21.2.11. အရာဝတ္ထုများ (The Shape Items)

QGIS တွင် print layout (ပုံထုတ်အပြင်အဆင်) ပေါ်၌ ပုံမှန် သို့မဟုတ် ပိုမိုရှုပ်ထွေးသော ပုံသဏ္ဍာန်များရေးဆွဲရန် ကိရိယာများကို ပံ့ပိုးပေးထားပါသည်။

Note

အခြား print layout item များနှင့်မတူသည့်အချက်မှာ ပုံသဏ္ဍာန်ဘောင်၏ စတိုင် သို့မဟုတ် နောက်ခံအရောင်ကို ပြောင်းလဲ၍မရခြင်းဖြစ်သည် (Default အားဖြင့် transparent ဟုသတ်မှတ်ထားသည်)။

21.2.11.1. ပုံသဏ္ဍာန်မှန် အရာများ (The Regular Shape Item)

Shape item သည် တြိဂံ၊ ထောင့်မှန်စတုဂံနှင့် ဘဲဥပုံသဏ္ဍာန်များ…ကဲ့သို့သော ပုံမှန် ပုံသဏ္ဍာန်များဖြင့် မြေပုံအားအလှဆင်နိုင်မည့် tool တစ်ခုဖြစ်သည်။ သီးသန့် tool များဖြစ်သော addBasicRectangle Add RectangleaddBasicCircle Add Ellipse နှင့် addBasicTriangle Add Triangle တို့ကိုရယူအသုံးပြုနိုင်သည့် addBasicShape Add Shape tool မှတစ်ဆင့် ပုံမှန် ပုံသဏ္ဍာန်တစ်ခုကိုထည့်သွင်းနိုင်သည်။ သင့်တော်သော tool ကိုရွေးချယ်ပြီးသည်နှင့် item များဖန်တီးခြင်းဆိုင်ရာ ညွှန်ကြားချက်များ ကိုလိုက်နာ၍ item ကိုရေးဆွဲနိုင်ပြီဖြစ်သည်။ အခြား layout item များကဲ့သို့ပင် ပုံမှန် ပုံသဏ္ဍာန်တစ်ခုအား Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ပြသထားသည့်နည်းလမ်းအတိုင်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။

Note

အခြေခံပုံသဏ္ဍာန်တစ်ခုကို click နှိပ်၍ drag ဆွဲခြင်းနည်းလမ်းအသုံးပြု၍ ဆွဲသည့်အခါ Shift ခလုတ်ကိုဖိထားခြင်းဖြင့် ပြည့်စုံသေသပ်သောစတုရန်း၊ စက်ဝိုင်း သို့မဟုတ် တြိဂံတစ်ခုဖန်တီးနိုင်မည်ဖြစ်သည်။

Default ပါဝင်သည့် ပုံသဏ္ဍာန် ကို ၎င်း၏ Item Properties panel အားအသုံးပြု၍ စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ item များ၏ဘုံဂုဏ်သတ္တိများ အပြင် ဤ feature တွင်အောက်ပါလုပ်ဆောင်ချက်များပါရှိသည် (Fig. 21.59 ကိုကြည့်ပါ)-

../../../../_images/shape_properties.png

Fig. 21.59 ပုံသဏ္ဍာန် Item ဂုဏ်သတ္တိများ Panel

ပေးထားသော frame အတွင်းတွင် Main properties အုပ်စုဖြင့် ပုံသဏ္ဍာန်၏အမျိုးအစား (ဘဲဥပုံသဏ္ဍာန်ထောင့်မှန်စတုဂံ သို့မဟုတ် တြိဂံ) ကိုကြည့်ရှုနိုင်၍ ပြောင်းလဲနိုင်သည်။

အဆင့်မြင့် သင်္ကေတ နှင့် အရောင် ရွေးချယ်ပေးသည့်အရာ widget…တို့အားအသုံးပြု၍ ပုံသဏ္ဍာန်၏ style အားသတ်မှတ်နိုင်သည်

ထောင့်မှန်စတုဂံပုံသဏ္ဍာန်အတွက် ထောင့်စွန်းများကိုလုံးရန် Corner radius ၏တန်ဖိုးကို အမျိုးမျိုးသော ယူနစ်များဖြင့် သတ်မှတ်နိုင်သည်။

