21.1. ပုံထုတ်အပြင်အဆင်ဆိုင်ရာ ခြုံငုံသုံးသပ်ချက် (Overview of the Print Layout)
Print layout (ပုံထုတ်အပြင်အဆင်) သည် မြေပုံအချောသပ်ပြင်ဆင်ခြင်းနှင့် print ပြုလုပ်ခြင်း လုပ်နိုင်စွမ်းများစွာကို ရရှိစေပါသည်။ QGIS မြေပုံ canvas (မြင်ကွင်း)၊ စာသားအညွှန်းများ၊ ဓာတ်ပုံများ၊ ရည်ညွှန်းချက်များ၊ စကေးပြဘားများ၊ အခြေခံပုံသဏ္ဍာန်များ၊ မြှားများ၊ အချက်အလက်ဇယားများ နှင့် HTML ဘောင်များကဲ့သို့သော element များကို ထည့်သွင်းနိုင်ပါသည်။ Element တစ်ခုချင်းစီကို အရွယ်အစားချိန်ညှိခြင်း၊ အုပ်စုဖွဲ့ခြင်း၊ တန်းညီအောင်ညှိခြင်း၊ နေရာချထားခြင်းနှင့် လှည့်ခြင်းကို ပြုလုပ်နိုင်ပြီး layout ဖန်တီးရန်အတွက် ၎င်းတို့၏ properties (ဂုဏ်သတ္တိများ) ကို ချိန်ညှိပေးနိုင်ပါသည်။ Layout ကို print ပြုလုပ်နိုင်သလို ဓာတ်ပုံ format များ၊ PostScript ၊ PDF သို့မဟုတ် SVG များသို့ export ပြုလုပ်နိုင်ပါသည်။
21.1.1. စတင်အသုံးပြုသူများအတွက် နမူနာကဏ္ဍ (Sample Session for beginners)
Print layout နှင့်စတင်အလုပ်မလုပ်မီတွင် QGIS မြေပုံ canvas ထဲသို့ raster သို့မဟုတ် vector layer အချို့ထည့်သွင်းထားရန်လိုအပ်ပြီး မိမိ၏လိုအပ်ချက်နှင့်အညီ ၎င်းတို့၏ property များကို လိုက်လျောညီထွေလုပ်ဆောင်ရန်လိုအပ်ပါသည်။ အရာအားလုံးကို စိတ်တိုင်းကျ ပုံဖော်ပြသခြင်းနှင့် သင်္ကေတထည့်သွင်းခြင်းများပြုလုပ်ပြီးလျှင် Project toolbar ထဲရှိ New Print Layout icon ကိုနှိပ်ပါ သို့မဟုတ်
ကို ရွေးချယ်ပါ။ Layout အသစ်အတွက် ခေါင်းစဉ်တစ်ခုကို ရွေးချယ်ပေးရန် မေးမြန်းပါလိမ့်မည်။
မြေပုံတစ်ခုကို မည်သို့ဖန်တီးရမည်ကို သရုပ်ဖော်ပြသရန် ဖော်ပြပါ ညွှန်းကြားချက်များအတိုင်း လုပ်ဆောင်ပါ။
ဘယ်ဘက်ခြမ်းရှိ
Add map toolbar ကို ရွေးပြီး မောက်စ်၏ ဘယ်ဘက်ခလုတ်ကို ဖိနှိပ်ထားပြီး canvas ပေါ်တွင် ထောင့်မှန်စတုဂံ (rectangle) တစ်ခုဆွဲပါ။ QGIS မြေပုံမြင်ကွင်းသည် ဆွဲထားသော ထောင့်မှန်စတုဂံအထဲတွင် ပေါ်လာမည်ဖြစ်သည်။
Add scalebar toolbar ခလုတ်ကို ရွေးချယ်ပြီး print layout canvas ပေါ်တွင် မောက်စ်၏ ဘယ်ဘက်ခလုတ်ဖြင့် click လုပ်ပါ။ Canvas ထဲတွင် စကေးဘား တစ်ခုကို ထည့်သွင်းပေးမည်ဖြစ်သည်။
Add legend toolbar ခလုတ်ကိုရွေးချယ်ပြီး မောက်စ်၏ ဘယ်ဘက်ခလုတ်ကို ဖိနှိပ်ထားပြီး canvas ပေါ်တွင် ထောင့်မှန်စတုဂံတစ်ခုကို ဆွဲပါ။ ဆွဲထားသော ထောင့်မှန်စတုဂံအထဲတွင် legend (ရည်ညွှန်းချက်) ကို ရေးဆွဲထည့်သွင်းပေးမည်ဖြစ်သည်။
Canvas ပေါ်ရှိ မြေပုံကို ရွေးချယ်ရန်
Select/Move item icon ကိုနှိပ်ပြီး မြေပုံကိုအနည်းငယ်ရွေ့ကြည့်ပါ။
