21.2.8. အမှတ်အသား၊ ရုပ်ပုံနှင့် မြောက်အရပ်ပြမြှား များ (The Marker, Picture and North Arrow Items)
Print layout (ပုံထုတ်အပြင်အဆင်) ထဲရှိ မြေပုံများ သို့မဟုတ် legend (မြေပုံရည်ညွှန်းချက်) များနှင့်အတူ မြေပုံကိုပိုမိုနားလည်နိုင်စေရန်အတွက် ရုပ်ပုံများနှင့် မှတ်ချက်စာများထည့်သွင်းနိုင်ပါသည်။ ထိုသို့ပြုလုပ်ရန် QGIS တွင် အမျိုးမျိုးသော tool များပါရှိသည်-
picture item - Raster ရုပ်ပုံတစ်ခု သို့မဟုတ် SVG file တစ်ခုဖြင့် layout အားအလှဆင်ပေးသည်။ (ဥပမာ- logo များ၊ ရုပ်ပုံများ၊ မြောက်အရပ်ပြမြှားများ …အစရှိသည်)
north arrow item - မြောက်အရပ်ပြမြှားပုံတစ်ခုဖြင့် ကြိုတင် သတ်မှတ်ထားသော ရုပ်ပုံ item တစ်ခု
marker item - QGIS vector သင်္ကေတများ ဖြင့် layout ကိုအလှဆင်နိုင်သည်။ ၎င်းကို မြေပုံတစ်ခုပေါ်တွင်အမှတ်အသားများထားရှိရန် သို့မဟုတ် အဆင့်မြင့် စိတ်ကြိုက် မြေပုံရည်ညွှန်းချက်များကိုဖန်တီးရန် အသုံးပြုနိုင်သည်။
21.2.8.1. ရုပ်ပုံ (The Picture Item)
Item များဖန်တီးခြင်းညွှန်ကြားချက် ကိုလိုက်နာ၍ file manager ထဲမှရုပ်ပုံတစ်ခုကို ဖိဆွဲကာ canvas ပေါ်တွင်လွှတ်ချခြင်းဖြင့် ရုပ်ပုံတစ်ခုကိုထည့်သွင်းနိုင်သကဲ့သို့ Ctrl+V သို့မဟုတ် အားအသုံးပြုခြင်းဖြင့် layout ထဲသို့ တိုက်ရိုက်ကူးထည့်ခြင်းဖြင့်လည်းကောင်း၊ Add Picture ကိုအသုံးပြုခြင်းဖြင့်လည်းကောင်း ရုပ်ပုံတစ်ခုကို ထည့်သွင်းနိုင်ပါသည်။ ထို့နောက် ၎င်းကို Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ရှင်းပြထားသည့်အတိုင်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။
Add Picture အားအသုံးပြုသောအခါ ရုပ်ပုံသည် ၎င်း၏ Item Properties panel အားအသုံးပြု၍ စိတ်ကြိုက်ပြင်ဆင်နိုင်သည့် frame အလွတ်တစ်ခုဖြစ်ပါလိမ့်မည်။ ဤ feature တွင် item များ၏ common ဂုဏ်သတ္တိများ အပြင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည်-
အဓိကဂုဏ်သတ္တိများ (Main properties)

Fig. 21.50 Picture Item ဂုဏ်သတ္တိများ panel
ရုပ်ပုံအတွက် ဓာတ်ပုံအမျိုးအစားနှစ်ခုမှာ-
Raster Image - ဖိုင်ရွေးချယ်မှု widget တစ်ခုကိုအသုံးပြု၍ data များရယူနိုင်သည်။ … Browse ခလုတ်ကို အသုံးပြု၍ ကွန်ပျုတာရှိ file တစ်ခုကိုရွေးချယ်ပါ သို့မဟုတ် text field ထဲတွင် ဖိုင်လမ်းကြောင်းအားတိုက်ရိုက်ထည့်သွင်းပါ။ ရုပ်ပုံတစ်ခုသို့ ညွှန်းပေးမည့် URL (အင်တာနက်လိပ်စာ) ကိုလည်းထည့်သွင်းထားနိုင်သည်။ သက်ဆိုင်ရာပုံကို layout ထဲတွင်လည်း embed (ထည့်သွင်းမြှုပ်နှံ) လုပ်ထားနိုင်သည်။
