှန်ခြစ်ထားခြင်းအားဖြင့် layout ဓာတ်ပုံ output တွင် စာမျက်နှာတစ်ခုချင်းစီ၏ ပါဝင်သော အရာများ (မြေပုံ၊ မြေပုံရည်ညွှန်းချက်၊ စကေးဘား ၊ ပုံသဏ္ဍာန် ၊ အညွှန်း၊ ဓာတ်ပုံ…) အားလုံးအား ပူးတွဲထားသော အနည်းဆုံးဧရိယာ ပါဝင်သည်-
- ဖွဲ့စည်းမှု (composition) တွင် စာမျက်နှာတစ်ခုသာပါလျှင်၊ ဖွဲ့စည်းမှု (composition) ရှိ အားလုံးပါဝင်ရန် output အား အရွယ်အစားချိန်ညှိပေးမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ နေရာတည်ရှိမှု (စာမျက်နှာ၏ အပေါ်၊ အထက်၊ အောက်၊ ဘယ်ဘက် သို့မဟုတ် ညာဘက်) အပေါ်မူတည်၍ item များအားလုံးပါဝင်စေရန် စာမျက်နှာအား လျှော့ချခြင်း သို့မဟုတ် တိုးချဲ့ခြင်း တို့ကို ပြုလုပ်နိုင်သည်။
စာမျက်နှာများစွာပါသော layout တစ်ခုအား ထုတ်ယူမည်ဆိုလျှင်၊ ၎င်းဧရိယာထဲတွင် item များပါဝင်စေရန် စာမျက်နှာ တစ်ခုချင်းစီအား အရွယ်အစားချိန်ညှိပေးပါလိမ့်မည် (စာမျက်နှာအားလုံးအတွက် ဘယ် နှင့် ညာဘက် အခြမ်းများ၊ ထို့အပြင် ပထမစာမျက်နှာအတွက် ထိပ်ပိုင်းနှင့် နောက်ဆုံးစာမျက်နှာအတွက် အောက်ပိုင်း)။ အရွယ်အစားချိန်ညှိထားပြီးသား စာမျက်နှာတစ်ခုချင်းစီအား သီးခြားဖိုင်တစ်ခုစီအဖြစ် export ထုတ်ယူမည်ဖြစ်သည်။
Crop to content dialog သည် ဖြတ်ထုတ်လိုက်သော အကျယ်အဝန်းတစ်လျှောက်တွင် အနားသတ် (margin) များကိုလည်း ပေါင်းထည့်ပေးစေပါသည်။

Fig. 21.63 ဓာတ်ပုံထုတ်ယူမှု ရွေးချယ်စရာများ၊ item များ၏ extent အတိုင်း output အား အရွယ်အစားချိန်ညှိမည်ဖြစ်သည်။
Tip
Item များ၏ extent သည် စာရွက်၏ extent ထက်ကျော်လွန်နေသောအခါ transparency (အလင်းဖောက်နှုန်း) ကို ရရှိနိုင်သော ဓာတ်ပုံ format များကို အသုံးပြုပါ
Layout item များသည် စာရွက် extent အပြင်ဘက်တွင် ရောက်ရှိနေနိုင်ပါသည်။ Crop to content option ဖြင့် export ထုတ်ယူသောအခါ ရလာဒ် ဓာတ်ပုံသည် စာရွက် extent ထက် ကျော်လွန်နိုင်ပါသည်။ စာရွက် extent ၏ အပြင်ဘက် နောက်ခံများသည် transparent (အလင်းဖောက်နိုင်သော) ဖြစ်နေမည်ဖြစ်သောကြောင့် transparency (အလင်းဖောက်နှုန်း) မရရှိသော ဓာတ်ပုံ format များအတွက် (ဉပမာ၊ BMP
နှင့် JPG
များ)၊ transparent (အလင်းဖောက်နိုင်သော) ဖြစ်နေသော နောက်ခံအား အနက်ရောင်အပြည့်ဖြင့် ပုံဖော်ပြသပေးမည်ဖြစ်သည်။ ထိုသို့သောကိစ္စရပ်များတွင် transparency-compatible (အလင်းဖောက်မှု နှင့်တွဲဖက်သုံးနိုင်သော) format (ဉပမာ- TIFF``နှင့် ``PNG
) များအား အသုံးပြုပါ။
Note
ရှိပြီးသား Qt library နှင့် format (ဉပမာ- PNG
) က လက်ခံသည့်အခါ၊ export ထုတ်ယူလိုက်သည့် ဓာတ်ပုံများတွင် project metadata (ရေးဆွဲသူ၊ ခေါင်းစဉ်၊ ရက်စွဲ၊ ဖော်ပြချက်…) တို့ ပါဝင်နိုင်သည်။
21.3.3. Export as SVG (SVG အဖြစ် export ထုတ်ခြင်း)
SVG အဖြစ် layout တစ်ခုအား export ထုတ်ရန်-
သိမ်းဆည်းမည့်လမ်းကြောင်း နှင့် ဖိုင်အမည် ဖြည့်ပါ (စာမျက်နှာတစ်ခုထက်မက ပါဝင်သော ဖိုင်များအတွက်ဆိုလျှင် ဖိုင်များအားလုံးအတွက် ဓာတ်ပုံ export ထုတ်ရာတွင် အခြေခံအမည်တစ်ခုအား အသုံးပြုမည်ဖြစ်သည်)
