17.29. အခြားပရိုဂရမ်များ (Other programs)
မော်ဂျူးကို Paolo Cavallini - Faunalia မှ ပါဝင်ကူညီထားပါသည်။
Note
ဤသင်ခန်းစာတွင် အတွင်းပိုင်း Processing မှ အခြားထပ်ဆောင်းပရိုဂရမ်များကို မည်သို့အသုံးပြုရမည်ကို ပြသပေးမည်ဖြစ်ပါသည်။ သင့်တော်သော package များကို install ပြုလုပ်ထားရပါမည်။
17.29.1. GRASS
GRASS သည် geospatial data စီမံခန့်ခွဲမှုနှင့် analysis ၊ image processing ၊ ဂရပ်ဖစ်များနှင့် မြေပုံထုတ်လုပ်ခြင်း၊ spatial modeling ၊ နှင့် ပုံဖော်ပြသခြင်းတို့အတွက် အခမဲ့အသုံးပြုနိုင်သော GIS software suite တစ်ခုဖြစ်ပါသည်။
Windows များတွင် OSGeo4W standalone installer (32 and 64 bit) မှတဆင့် default အနေဖြင့် GRASS ကို install ပြုလုပ်ပေးပါသည်၊ ၎င်းတွင် အဓိက Linux distribution များအားလုံးအတွက် ပါဝင်ပါသည်။
17.29.2. R
R သည် စာရင်းအင်းအချက်အလက်ဆိုင်ရာတွက်ချက်ခြင်းနှင့် ဂရပ်ဖစ်များအတွက် အခမဲ့အသုံးပြုနိုင်သော software environment တစ်ခုဖြစ်ပါသည်။
လိုအပ်သော library (LIST) အနည်းငယ်နှင့်အတူ R ကို သီးခြား install ပြုလုပ်ပေးရပါမည်။ QGIS ထဲတွင် R ကိုအသုံးပြုနိုင်စေရန် Processing R Provider plugin ကိုလည်း install ပြုလုပ်ပေးရပါမည်။
Processing implementation ၏ အဓိကအချက်သည် ရိုးရှင်းသော သို့မဟုတ် ရှုပ်ထွေးသော သင့်ကိုယ်ပိုင် script များကိုထည့်သွင်းပေးနိုင်ပြီး ၎င်းတို့ကို အခြားသောမော်ဂျူးတစ်ခုခုအဖြစ် အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။
R ကို install ပြုလုပ်ထားပြီးသားဖြစ်ပါက (Processing ၏ General configuration မှ R မော်ဂျူးကို activate လုပ်ရန် မမေ့ပါနှင့်) ကြိုပေးထားသော ဥပမာအချို့ကို စမ်းသပ်ကြည့်ပါ။
17.29.3. အခြားသောအရာများ (Others)
LASTools သည် LiDAR data များကို process လုပ်ရန်နှင့် ဆန်းစစ်လေ့လာရန် အခမဲ့ နှင့် စီးပွားဖြစ် command များကို ရောထားသောအစုတစ်ခုဖြစ်ပါသည်။ Operating system အမျိုးမျိုးပေါ်မူတည်ပြီး ရရှိနိုင်မှု ကွဲပြားပါသည်။
ထပ်ဆောင်း plugin များမှတဆင့် နောက်ထပ် tool များအသုံးပြုနိုင်ပါသည်၊ ဥပမာ-
LecoS: မြေယာဖုံးလွှမ်းမှု စာရင်းအင်းအချက်အလက်များနှင့် တောတောင်ရေမြေ ဂေဟဗေဒ အတွက် suite တစ်ခုဖြစ်ပါသည်။
