21.2.7. ဇယားများ (The Table Items)
မြေပုံကို အလှဆင်ရန်နှင့် ရှင်းလင်းပြသရန် ဇယား item များကိုအသုံးပြုနိုင်သည်-
Attribute table - ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်းများအပေါ် အခြေခံ၍ layer တစ်ခုမှ attribute များအစုတစ်ခုကို ပြပေးသည်။
Fixed table - အခြား layer များမှ သက်ရောက်မှုမပြုနိုင်သည့်အချက်အလက်များပါဝင်သော စာသားဇယားတစ်ခုကို ထည့်သွင်းပေးသည်။
21.2.7.1. အချက်အလက်ဇယား (The attribute table item)
Project ရှိ မည်သည့် layer တွင်မဆို print layout (ပုံထုတ်အပြင်အဆင်) တွင် ပြသထားသည့် ၎င်း၏ attribute များ ရှိနိုင်ပါသည်။ Item များဖန်တီးခြင်းဆိုင်ရာညွှန်ကြားချက် ကိုလိုက်နာ၍ Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ဖော်ပြထားသည့်နည်းလမ်းအတိုင်း နောက်ပိုင်းတွင် ကိုင်တွယ်နိုင်မည့် ဇယား item အသစ်တစ်ခုကိုထည့်သွင်းရန် Add Attribute Table tool ကိုအသုံးပြုပါ။
Default အားဖြင့် attribute ဇယားအသစ်တစ်ခုသည် field များအားလုံးပါဝင်သော ပထမဆုံး (အက္ခရာစဉ်အလိုက်စီထားသော) layer ၏ ပထမဆုံး row (အတန်း) များကို ပြသနေမည်ဖြစ်သည်။ သို့သော်လည်း ဇယားအား ၎င်း၏ Item Properties panel မှတစ်ဆင့် စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ဤ feature တွင် item များ၏ဘုံဂုဏ်သတ္တိများ အပြင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည် (Fig. 21.38 တွင်ကြည့်ပါ)-

Fig. 21.38 Attribute ဇယား Item ဂုဏ်သတ္တိများ Panel
အဓိကဂုဏ်သတ္တိများ (Main properties)
Attribute ဇယား ၏ Main properties အုပ်စုတွင် အောက်ပါလုပ်ဆောင်ချက်များပါဝင်သည်(Fig. 21.39 တွင်ကြည့်ပါ)-

Fig. 21.39 Attribute ဇယား အဓိကဂုဏ်သတ္တိများ အုပ်စု
Source အတွက် project ထဲတွင်ထည့်သွင်းထားသော vector layer များမှ Layer တစ်ခုကိုရွေးချယ်ခွင့်ပေးသော Layer features များကိုသာ default အားဖြင့် ရွေးချယ်နိုင်သည်။
Layer စာရင်းအနီးရှိ
Data-defined override ခလုတ်ဖြင့် ဇယားကိုဖြည့်ရာတွင် အသုံးပြုသော layer အား အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲပေးနိုင်သည်၊ ဥပမာအားဖြင့် atlas စာမျက်နှာတစ်ခုစီတိုင်းတွင် attribute ဇယားကို မတူညီသော layer attribute များဖြင့် ဖြည့်နိုင်သည်။ အသုံးပြုသည့် ဇယားတည်ဆောက်မှုပုံစံ (Fig. 21.42) သည် Layer drop-down စာရင်းထဲတွင် ပြသထားသည့် layer တစ်ခုဖြစ်ပြီး ၎င်းကိုမပြောင်းဘဲချန်လှပ်ထားခဲ့သည်ကိုသတိပြုပါ။ ဆိုလိုသည်မှာ layer တစ်ခုသို့ မတူညီသော field (များ) ဖြင့် data သတ်မှတ်ထားသော ဇယားတစ်ခုကို ချိန်ညှိသတ်မှတ်ပါက ဇယားထဲတွင် column အလွတ်(များ) ရရှိလာမည်ဖြစ်သည်။
Atlas panel ထဲတွင်