data defined override ခလုတ်ကိုသုံး၍ feature attribute တစ်ခုမှဖြစ်စေ ပုံမှန် expression တစ်ခုကိုအသုံးပြုခြင်းမှဖြစ်စေ ရုပ်ပုံအရင်းအမြစ်ကို သတ်မှတ်နိုင်ပါသည်။
SVG Image - ထဲရှိ Default အနေဖြင့်ပေးထားသော SVG library များအသုံးပြုခြင်းဖြစ်သည်။ သို့သော်လည်း အခြားမည်သည့် file ကိုမဆို အသုံးပြုနိုင်ပြီး file ရွေးချယ်မှုသည် raster ပုံရိပ်များအတွက်ကဲ့သို့ပင် ဖြစ်သည်။ SVG parameter များကိုလည်း dynamic (ပြောင်းလဲနိုင်သော) အဖြစ်သတ်မှတ်ထားနိုင်သည်။
QGIS တွင် ပါဝင်သည့် (default)
.SVG
file များကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ ဆိုလိုသည်မှာ SVG Parameters အုပ်စုထဲရှိ သက်ဆိုင်ရာ feature များကိုသုံး၍ မူရင်းချိန်ညှိမှုများအပြင် အခြား Fill color (အဖြည့်အရောင်)၊ Stroke color (လိုင်းအရောင်) နှင့် Stroke width (လိုင်းအထူ) များကိုအလွယ်တကူအသုံးပြုနိုင်သည်။ ဤဂုဏ်သတ္တိသည် data-defined (Data ဖြင့်သတ်မှတ်ထားသော) လည်းဖြစ်နိုင်ပါသည်။အကယ်၍ ဤဂုဏ်သတ္တိများကို မရရှိနိုင်သော
.SVG
file တစ်ခုကို ထည့်မိပါက ဥပမာအားဖြင့် ဖောက်ထွင်းမြင်နိုင်မှုကဲ့သို့ feature များကို ထောက်ပံ့ပေးရန်အတွက် အောက်ပါ tag များ file တွင် ထည့်သွင်းရန်လိုအပ်ပါသည်-fill-opacity=”param(fill-opacity)”
stroke-opacity=”param(outline-opacity)”
ပိုမိုအသေးစိတ်ကျသည့်အချက်အလက်များကို ချိန်ညှိနိုင်သည့် SVG (Parametrizable SVG) တွင်ဖော်ပြထားသည်။
Note
ဓာတ်ပုံ file တစ်ခု (Raster သို့မဟုတ် SVG) ကို layout စာမျက်နှာထဲသို့ ဖိဆွဲ၍ထည့်ခြင်းသည် သက်ဆိုင်ရာ setting များပါဝင်သော layout ရုပ်ပုံတစ်ခုကို ဖန်တီးပေးမည်ဖြစ်သည်။
အရွယ်နှင့်နေရာချထားမှု (Size and placement)

Fig. 21.51 Layout ထဲရှိ ရုပ်ပုံများ၏ အရွယ်အစားနှင့် နေရာချထားမှုဆိုင်ရာ ဂုဏ်သတ္တိများ
Resize mode option ဖြင့် frame ၏အရွယ်အစားပြန်လည်သတ်မှတ်လိုက်သောအခါ ရုပ်ပုံများကိုမည်သို့ပြသမည်ကို သတ်မှတ်နိုင်သည် -
Zoom
- ရုပ်ပုံ၏ ရှုထောင့်အချိုးကို ထိန်းထား၍ ဓာတ်ပုံအား frame နှင့် ကိုက်ညီစေရန် ချဲ့/ချုုံ့ ခြင်းပြုလုပ်ပေးသည်။Stretch
- ဓာတ်ပုံအား frame ထဲတွင်ဝင်ဆံ့စေရန် ဆွဲဆန့်ပေးသည်။Clip