ထို့နောက် SVG Export Options dialog ထဲတွင် layout default export setting များ အား အစားထိုးလုပ်ဆောင်နိုင်သည် သို့မဟုတ် အသစ်များအား ပြင်ဆင်သတ်မှတ်နိုင်ပါသည်။
Export map layers as SVG groups - QGIS မှ layer အမည်များနှင့် ကိုက်ညီသော export ထုတ်ထားသည့် item များအား layer များအတွင်း အုပ်စုဖွဲ့ပေးမည်ဖြစ်သည်။ ၎င်းသည် အကြောင်းအရာများအား လွယ်ကူစွာ နားလည်နိုင်စေပါသည်။
Always export as vectors - အချို့သော ပုံဖော်ပြသမှု option များသည် ပိုမိုကောင်းမွန်သောပုံဖော်ပြသမှုရရှိစေရန်အတွက် item များအား raster အဖြစ်သို့ပြောင်းလဲရန် လိုအပ်ပါသည်။ Output ဖိုင်သည် print layout အကြိုကြည့်ရှုမှု (preview) နှင့် ပုံပန်းသဏ္ဍာန်ကိုက်ညီမှုမရှိ ဖြစ်နိုင်သော vector များအဖြစ် object များကိုဆက်လက်ထားရှိရန် ယခု option အား အမှန်ခြစ်ပါ (ပိုမိုသောအသေးစိတ်များ အတွက် Export ထုတ်ယူခြင်း setting များ (Export settings) အား ကြည့်ပါ)။
ခေါင်းစဉ်၊ ရေးဆွဲသူ၊ ရက်စွဲ၊ ဖော်ပြချက်…ကဲ့သို့သော RDF metadata များအား export ထုတ်ယူရန်
Export RDF metadata ကိုအမှန်ခြစ်ပါ။
Vertex များအားလုံးအား export ထုတ်ယူလျှင် အခြား application များ၌ ထည့်သွင်းအသုံးပြုရာတွင် အဆင်မပြေမှုများရှိနိုင်သော အလွန်ရှုပ်ထွေးပြီး ဖိုင်အရွယ်အစားကြီးမားသော ရလာဒ်များ ရရှိစေပါသည်၊ ထို့ကြောင့်
Simplify geometries to reduce output file size ကို အမှန်ခြစ်ခြင်းဖြင့် ဂျီဩမေတြီ၏ vertex (မျဉ်းအဆစ်) များအားလုံးကို export ထုတ်ယူခြင်းမှ ရှောင်ရှားပေးပါသည်။ Export resolution (ကြည်လင်ပြတ်သားမှု) ၌ သိသိသာသာ ကွဲပြားမှုမရှိသော ပိုလျှံနေသည့် မည်သည့် vertex များကိုမဆို ဖယ်ရှားရန်အတွက် layout အား export ထုတ်ယူနေစဉ်တွင် ဂျီဩမေတြီများအား ရိုးရှင်းအောင်လုပ်ပေးမည်ဖြစ်သည် (ဥပမာအားဖြင့်- export resolution သည်
300 dpi
ဖြစ်လျှင်၊1/600 inch
ထက် သေးငယ်သော vertex များအား ဖယ်ရှားပေးပါလိမ့်မည်)။Text export အား သတ်မှတ်ပါ- အညွှန်းစာသားများအား သင့်တော်သောစာသားများ (Always export texts as text objects) အဖြစ် သို့မဟုတ် လမ်းကြောင်းများအဖြစ်သာ (Always export texts as paths) export ထုတ်/မထုတ်ကို ထိန်းချုပ်ပေးပါသည်။ ၎င်းတို့အား စာသား အဖြစ် export ထုတ်လျှင် ပြင်ပ application များတွင် ပုံမှန် စာသား အဖြစ် (ဥပမာအားဖြင့်- Inkscape) တည်းဖြတ်ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့သော် ပုံဖော်ပြသမှု အရည်အသွေး လျော့ချစေပြီး၊ buffer များကဲ့သို့ အချို့သော စာသား setting များ ပြုလုပ်သည့်အခါ ပုံဖော်ပြသရာတွင် ပြဿနာများရှိမည်ဖြစ်သည်။ ထို့ကြောင့် လမ်းကြောင်းများ အနေဖြင့် export ထုတ်ခြင်းအား အကြံပြုပါသည်။
Crop to content option အား အမှန်ခြစ်ပါ။