Generate an atlas option အားအသုံးပြုမိလျှင် (Generate an Atlas (မြေပုံစီးရီးတစ်ခု ထုတ်ယူခြင်း) ကိုကြည့်ပါ) ထပ်ဆောင်း Source နှစ်ခုဖြစ်လာနိုင်ပါသည် -
Current atlas feature (Fig. 21.40 ကိုကြည့်ပါ)- layer ရွေးချယ်ရန်အတွက် မည်သည့် ရွေးချယ်စရာကိုမျှတွေ့ရမည်မဟုတ်ဘဲ ဇယား item သည် atlas လွှမ်းခြုံသော layer ၏ လက်ရှိ feature မှ attribute များပါဝင်သော row တစ်ခုကိုသာ ပြသနေမည်ဖြစ်သည်။
နှင့် Relation children (Fig. 21.41 ကိုကြည့်ပါ)- relation (ဆက်နွယ်ချက်) အမည်များပါဝင်သော ရွေးချယ်စရာတစ်ခု ပေါ်လာပါမည်။ Atlas လွှမ်းခြုံသော layer အား parent (မူရင်း) အဖြစ်အသုံးပြု၍ relation တစ်ခုကိုသတ်မှတ်ပြီးမှသာ ဤ feature ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ဇယားသည် atlas လွှမ်းခြုံသော layer ၏ လက်ရှိ feature ၏ children (အခွဲ) row များကို ပြသနေမည်ဖြစ်သည်။
ဇယားတွင် အမှန်တကယ်ပါရှိသောအကြောင်းအရာများ ပြောင်းလဲသွားပါက Refresh Table Data ခလုတ်အားအသုံးပြု၍ ဇယားအား update လုပ်နိုင်ပါသည်။

Fig. 21.40 ‘လက်ရှိ atlas feature’ အတွက် Attribute ဇယား အဓိကဂုဏ်သတ္တိများ

Fig. 21.41 ‘Relation children’ အတွက် Attribute ဇယား အဓိကဂုဏ်သတ္တိများ
Attributes… ခလုတ်ဖြင့် ဇယားတွင်မြင်ရနိုင်သည့်အကြောင်းအရာများကို ပြောင်းလဲရန်အသုံးပြုသည့် Select Attributes dialog ကိုဖွင့်နိုင်သည်(Fig. 21.42 ကိုကြည့်ပါ)။ Window ၏အပေါ်ပိုင်းသည် attribute များစာရင်းကို ပြသနေမည်ဖြစ်ပြီး အောက်ပိုင်းသည် အချက်အလက် data များကို sort (စီစဉ်) ပြုလုပ်ရာတွင် ကူညီပေးမည်ဖြစ်သည်။
Fig. 21.42 Attribute ဇယား Select attributes Dialog
Columns အပိုင်းတွင်-
အတန်းများ (rows) ကိုရွေးချယ်၍ ၎င်းတို့ကိုရွေ့စေရန်
နှင့်
ခလုတ်များကို အသုံးပြုခြင်းဖြင့် attribute များကို စာရင်းထဲတွင် အပေါ် သို့မဟုတ် အောက်သို့ရွှေ့ပြောင်းနိုင်သည်။ တစ်ကြိမ်တည်းမှာပင် row မြောက်များစွာကို ရွေးချယ်နိုင်၍ ရွှေ့နိုင်ပါသည်။
ခလုတ်အသုံးပြုခြင်းဖြင့် attribute တစ်ခုကိုထည့်သွင်းနိုင်သည်။ ထိုခလုတ်သည် ဇယား၏အောက်ခြေတွင် attribute တန်ဖိုးဖြစ်ရန် field တစ်ခုအားရွေးချယ်နိုင်မည့် သို့မဟုတ် ပုံမှန် expression တစ်ခုမှတစ်ဆင့် attribute တစ်ခုကိုဖန်တီးနိုင်မည့် row လွတ်တစ်ခုကိုထည့်သွင်းပေးသည်။
ခလုတ်အသုံးပြုခြင်းဖြင့် attribute တစ်ခုကိုဖယ်ရှားနိုင်သည်။ တစ်ကြိမ်တည်းမှာပင်မြောက်များစွာသော row များကို ရွေးချယ်နိုင်၍ ဖယ်ရှားပစ်နိုင်သည်။
Reset ခလုတ်အသုံးပြုခြင်းဖြင့် attribute ဇယားအား မူလအခြေအနေသို့ပြန်လည်ရောက်ရှိစေရန် သတ်မှတ်နိုင်သည်။