မြေပုံ item ကို ရွေးချယ်ထားနေဆဲဖြစ်လျှင် မြေပုံ item ၏အရွယ်အစားကိုလည်း ပြောင်းလဲပေးနိုင်ပါသည်။ အရွယ်အစားကို ပြောင်းလဲရန် မောက်စ်၏ ဘယ်ဘက်ခလုတ်ကို ဖိနှိပ်ထားပြီး မြေပုံ item ၏ ထောင့်လေးထောင့်ထဲမှ အဖြူရောင်ထောင့်မှန်စတုဂံအသေးလေးတစ်ခုကို click နှိပ်ကာ နေရာအသစ်တစ်ခုသို့ ဖိဆွဲ၍ရွှေ့ပါ။
ဘယ်ဘက်အောက်ခြေရှိ Item Properties panel ကို click နှိပ်ပြီး orientation (မျက်နှာမူရာ) အတွက် setting ကို ရှာဖွေပါ။ Map orientation (မြေပုံမျက်နှာမူရာ) setting ၏တန်ဖိုးကို ‘15.00° ‘ သို့ပြောင်းလဲပါ။ မြေပုံ item ၏ orientation ပြောင်းလဲသွားသည်ကို တွေ့ရမည်ဖြစ်သည်။
Print layout ကို print ပြုလုပ်နိုင်သလို
menu ထဲရှိ export ထုတ်ယူခြင်း tool များဖြင့် ဓာတ်ပုံ format များ၊ PDF သို့မဟုတ် SVG file များသို့ export ထုတ်ယူနိုင်ပါသည်။နောက်ဆုံးတွင်
Save Project ခလုတ်ကိုနှိပ်ပြီး project file အတွင်းရှိ ပြင်ဆင်ထားသော print layout ကို သိမ်းဆည်းနိုင်ပါသည်။
Print layout ထဲတွင် element များစွာကို ထည့်သွင်းနိုင်ပါသည်။ တစ်ခုထက်ပိုသောစာမျက်နှာများပေါ်တွင် print layout canvas ထဲရှိ မြေပုံမြင်ကွင်း သို့မဟုတ် ရည်ညွှန်းချက် သို့မဟုတ် စကေးဘား များကို တစ်ခုထက်ပိုပြီး ထည့်သွင်းနိုင်ပါသည်။ Element တစ်ခုချင်းစီတွင် ကိုယ်ပိုင် property များရှိပြီး မြေပုံအတွက်မူ ၎င်း၏ကိုယ်ပိုင် နယ်ပယ်အကျယ်အဝန်း (extent) ရှိပါသည်။ Delete သို့မဟုတ် Backspace key ဖြင့် layout canvas မှ မည်သည့် element ကိုမဆို ဖယ်ရှားနိုင်ပါသည်။
21.1.2. Layout စီမံခန့်ခွဲရာ (The Layout Manager)
Layout Manager သည် project ထဲရှိ print layout များကို စီမံခန့်ခွဲသည့် အဓိက window ဖြစ်ပါသည်။ ၎င်းတွင် project ထဲရှိ ရှိနေပြီးသား print layout များနှင့် report (အစီရင်ခံစာ) များကို ခြုံငုံကြည့်ရှုနိုင်ပြီး အောက်ပါတို့ကို လုပ်ဆောင်နိုင်ရန် tool များပါရှိပါသည်-
Layout တစ်ခုကို ရှာဖွေခြင်း၊
Print layout အသစ် သို့မဟုတ် အစီရင်ခံစာအသစ်ကို အသစ်မှစတင်ခြင်း၊ နမူနာ (template) မှရယူခြင်း သို့မဟုတ် ရှိနေပြီးသားတစ်ခုမှ ပုံတူပွားခြင်းဖြင့် ပေါင်းထည့်ခြင်း၊
၎င်းတို့ထဲမှတစ်ခုခုကို အမည်ပြန်ပေးခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း၊
၎င်းတို့ကို project ထဲတွင် ဖွင့်ခြင်း။
Layout manager dialog ကိုဖွင့်ရန်-
QGIS အဓိက dialog မှ Project Toolbar ထဲရှိ
menu ကိုရွေးချယ်ပါ သို့မဟုတ်Layout Manager ခလုတ်ကို နှိပ်ပါ၊
Print layout တစ်ခု သို့မဟုတ် အစီရင်ခံစာ dialog မှ Layout Toolbar ထဲရှိ
menu ကိုရွေးချယ်ပါ သို့မဟုတ်Layout Manager ခလုတ်ကို နှိပ်ပါ။

Fig. 21.1 Print Layout စီမံခန့်ခွဲသည့်အရာ