- ဤ mode ကို raster ဓာတ်ပုံများအတွက်သာ အသုံးပြုပါသည်။ ဓာတ်ပုံ၏အရွယ်အစားကို စကေးပြောင်းလဲခြင်းမရှိဘဲ မူလဓာတ်ပုံအရွယ်အစားအတိုင်းထားရှိ၍ frame ဖြင့် clip (တိဖြတ်) လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် frame အတွင်းရှိသော ဓာတ်ပုံ၏ အပိုင်းကိုသာ မြင်ရပါမည်။Zoom and resize frame
- Frame တွင်ဝင်ဆံ့စေရန် ဓာတ်ပုံကိုချဲ့လိုက်ခြင်းဖြစ်ပြီး ရရှိလာသော ဓာတ်ပုံ အတိုင်းအတာများနှင့် ကိုက်ညီစေရန် frame အရွယ်အစားကို ပြန်လည်သတ်မှတ်ခြင်းဖြစ်သည်။Resize frame to image size
- ဓာတ်ပုံ၏မူလအရွယ်အစားနှင့်ကိုက်ညီစေရန် frame ၏အရွယ်အစားကိုသတ်မှတ်လိုက်ခြင်းဖြစ်သည် (စကေးပြောင်းလဲခြင်းမလုပ်ပါ)။
ရွေးချယ်ထားသည့် Resize mode ပေါ်မူတည်၍ Placement နှင့် Image rotation option များကိုပိတ်ထားနိုင်သည်။ Placement ဖြင့် ဓာတ်ပုံအား ၎င်း၏ frame အတွင်း ထားရှိရန်တည်နေရာ ကိုရွေးချယ်နိုင်သည် (အပေါ်/အလယ်/အောက် နှင့် ဘယ်/အလယ်ဗဟို/ညာ)။
ပုံကိုလှည့်ခြင်း (Image rotation)
Image rotation field ဖြင့် ဓာတ်ပုံများကို လှည့်ပေးနိုင်ပါသည်။ Sync with map ကိုအမှန်ခြစ်ပေးထားခြင်းဖြင့် ရွေးချယ်ထားသည့်မြေပုံ item တွင်အသုံးပြုထားသော အလှည့် (rotation) အတိုင်း ဓာတ်ပုံများသည်လည်း လှည့်နေမည်ဖြစ်သည်။
မည်သည့်ရုပ်ပုံကိုမဆို မြောက်အရပ်ပြမြှားတစ်ခုကဲ့သို့အလုပ်လုပ်စေနိုင်ရန် အဆင်ပြေသော feature တစ်ခုဖြစ်သည်။ North alignment သည်-
Grid north- နိုင်ငံလုံးဆိုင်ရာ/ဒေသန္တရ grid ၏ အလယ်ဗဟို (central) meridian နှင့်အပြိုင်ရှိသော grid မျဉ်းတစ်ခု၏လားရာ အတိုင်း
True north- လောင်ဂျီတွဒ်မျဉ်း ၏ meridian တစ်ခု၏လားရာအတိုင်း ဖြစ်နိုင်သည်။
ရုပ်ပုံ၏ အလှည့် တွင် declination (အောက်သို့လျော့ကျခြင်း) Offset (အရွေ့) တစ်ခုကိုလည်းအသုံးပြုနိုင်သည်။

Fig. 21.52 Layout ရုပ်ပုံများလှည့်ခြင်းဆိုင်ရာ ဂုဏ်သတ္တိများ
21.2.8.2. မြောက်အရပ်ပြမြှား (The North Arrow Item)
Item များဖန်တီးခြင်းညွှန်ကြားချက် ကိုလိုက်နာ၍ Add North Arrow ခလုတ်ဖြင့် မြောက်အရပ်ပြမြှားတစ်ခုကိုထည့်သွင်းနိုင်ပြီး ၎င်းကို Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ဖော်ပြထားသည့် နည်းလမ်းအတိုင်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။
မြောက်အရပ်ပြမြှားများသည် ဓာတ်ပုံများဖြစ်သောကြောင့် North Arrow တွင် picture item ကဲ့သို့ပင်တူညီသောဂုဏ်သတ္တိများရှိပါသည်။ အဓိကကွာခြားချက်များမှာ-