Clear ခလုတ်အသုံးပြုခြင်းဖြင့် ဇယားအား ရှင်းလင်းနိုင်သည်။ ဤခလုတ်သည် ကြီးသောဇယားများတွင် အနည်းငယ်မျှသော attribute အရေအတွက်ကိုသာပြသလိုပါကအသုံးဝင်သည်။ Row တစ်ခုချင်းစီအား manual ဖယ်ရှားနေမည့် အစား ဇယားအားရှင်းလင်း၍ လိုအပ်သော row များကိုထည့်သွင်းပါက ပိုမိုမြန်ဆန်ပါမည်။
Heading column တွင်စိတ်ကြိုက်စာသားများထည့်သွင်းခြင်းဖြင့် ဇယားကွက် (cell)၏ခေါင်းစီးများကိုပြောင်းလဲနိုင်သည်။
ဇယားကွက် (cell) ချိန်ညှိမှုအား ဇယားကွက် (cell) အတွင်းတွင် စာသားထားရှိလိုသည့်တည်နေရာအားသတ်မှတ်နိုင်မည့် Alignment column ဖြင့်စီမံနိုင်သည်။
width column တွင် စိတ်ကြိုက်တန်ဖိုးများထည့်သွင်းခြင်းဖြင့် ဇယားကွက် (cell)၏အကျယ်ကို လိုသလိုစီမံနိုင်သည်။
Sorting အပိုင်းတွင်-
ဇယားအားအမျိုးအစားခွဲရန် attribute တစ်ခုထည့်သွင်းခြင်း-
ခလုတ်ကိုဖိထားလျှင် row လွတ် အသစ်တစ်ခုထပ်ထည့်ပေးပါလိမ့်မည်။ Attribute column ထဲတွင် field တစ်ခု သို့မဟုတ် expression တစ်ခုကိုထည့်သွင်း၍ Sort order အား ငယ်စဉ်ကြီးလိုက် သို့မဟုတ် ကြီးစဉ်ငယ်လိုက် အဖြစ်စီထားနိုင်သည်။
Attribute အဆင့်တွင် ဦးစားပေးရမည့် အမျိုးအစားအလိုက်စုစည်းခြင်းအတွက် စာရင်းထဲရှိ row တစ်ခုအားရွေးချယ်၍
နှင့်
ခလုတ်များ ကိုအသုံးပြု၍ ပြောင်းလဲပါ။ Sort Order column ထဲတွင်ဇယားကွက်တစ်ခုအားရွေးလိုက်ခြင်းဖြင့် attribute field ၏ အမျိုးအစားအလိုက်စုစည်းခြင်းဝါစဉ် (sorting order) အားပြောင်းလဲနိုင်သည်။
အမျိုးအစားအလိုက်စုစည်းခြင်းစာရင်းမှ attribute တစ်ခုကိုဖယ်ရှားရန်
ခလုတ် ကိုအသုံးပြုနိုင်သည်။
Feature များကိုစစ်ထုတ်ခြင်း (Feature filtering)
Attribute ဇယား၏ Feature filtering အုပ်စုတွင်အောက်ပါလုပ်ဆောင်ချက်များပါရှိသည် ( Fig. 21.43 ကိုကြည့်ပါ)-

Fig. 21.43 Attribute ဇယား Feature စစ်ထုတ်ခြင်းအုပ်စု
Attribute ဇယား၏ feature များကိုစစ်ထုတ်ခြင်း အုပ်စုတွင်-
ပြသမည့် Maximum rows (အများဆုံး row) အားသတ်မှတ်နိုင်ပါသည်။
Unique ဖြစ်သောမှတ်တမ်းများကိုသာပြသရန်
Remove duplicate rows from table အားအမှန်ခြစ်နိုင်ပါသည်။
Show only visible features within a map အားအမှန်ခြစ်၍ မြင်သာသော feature များ၏ attribute များကိုပြသနေမည့် သက်ဆိုင်ရာ Linked map ကို ရွေးချယ်နိုင်ပါသည်။
Show only features intersecting Atlas feature အားအမှန်ခြစ်နိုင်ပါသည်။ ၎င်းသည်
Generate an atlas အား အမှန်ခြစ်ထားမှသာ ပေါ်နေမည်ဖြစ်မည်။ အမှန်ခြစ်ပြီးသောအခါ လက်ရှိ atlas feature နှင့် ထပ်နေသော feature များသာပါဝင်သည့် ဇယားတစ်ခုကိုပြသလိမ့်မည်။
Filter with အားအမှန်ခြစ်၍ input line ထဲတွင်ရိုက်ထည့်ခြင်းဖြင့် filter တစ်ခုထည့်သွင်းနိုင်သကဲ့သို့ ပေးထားသော
