21.2.10. HTML အကွက် (The HTML Frame Item)

Website တစ်ခု၏ အကြောင်းအရာများကို ပြသသည့် frame တစ်ခု ကိုထည့်နိုင်သကဲ့သို့ ကိုယ်ပိုင် HTML စာမျက်နှာကို ဖန်တီး၍ style ပြင်ဆင်ပြီး ၎င်းကို ပြသနိုင်သည်။ Item များဖန်တီးခြင်း ညွှန်ကြားချက်များ ကို လိုက်နာပြီး addHtml Add HTML ကိုသုံး၍ ရုပ်ပုံတစ်ခုကိုထည့်နိုင်ပြီး ၎င်းကို Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) (Layout item များနှင့်အပြန်အလှန်လုပ်ဆောင်ခြင်း) တွင်တွေ့ရသည့်အတိုင်း စီမံခန့်ခွဲနိုင်သည်။ မှတ်သားထားရမည်မှာ HTML frame ကို ဖန်တီးချိန်တွင်ရှိသော layout export resolution (ကြည်လင်ပြတ်သားမှု) ဖြင့် HTML scale ကိုထိန်းချုပ်ထားပါသည်။

HTML item အား ၎င်း၏ Item Properties ကို အသုံးပြု၍ စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ Items common properties များအပြင် ဤ feature တွင် အောက်ပါ လုပ်ဆောင်ချက်များပါရှိသည် (Fig. 21.55 ကိုကြည့်ပါ)-

../../../../_images/html_properties.png

Fig. 21.55 HTML Frame၊ Item ဂုဏ်သတ္တိများ Panel

21.2.10.1. HTML ရင်းမြစ် (HTML Source)

HTML frame Item Properties panel ၏ HTML Source အုပ်စုတွင် အောက်ပါလုပ်ဆောင်ချက်များပါရှိပါသည် (Fig. 21.56 ကိုကြည့်ပါ)-

../../../../_images/html_source.png

Fig. 21.56 HTML frame ၊ HTML Source ဂုဏ်သတ္တိများ

  • URL အကွက်တွင် အင်တာနက် browser မှ ကူးယူခဲ့သော web စာမျက်နှာတစ်ခု၏ URL ကို ထည့်သွင်းနိုင်သည် သို့မဟုတ် Browse ခလုတ်ကို အသုံးပြု၍ HTML ဖိုင်တစ်ခုကို ရွေးချယ်နိုင်သည်။ Table တစ်ခု၏ attribute field ထဲရှိအကြောင်းအရာများမှ URL တစ်ခုအားထည့်သွင်း၍ဖြစ်စေ ပုံမှန် expression တစ်ခုကို အသုံးပြု၍ဖြစ်စေ dataDefine :sup: Data-defined override ခလုတ်ကိုလည်း အသုံးပြုနိုင်ပါသည်။

  • Source ထဲရှိ textbox တွင် HTML tag အချို့ဖြင့် စာသားရိုက်ထည့်နိုင်သည် သို့မဟုတ် HTML စာမျက်နှာတစ်ခုလုံးကို ထည့်သွင်းဖော်ပြနိုင်သည်။

  • လက်ရှိနှစ်ကိုပြသရန် အရင်းအမြစ် textbox တွင် [%Year($now)%] ကဲ့သို့သော expression တစ်ခုကို ပေါင်းထည့်ရန် Insert or Edit an Expression… ခလုတ်အား အသုံးပြုနိုင်ပါသည်။ ဤခလုတ်သည် radiobutton Source ကိုရွေးချယ်လိုက်သောအခါမှသာ အသက်ဝင်ပါသည်။ Expression အားထည့်သွင်းပြီးနောက် HTML frame အား refresh မလုပ်မီ textbox ထဲမှတစ်နေရာရာတွင် click နှိပ်ပါ မဟုတ်လျှင် expression ကို ဆုံးရှုံးပါလိမ့်မည်။

  • ထည့်သွင်းခဲ့သော expression ၏ ရလာဒ်ကို ကြည့်ရန် checkbox Evaluate QGIS expressions in HTML code ကို Activate လုပ်ပါ။ မလုပ်လျှင် expression ကိုသာတွေ့ရပါမည်။

  • HTML frame (များ) ကို refresh လုပ်ရန်နှင့် အပြောင်းအလဲများ၏ ရလာဒ်ကိုကြည့်ရှုရန် Refresh HTML ခလုတ်ကို အသုံးပြုပါ။

21.2.10.2. ဘောင်များ (Frames)

HTML frame Item Properties panel ၏ Frames အုပ်စုတွင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည် (Fig. 21.57 ကိုကြည့်ပါ)-

../../../../_images/html_frame.png

Fig. 21.57 HTML frame၊ Frame ၏ဂုဏ်သတ္တိများ

  • Resize mode ကိုအသုံးပြု၍ HTML အကြောင်းအရာများကို မည်သို့ ပုံဖော်ပြသမည်ကိုရွေးချယ်နိုင်သည်-

    • Use existing frames သည် ပထမဆုံး frame နှင့် ပေါင်းထည့်ထားသော frame များတွင်သာ ရလာဒ်ကို ပြပေးသည်။

    • Extend to next page သည် web စာမျက်နှာတစ်ခုလုံးကို ပြသရန် လိုအပ်သလောက် frame များ (နှင့်သက်ဆိုင်ရာ စာမျက်နှာများ) ကိုဖန်တီးမည်ဖြစ်သည်။ Frame တစ်ခုချင်းစီကို layout ပေါ်တွင် ရွှေ့ပြောင်းနိုင်ပါသည်။ Frame တစ်ခုအား အရွယ်အစားပြောင်းလဲခြင်းဖြင့် web စာမျက်နှာကို အခြား frame များကြားတွင် ပိုင်းခြားသွားမည်ဖြစ်သည်။ Web စာမျက်နှာနှင့် အံဝင်ခွင်ကျဖြစ်စေရန် နောက်ဆုံး frame ကိုဖြတ်တောက်ရမည်ဖြစ်သည်။