Disable tiled raster layer exports - ဖိုင်များအား export ထုတ်ယူသည့်အခါ၊ ကွန်ပျူတာမှတ်ဉာဏ်ကို သက်သာစေသော built-in ပါရှိပြီးသားဖြစ်သည့် raster layer ကို tile (အကွက်) များဖြင့် ပုံဖော်ပြသခြင်းအား QGIS မှ အသုံးပြုပါသည်။ တခါတရံတွင် ၎င်းသည် ထုတ်ယူလိုက်သော ဖိုင်များအတွက် raster များထဲတွင် “ဆက်ကြောင်း” (seams) များကို ဖြစ်စေသည်။ ယခု option အား အမှန်ခြစ်ခြင်းသည် အဆိုပါ ပြဿနာအား ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သော်လည်း Export ထုတ်ယူနေစဉ် ကွန်ပျူတာမှတ်ဉာဏ် သုံးစွဲမှုများပြားမည်ဖြစ်သည်။

Fig. 21.64 SVG Export ထုတ်ခြင်း ရွေးချယ်စရာများ
Note
ယခုလက်ရှိတွင် SVG ရလဒ်သည် အလွန် အခြေခံကျပါသည်။ ၎င်းသည် QGIS ပြဿနာတစ်ခုမဟုတ်ပေ၊ သို့သော် ရှိနေပြီးသား Qt library ၌ ပြဿနာတစ်ခုသာလျှင်ဖြစ်သည်။ အဆိုပါအရာအား အနာဂါတ် version များတွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါသည်။
21.3.4. PDF အဖြစ် ထုတ်ယူခြင်း (Export as PDF)
PDF အဖြစ် layout တစ်ခုအား export ထုတ်ယူရန်-
ဖိုင်လမ်းကြောင်းနှင့် ဖိုင်အမည်ကို ဖြည့်ပါ။ ပုံများ နှင့် SVG export ထုတ်ယူမှုများနှင့်မတူပဲ layout ရှိ စာမျက်နှာများအားလုံးကို PDF ဖိုင်တစ်ခုထဲသို့ export ထုတ်ယူပေးပါသည်။
နောက်ထပ် PDF Export Options dialog တွင် layout ၏ default export settings အား အစားထိုးလုပ်ဆောင်နိုင်သည် သို့မဟုတ် အသစ်များကို ပြင်ဆင်သတ်မှတ်ပေးနိုင်သည်-
Always export as vectors - အချို့သော ပုံဖော်ပြသမှု option များသည် ပိုမိုကောင်းမွန်သောပုံဖော်ပြသမှုရရှိစေရန်အတွက် item များအား raster အဖြစ်သို့ပြောင်းလဲရန် လိုအပ်ပါသည်။ Output ဖိုင်သည် print layout အကြိုကြည့်ရှုမှု (preview) နှင့် ပုံပန်းသဏ္ဍာန်ကိုက်ညီမှုမရှိ ဖြစ်နိုင်သော vector များအဖြစ် object များကိုဆက်လက်ထားရှိရန် ယခု option အား အမှန်ခြစ်ပါ (ပိုမိုသောအသေးစိတ်များ အတွက် Export ထုတ်ယူခြင်း setting များ (Export settings) အား ကြည့်ပါ)။
Append georeference information - အချက်အလက်များရယူသော reference map သည် ပထမဆုံးစာမျက်နှာတွင် ရှိမှာသာ အသုံးပြုနိုင်မည်ဖြစ်သည်။
ခေါင်းစဉ်၊ ရေးဆွဲသူ၊ ရက်စွဲ၊ ဖော်ပြချက်…အစရှိသည့် RDF metadata များကို export ထုတ်ယူရန်
Export RDF metadata ကိုအမှန်ခြစ်ပါ။
Text export အား သတ်မှတ်ပါ- အညွှန်းစာသားများအား သင့်တော်သောစာသားများ (Always export texts as text objects) အဖြစ် သို့မဟုတ် လမ်းကြောင်းများအဖြစ်သာ (Always export texts as paths) export ထုတ်/မထုတ်ကို ထိန်းချုပ်ပေးပါသည်။ ၎င်းတို့အား စာသား အဖြစ် export ထုတ်လျှင် ပြင်ပ application များတွင် ပုံမှန် စာသား အဖြစ် (ဥပမာအားဖြင့်- Inkscape) တည်းဖြတ်ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့သော် ပုံဖော်ပြသမှု အရည်အသွေး လျော့ချစေပြီး၊ buffer များကဲ့သို့ အချို့သော စာသား setting များ ပြုလုပ်သည့်အခါ ပုံဖော်ပြသရာတွင် ပြဿနာများရှိမည်ဖြစ်သည်။ ထို့ကြောင့် လမ်းကြောင်းများ အနေဖြင့် export ထုတ်ခြင်းအား အကြံပြုပါသည်။
