21.2.3. ရုပ်ကြွမြေပုံ (The 3D Map Item)
3D Map (သုံးဘက်မြင်မြေပုံ) item အား 3D မြေပုံမြင်ကွင်း တစ်ခုကို ပြသရန်အသုံးပြုသည်။ Add 3D Map ခလုတ်ကိုအသုံးပြု၍ item များဖန်တီးခြင်းညွှန်ကြားချက်များ အားလိုက်နာပြီး နောင်တွင် Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ဖော်ပြထားသည့်နည်းလမ်းအတိုင်း ကိုင်တွယ်နိုင်မည့် 3D Map item အသစ်တစ်ခုကိုထည့်သွင်းနိုင်ပါသည်။
Default အားဖြင့် 3D Map item အသစ်တစ်ခုသည် အလွတ်ဖြစ်သည်။ 3D မြင်ကွင်း၏ ဂုဏ်သတ္တိများကိုသတ်မှတ်နိုင်ပြီး ၎င်းကို Item Properties panel ထဲတွင် စိတ်ကြိုက်ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ ဤ feature တွင် common ဂုဏ်သတ္တိများ အပြင် အောက်ပါ လုပ်ဆောင်ချက်များပါရှိသည်(Fig. 21.23) -

Fig. 21.23 3D မြေပုံ Item ဂုဏ်သတ္တိများ
21.2.3.1. မြင်ကွင်းချိန်ညှိမှုများ (Scene settings)
ပြသလိုသည့် သုံးဘက်မြင်မြေပုံမြင်ကွင်းကိုရွေးချယ်ရန် Copy Settings from a 3D View… ကိုနှိပ်ပါ။
3D မြေပုံမြင်ကွင်းအား ၎င်း၏လက်ရှိ configuration (layer များ ၊ မြေမျက်နှာသွင်ပြင်၊ အလင်းအမှောင်များ၊ ကင်မရာအနေအထား နှင့်ရှုထောင့်…) ဖြင့် ပုံဖော်ပြသမည်ဖြစ်သည်။
21.2.3.2. ကင်မရာ အနေအထား (Camera pose)
Center X သည် ကင်မရာချိန်ထားသည့် အမှတ်၏ X ကိုဩဒိနိတ်အားသတ်မှတ်ပေးသည်။
Center Y သည် ကင်မရာချိန်ထားသည့် အမှတ်၏ Y ကိုဩဒိနိတ်အားသတ်မှတ်ပေးသည်။
Center Z သည် ကင်မရာချိန်ထားသည့် အမှတ်၏ Z ကိုဩဒိနိတ်အားသတ်မှတ်ပေးသည်။
Distance သည် ကင်မရာအလယ်ဗဟိုမှ ကင်မရာချိန်ထားသည့် အမှတ်ကြားအကွာအဝေးကိုသတ်မှတ်ပေးသည်။
Pitch သည် X-ဝင်ရိုးတွင် ကင်မရာ၏ အလှည့်ကိုသတ်မှတ်ပေးသည် (ဒေါင်လိုက် အလှည့်)။ တန်ဖိုးများမှာ 0 မှ 360 (ဒီဂရီ) အထိဖြစ်သည်။ 0° - အပေါ်မှတန်းတန်းမြင်ရသည့်မြေမျက်နှာသွင်ပြင်၊ 90° - ရေပြင်ညီ (ဘေးဘက်မှ)၊ 180° - အောက်မှတန်းတန်းမြင်ရသည်၊ 270° - ရေပြင်ညီ၊ ပြောင်းပြန်၊ 360° - အပေါ်မှတန်းတန်းမြင်ရသည်။
Heading သည် Y-ဝင်ရိုးတွင် ကင်မရာ၏ အလှည့်ကိုသတ်မှတ်ပေးသည် (ရေပြင်ညီအလှည့် - 0 မှ 360 ဒီဂရီ)။ 0°/360° - မြောက် ၊ 90° - အနောက်၊ 180° - တောင်၊ 270° - အရှေ့။
Set from a 3D View… pull-down menu ဖြင့် 3D မြင်ကွင်းတစ်ခု၏ parameter များပါဝင်သော item များကို ထုတ်နိုင်မည်ဖြစ်ပါသည်။