expression ခလုတ်အားအသုံးပြုခြင်းဖြင့် ပုံမှန် expression တစ်ခုကိုထည့်သွင်းနိုင်သည်။ Sample dataset မှ airports layer (လေဆိပ် layer များ) နှင့်အလုပ်လုပ်သောအခါအသုံးပြုနိုင်သော filtering statement နမူနာအချို့မှာ -
ELEV > 500
NAME = 'ANIAK'
NAME NOT LIKE 'AN%'
regexp_match( attribute( $currentfeature, 'USE' ) , '[i]')
နောက်ဆုံး expression ၌ attribute field ‘USE’ တွင် စာလုံး ‘i’ ပါရှိသော airport များသာပါဝင်သည်။
ပုံစံသွင်ပြင် (Appearance)
Attribute ဇယား၏ Appearance အုပ်စုတွင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည် ( Fig. 21.44 ကိုကြည့်ပါ)-

Fig. 21.44 Attribute ဇယား အသွင်အပြင်ပုံစံအုပ်စု
Attribute ဇယားတွင် ဇယားကွက် (cell) အလွတ်များဖြင့်ဖြည့်သွင်းရန်
Show empty rows အား click နှိပ်ပါ။ ပြသလိုသည့် ရလာဒ်တစ်ခုရှိသောအခါ နောက်ထပ် ဇယားကွက် (cell) အလွတ်များထပ်ထည့်လိုပါက ဤရွေးချယ်စရာအားအသုံးပြုနိုင်ပါသည်။
Cell margins ဖြင့် ဇယား၏ ဇယားကွက်တစ်ခုချင်းစီမှ စာသားပတ်လည်တွင် margin သတ်မှတ်နိုင်သည်။
Display header ဖြင့် စာရင်းတစ်ခုရှိ ‘On first frame’ ၊ ‘On all frames’ (default ရွေးချယ်စရာ) သို့မဟုတ် ‘No header’ တို့ထဲမှတစ်ခုကိုရွေးချယ်နိုင်သည်။
ရလာဒ်ရွေးချယ်သည့်နေရာတွင် အလွတ်ဖြစ်နေပါက Empty table ဖြင့်မည်သည့်ရလာဒ်ကိုပြသလိုသည်ကို ထိန်းချုပ်နိုင်သည်။
Draw headers only သည် Display header အတွက် ‘No header’ ကိုမရွေးချယ်ထားမှသာ ခေါင်းစီးကို ပြပေးသည်။
Hide entire table သည် ဇယား၏နောက်ခံကိုသာပြပေးသည်။ Frames ထဲရှိ
Don’t draw background if frame is empty အားအမှန်ခြစ်ပေးခြင်းဖြင့် ဇယားကိုလုံးဝဖျောက်ပစ်နိုင်သည်။
Show set message သည် ခေါင်းစီးတစ်ခုနှင့် column များအားလုံးကိုခြုံငုံသည့် ဇယားကွက်တစ်ခုအား ထည့်သွင်းပေးကာ Message to display option ထဲတွင်ထည့်သွင်းထားနိုင်သည့် ‘No result’ ကဲ့သို့သောစာတိုတစ်ခုအားပြသပေးသည်။
Empty table အတွက် Show set message အားရွေးချယ်ပြီးမှသာ Message to display သည်အသက်ဝင်မည်ဖြစ်သည်။ ရလာဒ်သည် ဇယားအလွတ် ဖြစ်နေသောအခါ ဇယား၏ပထမ row တွင် သတိပေး စာတိုပေါ်လာပါမည်။
အရောင်ရွေးချယ်ပေးသည့်အရာ widget အားအသုံးပြု၍ Background color ဖြင့် ဇယား၏နောက်ခံအရောင်ကိုသတ်မှတ်နိုင်သည်။ Advanced customization ဖြင့် ဇယားကွက်တစ်ခုချင်းစီအတွက် မတူညီသော နောက်ခံ အရောင်များကိုသတ်မှတ်နိုင်သည် (Fig. 21.45 ကိုကြည့်ပါ)။

Fig. 21.45 Attribute ဇယား အဆင့်မြင့်နောက်ခံအရောင်ထည့်သွင်းခြင်း Dialog