အောက်ဖော်ပြပါ အရာများအား အသုံးပြုပြီး PDF Image compression ကို ထိန်းညှိပါ-
Lossy (JPEG) သည် default ဖြစ်သော ဖိုင်ချုံ့ခြင်း နည်းလမ်းဖြစ်သည်။
သို့မဟုတ် Lossless သည် အများစုကိစ္စရပ်များတွင် ကြီးမားသော ဖိုင်များကို ဖန်တီးပေးသော်လည်း ၎င်းသည် output များကို ပုံနှိပ်ခြင်းပြုလုပ်ရန်အတွက် သို့မဟုတ် ပြင်ပ application များတွင် post-production (နောက်ပိုင်းလုပ်ငန်းစဉ်) အတွက် အလွန်သင့်လျော်ပါသည် (Qt 5.13 နှင့် နောက်ပိုင်း ဖြစ်ရန် လိုအပ်သည်)။
Georeferenced ပြုလုပ်ထားသော PDF ဖိုင်တစ်ခုအား ထုတ်ယူလိုလျှင်
Create Geospatial PDF (GeoPDF) အား အမှန်ခြစ်ပါ။
Disable tiled raster layer exports - ဖိုင်များအား export ထုတ်ယူသည့်အခါ၊ ကွန်ပျူတာမှတ်ဉာဏ်ကို သက်သာစေသော built-in ပါရှိပြီးသားဖြစ်သည့် raster layer ကို tile (အကွက်) များဖြင့် ပုံဖော်ပြသခြင်းအား QGIS မှ အသုံးပြုပါသည်။ တခါတရံတွင် ၎င်းသည် ထုတ်ယူလိုက်သော ဖိုင်များအတွက် raster များထဲတွင် “ဆက်ကြောင်း” (seams) များကို ဖြစ်စေသည်။ ယခု option အား အမှန်ခြစ်ခြင်းသည် အဆိုပါ ပြဿနာအား ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သော်လည်း Export ထုတ်ယူနေစဉ် ကွန်ပျူတာမှတ်ဉာဏ် သုံးစွဲမှုများပြားမည်ဖြစ်သည်။
Simplify geometries to reduce output file size ကို အမှန်ခြစ်ခြင်းဖြင့် Export resolution (ကြည်လင်ပြတ်သားမှု) ၌ သိသိသာသာ ကွဲပြားမှုမရှိသော vertex များကိုမဆို ဖယ်ရှားခြင်းဖြင့် layout အား export ထုတ်ယူနေစဉ်တွင် ဂျီဩမေတြီများအား ရိုးရှင်းအောင်လုပ်ပေးမည်ဖြစ်သည် (ဥပမာအားဖြင့်- export resolution သည်
300 dpi
ဖြစ်လျှင်၊1/600 inch
ထက် သေးငယ်သော vertex များအား ဖယ်ရှားပေးပါလိမ့်မည်)။ ၎င်းသည် export ထုတ်ယူသောဖိုင်၏ အရွယ်အစားနှင့် ရှုပ်ထွေးမှုကို လျော့ချပေးနိုင်ပါသည် (အရွယ်အစားအလွန်ကြီးမားသော ဖိုင်များသည် အခြား application များတွင် ထည့်သွင်းအသုံးပြုရာ၌ အဆင်မပြေဖြစ်စေနိုင်ပါသည်)။

Fig. 21.65 PDF Export ရွေးချယ်စရာများ
Note
GeoPDF export ထုတ်ခြင်းအား ပံ့ပိုးပေးပြီး၊ သီးခြား GeoPDF ရွေးချယ်စရာအများအပြားလည်း ရရှိနိုင်ပါသည်။
Format (GeoPDF အမျိုးအစား - အချို့ကွဲပြားသော GeoPDF များရှိပါသည်)၊
Include multiple map themes (ပါဝင်စေမည့် မြေပုံ theme များကို သတ်မှတ်ပါ)၊
Include vector feature information (Layer များကို ရွေးချယ်ပြီး ၎င်းတို့အား ကျိုးကြောင်းဆီလျော်သော PDF အုပ်စုများအဖြစ်သို့ အုပ်စုဖွဲ့ပါ)
Note
Georeference ပြုလုပ်ခြင်းအား ပံ့ပိုးပေးသော format များသို့ print layout တစ်ခုအား export ထုတ်ယူခြင်း (ဉပမာအားဖြင့်- PDF
နှင့် TIFF