21.2.11.2. အမှတ်များကိုအခြေခံသည့် ပုံသဏ္ဍာန်များ (The Node-Based Shape Items)

addBasicShape Add Shape tool ဖြင့် ရိုးရှင်း၍ ကြိုတင်သတ်မှတ်ထားသောသမားရိုးကျ ဂျီဩမေတြီ ပုံသဏ္ဍာန်များ ဖန်တီးနိုင်မည်ဖြစ်ပြီး addNodesShape Add Node Item tool ဖြင့် ပို၍အဆင့်မြင့်သော ဂျီဩမေတြီ item များကို စိတ်ကြိုက်ဖန်တီးနိုင်မည်ဖြစ်သည်။

Polyline များ သို့မဟုတ် polygon များအတွက် အလိုရှိသလောက် မျဉ်းများ သို့မဟုတ် အနားများကို ရေးဆွဲနိုင်ပြီး editNodesShape Edit Nodes Item အားအသုံးပြု၍ item များ၏ vertex (မျဉ်းအဆစ်) များကို မည်သည့်အရာကိုမျှမမှီခိုဘဲ တိုက်ရိုက်ကိုင်တွယ်နိုင်မည်ဖြစ်သည်။ Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ဖော်ပြထားသည့်အတိုင်း ပုံသဏ္ဍာန် အား ကိုင်တွယ်နိုင်မည်ဖြစ်သည်။

အဆစ်များကိုအခြေခံသည့် ပုံသဏ္ဍာန်တစ်ခုကိုထည့်သွင်းရန်-

  1. addNodesShape Add Node Item သင်္ကေတပေါ်တွင် Click နှိပ်ပါ။

  2. addPolygon Add Polygon tool ကိုဖြစ်စေ addPolyline Add Polyline tool ကိုဖြစ်စေရွေးချယ်ပါ။

  3. Item တွင် အဆစ်များထည့်ရန်အတွက် left click များဆက်တိုက်နှိပ်သွားပါ။ Segment (မျဉ်းပိုင်း) တစ်ခုဆွဲနေချိန်တွင် Shift ခလုတ်ကို ဖိထားပါက 45° ၏ ဆတိုးဖြစ်သော ဦးတည်ရာများအတိုင်း ကန့်သတ်ရွေ့လျားမည်ဖြစ်သည်။

  4. လုပ်ဆောင်ပြီးသောအခါ right-click နှိပ်၍ ပုံသဏ္ဍာန်ကို အပြီးသတ်ပါ။

Item Properties panel ထဲတွင် ပုံသဏ္ဍာန်၏အသွင်အပြင်အားစိတ်ကြိုက်ပြင်ဆင်နိုင်သည်။

../../../../_images/shape_nodes_properties.png

Fig. 21.60 Polygon အဆစ်ပုံသဏ္ဍာန် Item ဂုဏ်သတ္တိများ Panel

Main properties ထဲတွင် အဆင့်မြင့် သင်္ကေတ နှင့် အရောင် ရွေးချယ်ပေးသည့်အရာ widget… အားအသုံးပြု၍ ပုံသဏ္ဍာန်၏ style အားသတ်မှတ်နိုင်သည်။

Polyline အဆစ် item များအတွက် Line markers (လိုင်းအမှတ်အသား) များအားစိတ်ကြိုက်ပြင်ဆင်နိုင်သည်၊ ဆိုလိုသည်မှာ-

  • ရွေးချယ်စရာများဖြင့် အစ နှင့်/သို့မဟုတ် အဆုံး အမှတ်အသားများထည့်သွင်းရန်-

    • None - ရိုးရှင်းသော polyline တစ်ခုကိုဆွဲပေးသည်။

    • Arrow - စိတ်ကြိုက်ပြင်ဆင်နိုင်မည့် ပုံမှန် တြိဂံပုံ မြှားခေါင်းတစ်ခုကိုထည့်သွင်းပေးသည်။