Layout manager ၏အပေါ်ဘက်အပိုင်းတွင် project ထဲရှိအသုံးပြုနိုင်သော print layout များ သို့မဟုတ် အစီရင်ခံစာများကို အောက်ပါတို့ကိုလုပ်ဆောင်ရန် tool များဖြင့် စာရင်းပြုစုပေးထားပါသည်-
ရွေးချယ်ထားမှုကိုပြသပါ - များစွာသော အစီရင်ခံစာများ နှင့်/သို့မဟုတ် print layout (များ) ကိုရွေးချယ်နိုင်ပြီး click တစ်ချက်နှိပ်ကာ ဖွင့်နိုင်ပါသည်။ အမည်တစ်ခုပေါ်တွင် click နှစ်ချက်နှိပ်ပြီးလည်း ဖွင့်နိုင်ပါသည်၊
ရွေးချယ်ထားသော print layout သို့မဟုတ် အစီရင်ခံစာကို ပုံတူပွားပါ (item တစ်ခုကို ရွေးချယ်ထားမှာသာ ရရှိနိုင်ပါမည်) - ရွေးချယ်ထားသောတစ်ခုကို template (နမူနာ) အနေဖြင့်အသုံးပြုပြီး dialog အသစ်တစ်ခုကို ဖန်တီးပေးပါသည်။ Layout အသစ်အတွက် ခေါင်းစဉ်အသစ်တစ်ခုကို ရွေးချယ်ရန် မေးမြန်းပါလိမ့်မည်၊
အစီရင်ခံစာ သို့မဟုတ် layout ကို အမည်ပြန်ပေးပါ (item တစ်ခုကို ရွေးချယ်ထားမှာသာ ရရှိနိုင်ပါမည်) - Layout အတွက် ခေါင်းစဉ်အသစ်တစ်ခုကို ရွေးချယ်ရန် မေးမြန်းပါလိမ့်မည်၊
Layout ကိုဖယ်ရှားပါ - ရွေးချယ်ထားသော print layout (များ) ကို project မှ ဖယ်ရှားပေးပါလိမ့်မည်။
အောက်ဘက်အပိုင်းတွင် print layout အသစ်များ သို့မဟုတ် အစီရင်ခံစာအသစ်များကို အသစ်တစ်ခု သို့မဟုတ် template (နမူနာ) တစ်ခုမှ ဖန်တီးနိုင်ပါသည်။ ပုံမှန်အားဖြင့် QGIS သည် template များကို အသုံးပြုသူ profile နှင့် application template လမ်းကြောင်းများထဲတွင် ရှာဖွေမည်ဖြစ်သလို (Frame ၏အောက်ခြေရှိ ခလုတ်နှစ်ခုဖြင့် အသုံးပြုနိုင်သည်) Path(s) to search for extra print templates (အပို print template များကိုရှာဖွေရန် လမ်းကြောင်းများ) အနေဖြင့် သတ်မှတ်ထားသော မည်သည့် folder ထဲတွင်မဆို ရှာဖွေမည်ဖြစ်ပါသည်။ ရှာဖွေတွေ့ရှိသော template များကို combobox ထဲတွင် စာရင်းပြုစုထားမည်ဖြစ်သည်။ Item တစ်ခုကို ရွေးချယ်ပြီး Create ခလုတ်ကိုနှိပ်ကာ အစီရင်ခံစာအသစ်တစ်ခု သို့မဟုတ် print layout အသစ်တစ်ခုကို ဖန်တီးနိုင်ပါသည်။
ထဲရှိစိတ်ကြိုက် folder တစ်ခုမှ layout template များကိုလည်း အသုံးပြုနိုင်ပါသည်။ ထိုသို့လုပ်ရန်အတွက် template များ drop-down (ရွေးချယ်နိုင်သော) စာရင်းထဲတွင် specific (သီးသန့်) ကိုရွေးချယ်ပြီး template ရှိရာနေရာသို့သွားရောက်ကာ Create ကိုနှိပ်ပါ။
Tip
Browser panel မှ template ကိုအခြေခံသော print layout များ ဖန်တီးခြင်း
File browser တစ်ခုခုမှ print layout template .qpt
file တစ်ခုကို မြေပုံ canvas ပေါ်သို့ Drag-and-drop (ဖိဆွဲပြီးထည့်) လုပ်ပါ သို့မဟုတ် Browser panel ထဲရှိ ၎င်း file ကို click နှစ်ချက်နှိပ်ပြီး template မှ print layout အသစ်တစ်ခုကို ဖန်တီးပါ။