) သည် default အားဖြင့် georeference ပြုလုပ်ပြီးသား ရလာဒ်တစ်ခုကို ဖန်တီးပေးပါသည်။
21.3.5. Generate an Atlas (မြေပုံစီးရီးတစ်ခု ထုတ်ယူခြင်း)
Atlas (မြေပုံစီးရီး) လုပ်ဆောင်ချက်များသည် အလိုအလျောက်နည်းလမ်းဖြင့် မြေပုံစာအုပ်များကို ဖန်တီးနိုင်စေပါသည်။ Atlas သည် ဇယား / layer ထဲရှိ feature တစ်ခုချင်းစီ (atlas feature) အတွက် ရလာဒ်တစ်ခုအား ဖန်တီးရန် vector layer တစ်ခု (Coverage layer) သို့မဟုတ် ဇယားတစ်ခု၏ feature များကို အသုံးပြုပါသည်။ အသုံးအများဆုံးအရာမှာ မြေပုံ item တစ်ခုကို လက်ရှိ atlas feature သို့ zoom (အကျယ်ချဲ့) ပြုလုပ်ရန်ဖြစ်ပါသည်။ နောက်ထပ်အသုံးပြုမှုများတွင် အောက်ပါအရာတို့ပါဝင်သည်-
အခြား layer တစ်ခုအတွက် atlas feature ကဲ့သို့ တူညီသော attribute ကို မျှဝေသုံးစွဲသော သို့မဟုတ် ၎င်း၏ ဂျီဩမေတြီအတွင်းတွင်ရှိသော feature များကိုသာ ပြသသော မြေပုံ item တစ်ခု။
Feature များကို ထပ်တလဲလဲလုပ်ဆောင်သည့်အတိုင်း ၎င်း၏စာသားကို အစားထိုးပေးသော အညွှန်းတစ်ခု သို့မဟုတ် HTML item တစ်ခု။
လက်ရှိ atlas feature ၏ ဆက်စပ်နေသည့် parent သို့မဟုတ် children feature များ၏ attribute များကို ပြသေသော ဇယား item တစ်ခု…
Feature တစ်ခုချင်းစီအတွက်၊ ရလာဒ် သည် ၎င်းတို့၏ export setting များအတိုင်း စာမျက်နှာအားလုံးနှင့် item များအားလုံးအတွက် လုပ်ဆောင်မည်ဖြစ်သည်။
Tip
ပိုမိုလိုက်လျောညီထွေဖြစ်စေရန်အတွက် variable (ကိန်းရှင်) များကိုအသုံးပြုပါ
QGIS တွင် များစွာသော လုပ်ဆောင်ချက်များနှင့် variable (ကိန်းရှင်) များအား ပံ့ပိုးပေးထားပါသည်။ ၎င်းတို့တွင် atlas အခြေအနေအရ layout item များကို ကိုင်တွယ်နိုင်သလို layer များ၏ သင်္ကေတဆိုင်ရာများကို ကိုင်တွယ်နိုင်သည့် atlas နှင့်သက်ဆိုင်သော လုပ်ဆောင်ချက်များနှင့် variable များပါဝင်ပါသည်။ အဆိုပါ feature များကိုပေါင်းစပ်ခြင်းဖြင့် အဆင့်မြင့် မြေပုံများထုတ်လုပ်ရာတွင် များစွာအဆင်ပြေလွယ်ကူစေမည်ဖြစ်ပါသည်။
Atlas တစ်ခုထုတ်ယူရန်နှင့် atlas parameter များကို အသုံးပြုရန် Atlas panel အား &ရည်ညွှန်းပါ။ ၎င်း panel တွင် အောက်ပါတို့ ပါဝင်ပါသည် (Fig. 21.66 တွင် ကြည့်ပါ)-

Fig. 21.66 Atlas Panel
Generate an atlas - Atlas ထုတ်ယူခြင်းအား ဖွင့်ပေးနိုင်သည် သို့မဟုတ် ပိတ်ပေးနိုင်သည်
ပြင်ဆင်သတ်မှတ်ခြင်း
Coverage layer
combo box တစ်ခုသည် ထပ်ခါတလဲလဲ လုပ်ဆောင်မည့် feature များပါဝင်သော ဇယား သို့မဟုတ် vector layer ကို ရွေးချယ်ခွင့်ပေးပါသည်။
မဖြစ်မနေလုပ်ရန်မလိုသည့်
Hidden coverage layer ကို အမှန်ခြစ်ထားလျှင် ထုတ်လုပ်မှုဆောင်ရွက်နေစဉ်တွင် coverage layer (အခြား layer များမပါဝင်ပါ) အား ဖျောက်ထားပေးပါလိမ့်မည်။