    • SVG အမှတ်အသား - SVG file တစ်ခုအား item ၏မြှားခေါင်းတစ်ခုအဖြစ်အသုံးပြုပေးသည်။

  • မြှားခေါင်းကိုစိတ်ကြိုက်ပြင်ဆင်ရန်-

    • Arrow stroke color - မြှားခေါင်း၏အပြင်အနားသတ်အ‌ရောင်ကိုသတ်မှတ်ပေးသည်။

    • Arrow fill color - မြှားခေါင်း၏အတွင်းဖြည့်ထားသည့်အရောင်ကိုသတ်မှတ်ပေးသည်။

    • Arrow stroke width - မြှားခေါင်း၏အပြင်အနားသတ်အထူကိုသတ်မှတ်ပေးသည်။

    • Arrow head width - မြှားခေါင်း၏အရွယ်အစားကိုသတ်မှတ်ပေးသည်။

SVG ပုံများသည် မျဉ်းများ၏ ဦးတည်ရာအတိုင်းလိုက်၍ အလိုအလျောက် လှည့်နိုင်သည်။ QGIS တွင်ကြိုတင်သတ်မှတ်ထားသော SVG ပုံများ၏ Stroke (အပြင်အနားသတ်) အရောင် နှင့် Fill (အဖြည့်) အရောင်များကို သက်ဆိုင်ရာရွေးချယ်စရာများကိုအသုံးပြု၍ ပြောင်းလဲနိုင်သည်။ SVG ကို စိတ်ကြိုက်ပြင်ဆင်ရာတွင် ဤ ညွှန်ကြားချက် ကိုလိုက်နာရန်လိုအပ်နိုင်သည်။

../../../../_images/arrow_properties.png

Fig. 21.61 Polyline အဆစ်ပုံသဏ္ဍာန် Item ဂုဏ်သတ္တိများ Panel

မြှား (The Arrow Item)

addArrow Add Arrow tool သည် default အားဖြင့် မြှားပါဝင်သော polyline တစ်ခုကိုဖန်တီးရန် ဖြတ်လမ်းတစ်ခုဖြစ်သောကြောင့် ၎င်း၏ ဂုဏ်သတ္တိများနှင့် အလုပ်လုပ်ပုံမှာ polyline node item နှင့်တူညီသည်။

အမှန်တွင် ရိုးရှင်းသော မြှားတစ်ခုကို ထည့်ရန် မြှား item ကိုအသုံးပြုနိုင်သည်၊ ဥပမာအားဖြင့် မတူညီသော print layout item နှစ်ခုကြားရှိ ဆက်နွယ်မှုကိုညွှန်ပြလိုသည့်အခါဖြစ်သည်။ သို့သော်လည်း မြောက်အရပ်ပြမြှားတစ်ခုကို ဖန်တီးရာတွင် မြေပုံ item တစ်ခုနှင့် sync လုပ်နိုင်ပြီး ၎င်းမြေပုံ item အတိုင်း အလိုအလျောက်လှည့်ပေးနိုင်သော .SVG format ဖြင့် မြောက်အရပ်ပြမြှားသို့ image item သည်ဝင်ရောက်ခွင့်ပေးသောကြောင့် ၎င်း image item အား ဦးစွာ စဉ်းစားသင့်ပါသည်။

အဆစ် ဂျီဩမေတြီတစ်ခုကို တည်းဖြတ်ပြင်ဆင်ခြင်း (Editing a node item geometry)

editNodesShape Edit Nodes Item ဖြင့် အဆစ်အခြေခံသည့်ပုံသဏ္ဍာန်များကို တည်းဖြတ်ရန် သီးသန့် tool တစ်ခုကို ပံ့ပိုးပေးထားသည်။ ဤ mode အတွင်းတွင် အဆစ်တစ်ခုပေါ်တွင် click နှိပ်ခြင်းဖြင့် ၎င်းကိုရွေးချယ်နိုင်သည် (ရွေးချယ်ထားသော အဆစ်ပေါ်တွင် အမှတ်အသားတစ်ခုအားပြသပေးသည်)။ ရွေးချယ်ထားသော အဆစ်တစ်ခုအား drag ဆွဲခြင်းဖြင့်ဖြစ်စေ ကီးဘုဒ်မှ မြှားခလုတ်များ အသုံးပြုခြင်းဖြင့်ဖြစ်စေ ရွှေ့နိုင်သည်။ ထို့အပြင် ဤ mode တွင် ရှိပြီးသားပုံသဏ္ဍာန်တစ်ခုသို့ အဆစ်များထည့်သွင်းနိုင်သည်- မျဉ်းပိုင်းတစ်ခုပေါ်တွင် click နှစ်ချက်နှိပ်ပါက click နှိပ်သောနေရာတွင် အဆစ်တစ်ခုထည့်ပြီးသားဖြစ်သွားမည်။ နောက်ဆုံးတွင် Del ခလုတ်အားနှိပ်၍ လက်ရှိရွေးချယ်ထားသောအဆစ်အားဖယ်ရှားနိုင်မည်ဖြစ်သည်။