lwgeom: PostGIS ၏အစိတ်အပိုင်းဟောင်းဖြစ်ပြီး၊ ဤ library တွင် ဂျီဩမေတြီ သန့်စင်ခြင်းအတွက် အသုံးဝင်သော tool အချို့ပါဝင်ပါသည်။
Animove: တိရစ္ဆာန်များ၏ နေထိုင်ရာ အကွာအဝေးအပိုင်းအခြားကို ဆန်းစစ်လေ့လာရန် tool များဖြစ်ပါသည်။
နောက်ထပ် tool များလာပါဦးမည်။
17.29.4. Backends များအကြား နှိုင်းယှဉ်ချက် (Comparison among backends)
ကြားခံဇုန်များနှင့် အကွာအဝေးများ (Buffers and distances)
points.shp
ကိုထည့်သွင်းပြီး Toolbox ၏ filter ထဲတွင် buf
ဟုရိုက်ပြီး ၎င်းပေါ်တွင် click နှစ်ချက်နှိပ်ပါ-
: Distance 10000
: Distance field SIZE
: distance 10000
: bufcolumn SIZE
: ပုံသေတန်ဖိုး 10000 (dissolve လုပ်ခြင်းနှင့် dissolve မလုပ်ခြင်း)၊ attribute field (scaling ဖြင့်)
လုပ်ဆောင်မှုမြန်နှုန်း မည်မျှကွာခြားသည်ကို ကြည့်ပါ၊ မတူညီသော option များလည်းရရှိနိုင်ပါသည်။
ဖတ်ရှုသူများအတွက် လေ့ကျင့်ခန်း - မတူညီသော နည်းလမ်းများအကြား ဂျီဩမေတြီ output များထဲရှိ ကွာခြားချက်ကိုရှာပါ။
ယခုအခါ raster buffer များနှင့် အကွာအဝေးများဖြစ်ပါသည်-
ဦးစွာ
rivers.shp
vector ကို ထည့်သွင်းပြီး ဖြင့် vector ကို raster အဖြစ်သို့ပြောင်းလဲပါ၊ သတိထားရန်- cell size ကို 100 မီတာ သတ်မှတ်ထားရပါမည်၊ ထိုသို့မဟုတ်ပါက တွက်ချက်ချိန်များစွာ ကြာမြင့်ပါလိမ့်မည်၊ ရလာဒ်မြေပုံတွင် 1 နှင့် NULLs တန်ဖိုးများရှိပါလိမ့်မည်။အသုံးပြုပြီး ထိုအတိုင်း လုပ်ဆောင်ပါ (ရလာဒ်မြေပုံ- 6 မှ 60 အထိ)
ထို့နောက်
(GRASS အတွက် value=1 ၊ SAGA အတွက် rivers ID list) ကိုလုပ်ဆောင်ပါ၊ ကို 1000 ၊ 2000 ၊ 3000 parameter များဖြင့်လုပ်ဆောင်ပါ၊ (မြေပုံနှစ်ခုမှ ပထမမြေပုံ၊ SAGA raster တွင်လုပ်ဆောင်ပါက ဒုတိယမြေပုံသည် river တစ်ခုချင်းစီနှင့်သက်ဆိုင်သော ဧရီယာများကိုပြသပါလိမ့်မည်) ကိုလုပ်ဆောင်ပါ။
Dissolve
ဘုံဖြစ်သော Attribute တစ်ခုပေါ်အခြေခံ၍ feature များကို ပေါင်းစပ်ပေးပါသည်-
municipalities.shp
on PROVINCIAmunicipalities.shp
on PROVINCIAmunicipalities.shp
on PROVINCIAmunicipalities.shp
on PROVINCIA (NB: Keep inner boundaries ကို select မလုပ်ထားရပါ)
Note
နောက်ဆုံးတစ်ခုသည် SAGA <=2.10 နှင့်အောက် ဗားရှင်းများတွင် ပျက်နေပါသည်။
ဖတ်ရှုသူများအတွက် လေ့ကျင့်ခန်း - မတူညီသောနည်းလမ်းများအကြား ကွာခြားချက် (ဂျီဩမေတြီနှင့် attribute များ) ကိုရှာပါ။