မဖြစ်မနေလုပ်ရန်မလိုသည့် Page name combo box သည် feature စာမျက်နှာ (များ) ၏ နာမည်အတွက် သတ်မှတ်ရန်ဖြစ်သည်။ Coverage layer ၏ field တစ်ခုကို ရွေးချယ်နိုင်သလို expression တစ်ခုလည်း သတ်မှတ်ပေးနိုင်ပါသည်။ ဤ option သည် ဗလာဖြစ်နေပါက၊ layer တွင်အသုံးပြုထားသော filter (စစ်ထုတ်မှု) နှင့်/သို့မဟုတ် sort order (အစီအစဉ်) အရ QGIS သည် internal ID တစ်ခုကို အသုံးပြုပါလိမ့်မည်။
မဖြစ်မနေလုပ်ရန်မလိုသည့်
Filter with စာသားဧရိယာတွင် coverage layer မှ feature များကို စစ်ထုတ် (filter) ရန်အတွက် expression တစ်ခုကို သတ်မှတ်နိုင်ပါသည်။ Expression သည် ဗလာဖြစ်မနေပါက
True
ဖြစ်သော feature များကိုသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။မဖြစ်မနေလုပ်ရန်မလိုသည့်
Sort by သည် coverage layer ၏ field တစ်ခု သို့မဟုတ် expression တစ်ခုကို အသုံးပြု၍ coverage layer ၏ feature များကို စီစဉ် (sort) ပေးနိုင်ပါသည်။ အစီအစဉ် (sort order) (ငယ်စဉ်ကြီးလိုက် သို့မဟုတ် ကြီးစဉ်ငယ်လိုက် တစ်ခုမဟုတ်တစ်ခု) အား အပေါ်အောက် မြှားတစ်ခုကိုပြသော Sort direction ခလုတ်ဖြင့် သတ်မှတ်ပေးပါသည်။
Output- ၎င်းသည် atlas တစ်ခု၏ ရလာဒ်အား ပြင်ဆင်သတ်မှတ်နိုင်မည့် နေရာဖြစ်သည်-
Atlas feature တစ်ခုချင်းစီအတွက် ဖိုင်အမည်တစ်ခုအား ပေးရန်အတွက် Output filename expression စာသားဘောက်အား အသုံးပြုပါသည်။ ၎င်းသည် expression များပေါ်တွင် အခြေခံထားပါသည်။ ၎င်းသည် ဖိုင်များစွာ သို့ ပုံဖော်ပြသခြင်းအတွက်သာလျှင် အဓိပ္ပါယ်ရှိပါသည်။
ရွေးချယ်ထားသော ရလာဒ်ပုံစံသည် ဖြစ်နိုင်မှုရှိလျှင် (ဉပမာအားဖြင့်-
PDF
)Single file export when possible သည် ဖိုင်တစ်ခုတည်းကို ထုတ်ပေးနိုင်စေပါသည်။ ဤ field ကိုအမှန်ခြစ်ထားလျှင် Output filename expression field ၏တန်ဖိုးသည် အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပါ။
21.3.5.1. Control map by atlas (Atlas ဖြင့် မြေပုံအား ထိန်းချုပ်ခြင်း)
Atlas ၏ အသုံးအများဆုံးဖြစ်သောအရာမှာ coverage layer ပေါ်တွင် ထပ်ခါတလဲလဲလုပ်ဆောင်သည့်အတိုင်း လက်ရှိ atlas feature သို့ zoom ချဲ့ပေးသော မြေပုံ item ဖြစ်ပါသည်။ ၎င်းဆောင်ရွက်ချက်အား မြေပုံ item ၏ Controlled by atlas အုပ်စု ဂုဏ်သတ္တိများထဲတွင် သတ်မှတ်ထားပါသည်။ မြေပုံ item များပေါ်တွင် အသုံးချနိုင်သော setting အမျိုးမျိုးအတွက် Atlas ဖြင့်ထိန်းချုပ်ထားသည် (Controlled by atlas) ကိုကြည့်ပါ။
21.3.5.2. Expression ဖြင့် အညွှန်းများအား ပြင်ဆင်ခြင်း (Customize labels with expression)
Atlas ထပ်တလဲလဲ လုပ်ဆောင်သော feature တွင် အညွှန်းများအား လိုက်လျောညီထွေဖြစ်စေရန်အတွက် expression များအား ထည့်သွင်းနိုင်ပါသည်။ Expression အစိတ်အပိုင်း (လုပ်ဆောင်ချက်များ၊ field များ သို့မဟုတ် variable များအပါအဝင်) အား [%
နှင့် %]
ကြားတွင် ထားရှိရပါမည် (ပိုမိုအသေးစိတ်များအတွက် အညွှန်းစာ (The Label Item) ကိုကြည့်ပါ)။
ဉပမာအားဖြင့်- CITY_NAME
နှင့် ZIPCODE
field များပါဝင်သော မြို့ layer တစ်ခုအတွက်
အောက်ပါအတိုင်း ထည့်သွင်းနိုင်ပါသည်-
