21.2.6. စကေးဘား (The Scale Bar Item)

စကေးဘားများသည် မြေပုံပေါ်ရှိ feature များ၏အရွယ်အစားနှင့် feature များကြားအကွာအဝေး ကိုသရုပ်ဖော်ညွှန်ပြပေးသည်။ စကေးဘား တစ်ခုထည့်ရန် မြေပုံ item တစ်ခုလိုအပ်ပါသည်။ Item များဖန်တီးခြင်းဆိုင်ရာညွှန်ကြားချက်များ ကိုလိုက်နာပြီး scaleBar Add Scale Bar tool ကိုအသုံးပြု၍ Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ဖော်ပြထားသည့် နည်းလမ်းအတိုင်းကိုင်တွယ်နိုင်မည့် စကေးဘားအသစ်တစ်ခုကိုထည့်နိုင်ပါသည်။

Default အားဖြင့် စကေးဘား အသစ်တစ်ခုသည် ၎င်းအားတင်ဆွဲထားသော မြေပုံ၏ စကေးကိုပြသခြင်းဖြစ်ပါသည်။ ၎င်းတွင် အောက်ခံမြေပုံမရှိခဲ့ပါက reference map (ရည်ညွှန်းမြေပုံ) ကိုရယူသုံးစွဲမည်ဖြစ်သည်။ ၎င်းကို Item Properties panel ထဲတွင်စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ ဤ feature တွင် item များ၏ common ဂုဏ်သတ္တိများ အပြင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည် ( Fig. 21.33 ကိုကြည့်ပါ)-

../../../../_images/scalebar_properties.png

Fig. 21.33 စကေးဘား Item ဂုဏ်သတ္တိများ Panel

21.2.6.1. အဓိကဂုဏ်သတ္တိများ (Main properties)

စကေးဘား၏ Item Properties panel မှ Main properties အုပ်စုတွင် အောက်ပါလုပ်ဆောင်ချက်များပါဝင်သည် (Fig. 21.34 ကိုကြည့်ပါ)-

../../../../_images/scalebar_mainproperties.png

Fig. 21.34 စကေးဘား အဓိကဂုဏ်သတ္တိများအုပ်စု

  1. ပထမဦးစွာ စကေးဘား ထည့်သွင်းလိုသည့်မြေပုံကိုရွေးချယ်ပါ။

  2. ထို့နောက် စကေးဘား၏ style ကိုရွေးချယ်ပါ။ ရရှိနိုင်သော style များမှာ-

    • အရောင်တစ်လှည့်စီသွားသောမျဉ်းကြောင်းအကွက် တစ်ခု သို့မဟုတ် နှစ်ခုပါဝင်သော Single box နှင့် Double box style များ

    • MiddleUp သို့မဟုတ် Down မျဉ်းအမှတ်အသားများ

    • စကေးဘားကို လှေကားထစ်ပုံစံမျဉ်းနှင့်သရုပ်ဖော်ပေးသည့် Stepped line style

    • အရောင်များတစ်လှည့်စီသွားသောအပိုင်းများနှင့် ထိုတစ်လှည့်စီသွားသောအပိုင်းများကို ဖြတ်ထားသည့်အလျားလိုက်မျဉ်းများပါဝင်သော အကွက်တစ်ခုကို ဆွဲပေးသည့် Hollow style

    • စကေး၏အချိုးကိုပြသော Numeric (ဥပမာ- 1:50000)

  3. ဂုဏ်သတ္တိများကိုသင့်တော်သလိုချိန်ညှိပါ။

21.2.6.2. ယူနစ်များ (Units)

စကေးဘားအတွက် Item Properties panel မှ Units အုပ်စုတ္ငင် ပြသလိုသည့်ယူနစ်များနှင့် အချို့စာသားပုံစံချမှုကိုသတ်မှတ်ရန် လုပ်ဆောင်ချက်များပါရှိသည် (Fig. 21.35 ကိုကြည့်ပါ)-

../../../../_images/scalebar_units.png

Fig. 21.35 စကေးဘား ယူနစ်များ အုပ်စု

  • Scalebar units ဖြင့် အသုံးပြုလိုသော ယူနစ်များကို ရွေးချယ်ပါ။ ရရှိနိုင်သော ရွေးချယ်စရာများစွာတွင်- မြေပုံယူနစ်များ (default ဖြစ်သည်)၊ မီတာများပေများမိုင်များ သို့မဟုတ် ရေမိုင်များ… နှင့် အချို့ derivative (နောက်ဆက်တွဲဆင်းသက်လာသည့်အရာ) များပါဝင်သည်။ ယူနစ်များ ပြောင်းလဲခြင်းကို အလိုအလျောက် လုပ်ဆောင်နိုင်သည်။

