17.32. ဆိုလာတပ်ဆင်မှုတစ်ခုအတွက် စီစဉ်ခြင်း (Planning a solar farm)
မော်ဂျူးကို Paolo Cavallini - Faunalia မှ ပါဝင်ကူညီထားပါသည်။
Note
ဤသင်ခန်းစာတွင် photovoltaic (အလင်းရောင်ဖြင့် လျှပ်စစ်ထုတ်ပေးနိုင်သော) power station တစ်ခုဆောက်လုပ်ရန် သင့်လျော်သည့်ဧရိယာများကို ရှာဖွေရန် criteria (သတ်မှတ်ချက်) များစွာကို မည်ကဲ့သို့အသုံးပြုရမည်ကို လေ့လာရပါမည်။
ပထမဦးစွာ DTM မှ aspect (မျက်နှာမူရာအရပ်) မြေပုံတစ်ခုဖန်တီးပါ-
[Data type: int; cell size:100]
GRASS တွင် aspect ကို ဒီဂရီဖြင့်တွက်ချက်ပြီး အရှေ့ဘက်မှစတင်ပြီး နာရီလက်တံပြောင်းပြန် သွားပါသည်။ တောင်ဘက်ကိုသာ မျက်နှာမူသော slope (270 ဒီဂရီ +- 45) များကို ထုတ်ယူရန် ၎င်းကို reclassify ပြုလုပ်နိုင်ပါသည်-
အောက်ပါ rule များဖြင့်:
225 thru 315 = 1 south
* = NULL
ပေးထားသော reclass_south.txt
စာသားဖိုင်ကို အသုံးပြုနိုင်ပါသည်။ ထိုသို့သော ရိုးရိုးစာသားဖိုင်များဖြင့် အလွန်ရှုပ်ထွေးသော reclassification များကိုလည်း ဖန်တီးနိုင်သည်ကို မှတ်သားထားပါ။
Solar Farm ကြီးကြီးတစ်ခုတည်ဆောက်လိုသောကြောင့် ကျယ်ပြန့်ပြီးကပ်လျက်ရှိသောဧရိယာ (100 ဟက်တာအထက်) များကိုသာ ရွေးချယ်ပါသည်-
နောက်ဆုံးတွင် vector တစ်ခုအဖြစ်သို့ ပြောင်းလဲပါသည်-
[Feature type: area; Smooth corners: yes]
ဖတ်ရှုသူများအတွက် လေ့ကျင့်ခန်း - GRASS command များကို အခြားသောပရိုဂရမ်များမှ ဆင်တူဖြစ်သော command များဖြင့် အစားထိုးပြီး analysis ကိုထပ်မံလုပ်ဆောင်ပါ။