The area of [% concat( upper(CITY_NAME), ',', ZIPCODE, ' is ',
format_number($area/1000000, 2) ) %] km2
သို့မဟုတ်၊ နောက်ထပ် အခြား ပေါင်းစပ်ခြင်းအတွက်-
The area of [% upper(CITY_NAME)%],[%ZIPCODE%] is
[%format_number($area/1000000,2) %] km2
[% concat( upper(CITY_NAME), ',', ZIPCODE, ' is ', format_number($area/1000000, 2) ) %]
သည် အညွှန်းထဲတွင် အသုံးပြုသော expression တစ်ခုဖြစ်ပါသည်။ Expression နှစ်ခုစလုံးသည် ထုတ်လုပ်လိုက်သော atlas ထဲတွင် အောက်ဖော်ပြပါ အညွှန်းအမျိုးအစားဖြင့် ရလာဒ်ရရှိမည်ဖြစ်သည်-
The area of PARIS,75001 is 1.94 km2
21.3.5.4. Atlas တစ်ခုအား အကြိုကြည့်ရှုခြင်းနှင့် ထုတ်လုပ်ခြင်း (Preview and generate an atlas)

Fig. 21.67 Atlas အကြိုကြည့်ရှုခြင်း toolbar
Atlas setting များအား ပြင်ဆင်သတ်မှတ်ပြီး layout item များ (မြေပုံ၊ ဇယား၊ ဓာတ်ပုံ…..) ကို ၎င်းနှင့် ချိတ်ဆက်ပြီးသည်နှင့် စာမျက်နှာအားလုံး၏ အကြိုကြည့်ရှုခြင်းတစ်ခုအား Preview Atlas icon အားနှိပ်ခြင်းဖြင့် ဖန်တီးနိုင်ပါသည်။ ထို့နောက် feature များအားလုံးကို လမ်းညွှန်ပြသနိုင်ရန် မြှားများကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။
သီးခြား feature တစ်ခုကို ရွေးချယ်ပြီး အကြိုကြည့်ရှုရန် combo box အား အသုံးပြုနိုင်ပါသည်။ Atlas Page name option ထဲတွင် သတ်မှတ်ထားသော expression ပေါ်မူတည်ပြီး combo box သည် atlas feature နာမည်များကို ပြသပေးမည်ဖြစ်ပါသည်။
ရိုးရှင်းသော ဖွဲ့စည်းမှုများအတွက်၊ atlas တစ်ခုအား နည်းလမ်းများစွာဖြင့် ထုတ်လုပ်နိုင်ပါသည် (ထပ်မံသိလိုပါက ရလာဒ်တစ်ခု ဖန်တီးခြင်း (Creating an Output) တွင် ကြည့်ရှုပါ)- menu အသုံးပြုမည့်အစား menu သို့မဟုတ် toolbar မှ tool များအား အသုံးပြုပါ။
Single file export when possible အား ရွေးချယ်ထားသည်မှလွဲ၍ ထုတ်လုပ်လိုက်သော PDF ဖိုင်များအားလုံးအတွက် သိမ်းဆည်းရန်လမ်းကြောင်းတစ်ခုအား ပေးရပါလိမ့်မည်။ ဤဖြစ်စဉ်တွင် ဖိုင်အမည်တစ်ခုအား ပေးရန် မေးမြန်းပါလိမ့်မည်။
Atlas panel ထဲတွင် သတ်မှတ်ထားသော ဓာတ်ပုံဖိုင် format သို့မဟုတ် SVG format သို့ export ထုတ်ယူမည်ဖြစ်သည်။
သို့မဟုတ် tool ဖြင့် folder တစ်ခုကိုရွေးချယ်ရပါမည်။ Atlas feature ဖွဲ့စည်းမှုတစ်ခုချင်းစီ၏ စာမျက်နှာတစ်ခုချင်းစီအားNote
စာမျက်နှာများစွာပါဝင်သော output များဖြင့်၊ atlas တစ်ခုသည် အထွေထွေ setting များ (General settings) ပါဝင်ပြီး world file တစ်ခုရရှိမည့် စာမျက်နှာထဲတွင်သာ layout တစ်ခုကဲ့သို့ ပြုမူဆောင်ရွက်မည်ဖြစ်သည် (feature output တစ်ခုချင်းစီအတွက်)။
Tip
သီးခြား atlas feature တစ်ခုကို print ပြုလုပ်ပါ
Atlas feature တစ်ခုတည်း၏ ဖွဲ့စည်းမှုအား print သို့မဟုတ် export ပြုလုပ်လိုလျှင် ကြိုတင် ကြည့်ရှုခြင်းအား စတင်ပါ၊ drop-down စာရင်းထဲရှိ အလိုရှိသော feature ကိုရွေးချယ်ပြီး