  • Label unit multiplier သည် label တပ်ထားသောယူနစ်တစ်ခုစီအတွက် စကေးဘားယူနစ် မည်မျှရှိသည်ကို သတ်မှတ်ပေးသည်။ ဥပမာအားဖြင့် စကေးဘားယူနစ်များကို “မီတာများ” ဖြင့် သတ်မှတ်ထားပါက 1000 ၏ဆတိုးကိန်းတစ်ခု ဖြစ်သောရလာဒ်အား စကေးဘား lable များတွင် “ကီလိုမီတာများ” ဖြင့်ပြသမည်ဖြစ်သည်။

  • Label for units field သည် စကေးဘား၏ ယူနစ်များကိုဖော်ပြမည့်စာသားကို သတ်မှတ်ပေးသည်။ ဥပမာ- m သို့မဟုတ် km။ အထက်တွင်ဖော်ပြခဲ့သည့် ဆတိုးကိန်းနှင့်ကိုက်ညီမှုရှိရပါမည်။

  • Number format ဘေးမှ Customize ကိုနှိပ်၍ စကေးဘားထဲရှိ ဂဏန်းများအတွက် ထောင်ဂဏန်းပိုင်းခြားပေးသည့်အရာများ (thousand separators)၊ ဒဿမနေရာများ၊ သိပ္ပံဆိုင်ရာအမှတ်အသားများ အစရှိသည်တို့ပါဝင်သော format ဆိုင်ရာဂုဏ်သတ္တိများအားလုံးကို စီမံနိုင်သည်။ (နောက်ထပ် အသေးစိတ်အချက်အလက်များအတွက် ကိန်းဂဏန်း ၏ပုံစံကို ပြင်ဆင်ခြင်း (Number Formatting) ကိုကြည့်ပါ)။ လက်ရှိ QGIS နယ်ပယ်၏ပြင်ပရှိ ပုဂ္ဂိုလ်များအတွက် မြေပုံများဖန်တီးရေးဆွဲရာတွင် သို့မဟုတ် locale default များနှင့် မတူညီသော style ကိုပြောင်းလဲအသုံးပြုလိုပါက လွန်စွာအသုံးဝင်မည်ဖြစ်သည် (ဥပမာ- locale default တွင် ထောင်ဂဏန်းပိုင်းခြားပေးသည့်အရာများ (thousand separators) ကို ဖျောက်ထားသောအခါ thousand separator များကိုပေါင်းထည့်ခြင်း)။

21.2.6.3. မျဉ်းပိုင်းများ (Segments)

စကေးဘားအတွက် Item Properties panel ရှိ Segments အုပ်စုတွင် အပိုင်းများနှင့် အပိုင်းခွဲများ၏ အရေအတွက်နှင့် အရွယ်အစားကို သတ်မှတ်ထားရှိနိုင်မည့် လုပ်ဆောင်ချက်များပါဝင်သည် (Fig. 21.36 ကိုကြည့်ပါ)-

../../../../_images/scalebar_segments.png

Fig. 21.36 စကေးဘား အပိုင်းများ အုပ်စု

  • စကေးဘားမှ 0 ၏ ဘယ်ဘက်နှင့်ညာဘက်များတွင် ရေးဆွဲမည့် Segment များ၏အရေအတွက်ကိုသတ်မှတ်နိုင်သည်-

    • ဘယ်ဘက် ရှိ သီးသန့်အပိုင်းတစ်ခု၏ အပိုင်းခွဲအရေအတွက်

    • ညာဘက် ရှိ အပိုင်းများအရေအတွက်

  • အပိုင်းတစ်ခု၏အကျယ် သို့မဟုတ် စကေးဘား၏ စုစုပေါင်းအလျားအတွက် အပိုင်းအခြားကိုသတ်မှတ်နိုင်သည်-

  • စကေးဘား ယူနစ်များထဲတွင် အပိုင်းတစ်ခုသည် မည်မျှရှည်မည်ကိုသတ်မှတ်နိုင်သည် (Fixed width)

  • သို့မဟုတ် စုစုပေါင်း စကေးဘား အရွယ်အစားအား Fit segment width option သုံး၍ mm နှင့် ကန့်သတ်ထားနိုင်သည်။ ဒုတိယတစ်ခုတွင် မြေပုံစကေးပြောင်းလဲသွားသည့်အချိန်တိုင်း သတ်မှတ်ထားသောအပိုင်းအခြားအကြားတွင်ဝင်ဆံ့ရန် စကေးဘားကို အရွယ်အစား ပြန်လည်သတ်မှတ်ပေးမည်ဖြစ်သည် (ထို့နောက် ၎င်း၏ label သည်လည်း အသစ်ဖြစ်သွားမည်)။