    • Repeat on every page သည် စာမျက်နှာတိုင်းတွင် အရွယ်အစားတူ frame များဖြင့် web စာမျက်နှာ၏ ဘယ်ဘက်အပေါ်ပိုင်းကို repeat (ထပ်ခါတလဲလဲလုပ်ဆောင်) လုပ်ပေးမည်ဖြစ်သည်။

    • Repeat until finished သည် Extend to next page ရွေးချယ်မှုကဲ့သို့ပင် frame များကိုလိုအပ်သလောက်ဖန်တီးမည်ဖြစ်ပြီး ခြွင်းချက်အနေနှင့် အရွယ်အစားတူ frame များကိုသာဖန်တီးမည်ဖြစ်သည်။

  • ရွေးချယ်ထားသော frame နှင့် အရွယ်အစားတူ အခြား frame ကို ထည့်ရန် Add Frame ခလုတ်ကို အသုံးပြုပါ။ HTML စာမျက်နှာသည် ပထမဆုံး frame တွင် မဆံ့ပါက Resize mode သို့မဟုတ် Use existing frames ကိုအသုံးပြုသောအခါ ၎င်းသည်နောက် frame တစ်ခုသို့ ဆက်လက်၍သွားမည်ဖြစ်သည်။

  • checkbox Don’t export page if frame is empty ကိုအမှန်ခြစ်ပေးထားခြင်းဖြင့် frame တွင် HTML အကြောင်းအရာများမပါရှိဘဲ စာမျက်နှာအား export လုပ်မိခြင်းမှကာကွယ်ပေးမည်ဖြစ်သည်။ မြေပုံများ၊ စကေးဘားများ၊ ရည်ညွှန်းချက်များ စသည်တို့ကဲ့သို့ အခြား layout item များအား ရလာဒ်ထဲတွင် မြင်ရလိမ့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

  • checkbox Don’t draw background if frame is empty ကိုအမှန်ခြစ်ပေးထားခြင်းဖြင့် frame အလွတ်ဖြစ်နေချိန်တွင် HTML frame ကို မဆွဲမိစေရန်ကာကွယ်ပေးမည်ဖြစ်သည်။

21.2.10.3. သေသပ်သော စာမျက်နှာ အခွဲများနှင့် ကိုယ်ပိုင် style အသုံးပြုခြင်း (Use smart page breaks and User style sheet)

HTML frame Item Properties panel မှ Use smart page breaks dialog နှင့် User style sheet dialog တို့တွင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည် (Fig. 21.58 ကိုကြည့်ပါ)-

../../../../_images/html_breaks.png

Fig. 21.58 HTML frame၊ Smart page break များနှင့် User style sheet ဂုဏ်သတ္တိများ

  • HTML frame အတွင်းရှိ အကြောင်းအရာများအား စာကြောင်းတစ်ကြောင်း၏အလယ်တွင် ပြတ်သွားခြင်းမရှိဘဲ နောက် frame တစ်ခုသို့ ကောင်းမွန်ချောမွေ့စွာ ဆက်သွားနိုင်စေရန်အတွက် checkbox Use smart page breaks ကို Activate လုပ်ပါ။

  • HTML ထဲတွင် page break နေရာများကိုတွက်ချက်သည့်အခါ ခွင့်ပြုမည့် Maximum distance အားသတ်မှတ်ပါ။ ဤအကွာအဝေးသည် အကောင်းဆုံး break တည်နေရာကိုဆုံးဖြတ်တွက်ချက်ပြီးနောက် frame တစ်ခု၏အောက်ခြေတွင် ခွင့်ပြုထားသော အများဆုံးနေရာလွတ်ပမာဏဖြစ်သည်။ ပိုကြီးသောတန်ဖိုးတစ်ခုကိုသတ်မှတ်ခြင်းဖြင့် page break နေရာများရွေးချယ်ရာတွင် ပိုမိုကောင်းမွန်သောရလာဒ်ရရှိနိုင်သော်လည်း frame များ၏ အောက်ခြေတွင်နေရာအလေအလွင့်ပိုများလာနိုင်သည်။ Use smart page breaks ကိုဖွင့်ထားချိန်တွင်သာ ၎င်းကိုအသုံးပြုပါသည်။

  • Cascading (ပမာဏများများနှင့်လျင်လျင်မြန်မြန် အောက်သို့ကျနေသော) style sheet များတွင် တွေ့ရလေ့ရှိသော HTML style များကို အသုံးပြုရန် checkbox User style sheet ကိုအမှန်ခြစ်ပေးပါ။ <h1> ခေါင်းစီး tag ၏အရောင်ကိုအစိမ်းရောင်သို့ပြောင်းရန် နှင့် စာပိုဒ် tags <p> များတွင်ပါဝင်သော စာသားများ၏ စာလုံးပုံစံနှင့် စာလုံးအရွယ်အစားကို သတ်မှတ်ရန် အောက်တွင် style code ဥပမာတစ်ခုကိုပေးထားပါသည်။

    h1 {color: #00ff00;
    }
    p {font-family: "Times New Roman", Times, serif;
       font-size: 20px;
    }
    
  • Style sheet setting များ၏ ရလာဒ်ကိုကြည့်ရှုရန် Update HTML ခလုတ်ကို အသုံးပြုပါ။