အား click နှိပ်ပါ (သို့မဟုတ် လက်ခံနိုင်သော ဖိုင် format တစ်ခုခုသို့ ပြုလုပ်ပါ)။21.3.5.5. Atlas ဖန်တီးရာတွင် project မှသတ်မှတ်ထားသော ဆက်နွယ်ချက်များကို အသုံးပြုခြင်း (Use project defined relations for atlas creation)
HTML နှင့် Javascript ကျွမ်းကျင်သူများအတွက် GeoJSON object များပေါ်တွင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး QGIS project မှ သတ်မှတ်ထားသော ဆက်နွယ်ချက်များအား အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဤနည်းလမ်းကိုအသုံးပြုခြင်းနှင့် HTML ထဲသို့ တိုက်ရိုက်ထည့်သွင်းသော expression များအား အသုံးပြုခြင်းအကြား ခြားနားချက်မှာ ဤနည်းလမ်းကိုအသုံးပြုခြင်းသည် ၎င်းနှင့်လုပ်ကိုင်ဆောင်ရွက်ရန် ဖွဲ့စည်းပုံသေချာမရှိသော GeoJSON feature အပြည့်အစုံအား ပေးထားခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ GeoJSON feature ကိုယ်စားပြုမှုများပေါ်တွင် လုပ်ကိုင်ဆောင်ရွက်နိုင်သော ရှိနေပြီးသား Javascript library များနှင့်လုပ်ဆောင်ချက်များအား အသုံးပြုနိုင်မည်ဖြစ်သည်။
အောက်ဖော်ပြပါ code များတွင် သတ်မှတ်ထားသည့်ဆက်နွယ်ချက်မှ ဆက်စပ် child (အခွဲ) feature များအားလုံးပါဝင်ပါသည်။ JavaScript setFeature
function အား အသုံးပြုခြင်းသည် မိမိနှစ်သက်ရာ format (စာရင်းများ၊ ဇယားများ၊ အစရှိသည်) ဖြင့် ဆက်နွယ်ချက်ကို ကိုယ်စားပြုသော လိုက်လျောညီထွေဖြစ်သော HTML အား ဖန်တီးနိုင်စေပါသည်။ နမူနာ code တွင် ဆက်စပ် child feature များ၏ ပြောင်းလဲနိုင်သော စာရင်းအား ဖန်တီးခြင်းဖြစ်ပါသည်။
// Declare the two HTML div elements we will use for the parent feature id
// and information about the children
<div id="parent"></div>
<div id="my_children"></div>
<script type="text/javascript">
function setFeature(feature)
{
// Show the parent feature's identifier (using its "ID" field)
document.getElementById('parent').innerHTML = feature.properties.ID;
//clear the existing relation contents
document.getElementById('my_children').innerHTML = '';
feature.properties.my_relation.forEach(function(child_feature) {
// for each related child feature, create a list element
// with the feature's name (using its "NAME" field)
var node = document.createElement("li");
node.appendChild(document.createTextNode(child_feature.NAME));
document.getElementById('my_children').appendChild(node);
});
}
</script>
Atlas ဖန်တီးနေစဉ်အတွင်း၊ parent (မူရင်း) feature များပါဝင်သော coverage layer ပေါ်တွင် ထပ်ခါတလဲလဲ လုပ်ဆောင်မှုတစ်ခု ရှိပါလိမ့်မည်။ စာမျက်နှာတစ်ခုစီတွင် parent identifier နောက်၌ ဆက်စပ် child feature များ၏စာရင်းတစ်ခုအား တွေ့မြင်ရပါလိမ့်မည်။