Item ကိုထည့်သွင်းသောအခါ frame အလွတ်တစ်ခုအစား default မြောက်အရပ်ပြမြှားတစ်ခုကို အသုံးပြုပါသည်။
Default အားဖြင့် မြောက်အရပ်ပြမြှားအား မြေပုံ item တစ်ခုနှင့် sync လုပ်ထားသည် - Sync with map property သည် မြောက်အရပ်ပြမြှားအား ရေးဆွဲမည့် မြေပုံဖြစ်သည်။ အကယ်၍မရှိပါက reference map (ရည်ညွှန်းမြေပုံ) အားရယူအသုံးပြုမည်ဖြစ်သည်။
Note
မြောက်အရပ်ပြမြှားပုံ များစွာတွင် မြှား၌ ‘N’ စာလုံးမထည့်သွင်းထားပါ။ အချို့ဘာသာစကားများတွင် ‘N’ စာလုံးကို North အဖြစ်အသုံးမပြုကြသည့်အတွက် ထည့်သွင်းမထားခြင်းဖြစ်သည်။

Fig. 21.53 SVG library တွင်ပေးထားသော ရွေးချယ်နိုင်သည့် မြောက်အရပ်ပြမြှားများ
21.2.8.3. အမှတ်အသား (The Marker Item)
အမှတ်အသားတစ်ခုကိုထည့်သွင်းရန် Add Marker ခလုတ်ကိုရွေးချယ်၍ စာမျက်နှာပေါ်တွင် click နှိပ်ပါ။ Default အမှတ်သင်္ကေတတစ်ခုကိုထည့်သွင်းပြီးဖြစ်သွားပါမည်။ ထို့နောက် ၎င်းကို Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင် ဖော်ပြထားသည့်အတိုင်း ကိုင်တွယ်နိုင်မည်ဖြစ်ပါသည်။ သို့သော် သတိပြုရမည်မှာ အခြား item များနှင့်မတူညီသည့်အချက်အနေနှင့် ၎င်းအမှတ်အသား၏အရွယ်အစားသည် ထည့်သွင်းမြှုပ်နှံထားသည့် သင်္ကေတများ၏ ဂုဏ်သတ္တိများအတိုင်းဖြစ်သောကြောင့် ပေးထားသော item ၏အရွယ်အစားကိုပြန်လည်ချိန်ညှိရမည်ဖြစ်သည်။
Item Properties panel မှတစ်ဆင့် အမှတ်အသား item များကိုစိတ်ကြိုက်ပြင်ဆင်နိုင်မည်ဖြစ်သည်။ Item များ၏ common ဂုဏ်သတ္တိများ အပြင် အောက်ပါတို့ကိုလည်းလုပ်ဆောင်နိုင်ပါသည် -
သင်္ကေတဆိုင်ရာ widget လုပ်ဆောင်နိုင်စွမ်းများ အားလုံးကို မီခို၍ Symbol ကို ပြုပြင်မွမ်းမံနိုင်သည်။
မြောက်အရပ်ပြမြှား၏လုပ်ဆောင်ချက်အတိုင်းပင် အမှတ်အသား၏ အလှည့် အား မြေပုံ item ၏အလှည့် နှင့် sync ပြုလုပ်နိုင်သည် (ပုံကိုလှည့်ခြင်း (Image rotation) ကိုကြည့်ပါ)။ မြေပုံအလှည့်အား နဂိုရှိပြီးသား အမှတ်အသားသင်္ကေတ လှည့်ခြင်းမှန်သမျှ နှင့်ပေါင်းစပ်လိုက်မည်ဖြစ်သည် (ထို့ကြောင့် ဥပမာအားဖြင့်- တြိဂံအမှတ်အသားတစ်ခုကို အထက်သို့တည့်တည့်ညွှန်ပြစေရန် 90° လှည့်ပါက ၎င်းသည် မြောက်အရပ်ပြမြှား mode တွင်လည်း ကောင်းမွန်စွာအလုပ်လုပ်နေဆဲ ဖြစ်ပါလိမ့်မည်)။

Fig. 21.54 အမှတ်အသား item အတွက်စိတ်ကြိုက်ပြင်ဆင်နိုင်သော ဂုဏ်သတ္တိများ