  • ဘား၏အမြင့်ကို သတ်မှတ်ရန် Height ကိုအသုံးပြုသည်။

  • Right segment subdivisions ကို စကေးဘား၏ညာဘက်ရှိအပိုင်းများတွင် ရှိနိုင်သော အပိုင်းခွဲများအရေအတွက်ကိုသတ်မှတ်ရန် အသုံးပြုသည်။ (Line Ticks DownLine Ticks Middle နှင့် Line Ticks Up စကေးဘား style များအတွက်)

  • အပိုင်းခွဲ၏အမြင့်ကိုသတ်မှတ်ရန် Subdivision height ကိုအသုံးပြုသည်။

21.2.6.4. ပြသမှု (Display)

စကေးဘားအတွက် Item Properties panel မှ Display အုပ်စုတွင်အောက်ပါလုပ်ဆောင်ချက်များပါဝင်သည်-

../../../../_images/scalebar_display.png

Fig. 21.37 စကေးဘား ပြသမှု အုပ်စု

စကေးဘားအား ၎င်း၏ frame ထဲတွင် မည်သို့ပြသလိုသည်ကို သတ်မှတ်နိုင်သည်-

  • Box margin - စာသားနှင့် frame border များအကြားအကွာအဝေး

  • Label margin - စာသားနှင့် စကေးဘား ကြား အကွာအဝေး

  • Vertical label placement - စကေးဘား အပိုင်း ၏ အထက် သို့ အောက်တွင် ၎င်းကိုထားရှိနိုင်သည်။

  • Horizontal label placement- စကေးဘား အပိုင်း ၏ အစွန်း သို့ အလယ်ဗဟိုတွင် ထားရှိနိုင်သည်။

  • Single BoxDouble Box နှင့် Hollow style များအတွက် အဖြည့် သင်္ကေတဂုဏ်သတ္တိများ (အရောင်၊ အလင်းပိတ်မှု၊ ပုံစံကွက်များ၊ effect များ…) ကိုအသုံးပြု၍ စကေးဘား၏ Primary fill နှင့် Secondary fill ကိုသတ်မှတ်ပေးသည်။

  • Numeric style မှလွဲ၍အားလုံးအတွက် လိုင်း သင်္ကေတဂုဏ်သတ္တိများ (အရောင်၊ အထူ၊ ချိတ်ဆက်မှုပုံစံ၊ အဆုံးသတ်ပုံစံ၊ ပုံစံကွက်များ၊ effect များ…) ကိုအသုံးပြု၍ စကေးဘား၏ Line style ကိုသတ်မှတ်ပေးသည်။

  • Division style နှင့် Subdivision style သည် Line Ticks UpLine Ticks Middle နှင့် Line Ticks Down စကေးဘား style များရှိ အပိုင်းနှင့်အပိုင်းခွဲအသီးသီးအတွက် လိုင်း သင်္ကေတဂုဏ်သတ္တိများ (အရောင်၊ အထူ၊ ချိတ်ဆက်မှုပုံစံ၊ အဆုံးသတ်ပုံစံ၊ ပုံစံကွက်များ၊ effect များ…) ကိုအသုံးပြု၍ သတ်မှတ်ပေးသည်။

  • Alignment သည် စာသားကို frame ၏ဘယ်ဘက်၊ အလယ်ဗဟို သို့မဟုတ် ညာဘက်တွင်ထားပေးသည် ( Numeric စကေးဘား style အတွက်သာ)။

  • Font ဖြင့် စကေးဘား label ၏ ဂုဏ်သတ္တိများ (အရွယ်အစား၊ စာလုံးဖောင့်၊ အရောင်၊ စာလုံးများကြားအကွာအဝေး၊ အရိပ်၊ နောက်ခံ…) ကိုသတ်မှတ်ပေးသည်။

စကေးဘား၏ သရုပ်ဖော်ပြသမှုဆိုင်ရာ ဂုဏ်သတ္တိအများစုသည် data ဖြင့်သတ်မှတ်ထားသော (data-defined) ဂုဏ်သတ္တိများရှိသော သင်္ကေတများပေါ်တွင် မှီခိုနေသည့်အတွက် data ဖြင့်သတ်မှတ်ထားသော စကေးဘားများကို ပုံဖော်ပြသရန်ဖြစ်နိုင်ပါသည်။

ဥပမာ- စကေး label များ၏ bold (စာလုံးအထင်း) ဂုဏ်သတ္တိတွင်အသုံးပြုထားသော အောက်ပါ code သည် ဂဏန်းများသည် 500 ၏ ဆတိုးကိန်းဖြစ်သောအခါ ထိုဂဏန်းများကို စာလုံးမည်းဖြင့် ပြသပေးမည်ဖြစ်သည်-

-- returns True (or 1) if the value displayed on the bar
-- is a multiple of 500

@scale_value % 500 = 0