Apply layer conditional styling colors - Layer ထဲတွင်ရှိသော conditional table formatting (နောက်ခံအရောင်၊ စာလုံးအထင်း၊ စာလုံးအစောင်း ၊ စာသားကိုဖြတ်၍မျဉ်းဆွဲခြင်း ၊ စာသားအောက်မျဉ်းသားခြင်း ၊ အရောင် …အစရှိသော စာလုံးဖောင့်များနှင့် ဂုဏ်သတ္တိများ) ကို layout attribute ဇယားအတွင်းတွင် အသုံးပြုပါသည်။ Conditional formatting (အခြေအနေပေါ်မူတည်၍ format ပြင်ဆင်ခြင်း) စည်းမျဉ်းများသည် အခြား layout ဇယား formatting setting များထက် ဦးစားပေးခံရပါသည်၊ ဥပမာ- row အရောင်များကိုပြောင်းလဲခြင်းကဲ့သို့သော အခြားသော ဇယားကွက်၏ နောက်ခံအရောင် setting များကို အစားထိုးလုပ်ဆောင်ပါလိမ့်မည်။
Wrap text on option ဖြင့် character တစ်ခုကို သတ်မှတ်နိုင်ပြီး ၎င်း character ကိုတွေ့ရှိသည့်အခါတိုင်းတွင် ဇယားရှိအကြောင်းအရာများကို wrap (ခြုံငုံ၍မြင်ရနိုင်စေရန် စာကြောင်းများစွာဖြင့်ပြသ) လုပ်ပေးမည်ဖြစ်သည်။
ဇယားရှိ column တစ်ခုအတွက် သတ်မှတ်ထားသောအကျယ်သည် ၎င်းတွင်ပါဝင်သော အကြောင်းအရာများ၏အလျားထက် တိုနေလျှင် Oversized text ဖြင့် စာသား၏အထားအသိုပုံစံကိုသတ်မှတ်နိုင်သည်။ ၎င်းသည် Wrap text သို့မဟုတ် Truncate text (စာသားဖြတ်ခြင်း) ဖြစ်နိုင်သည်။
Note
Attribute ဇယား item ၏ အခြား ဂုဏ်သတ္တိများအား ဇယားများ၏ တူညီသောလုပ်ဆောင်ချက်များ(Tables common functionalities) section တွင် ဖော်ပြထားပါသည်။
21.2.7.2. ပုံသေဇယား (The fixed table item)
မြေပုံနှင့်ပတ်သက်၍နောက်ဆက်တွဲအချက်အလက်များကို Add Fixed Table အားရွေးချယ်ခြင်းဖြင့် ဇယားတစ်ခုအတွင်းသို့ ထည့်သွင်းနိုင်ပြီး Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ဖော်ပြထားသည့်နည်းလမ်းအတိုင်း ကိုင်တွယ်နိုင်မည့် ဇယားအသစ်တစ်ခုကိုထည့်သွင်းရန် item များဖန်တီးခြင်းဆိုင်ရာညွှန်ကြားချက်များ အားလိုက်နာနိုင်ပါသည်။
Default အားဖြင့် ချုံ့ထားသော column နှစ်ခု row နှစ်ခုပါဝင်သော ဇယားအလွတ်တစ်ခုသည် မြေပုံ layout ထဲတွင်ပေါ်နေမည်ဖြစ်သည်။ ဇယားကို Item Properties panel ထဲတွင် စိတ်ကြိုက်ပြင်ဆင်ရမည်ဖြစ်သည်။ ဤ feature တွင် item များ၏ဘုံဂုဏ်သတ္တိများ အပြင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည်-
အဓိကဂုဏ်သတ္တိများ (Main properties)

Fig. 21.46 Table designer ဖြင့် ပုံသေသတ်မှတ်ထားသော ဇယား Item ဂုဏ်သတ္တိများ Panel
Main properties ထဲတွင် Edit table … ကို click နှိပ်ပြီးလျှင် Table designer နှင့်အလုပ်လုပ်နိုင်ပြီဖြစ်သည်-
ဇယားထဲတွင် click နှိပ်ဝင်ရောက်၍ စာသားများကို ကိုယ်တိုင်ထည့်သွင်းနိုင်ပါသည်။
အပေါ်ရှိ menu များမှတစ်ဆင့် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည်-
File သို့သွား၍ Import Content From Clipboard (Clipboard မှ အကြောင်းအရာများထည့်သွင်းခြင်း) (၎င်းသည် ပေးထားသော input များကို အစားထိုးလုပ်ဆောင်သွားမည်ဖြစ်သည်)
Edit သို့သွားခြင်းဖြင့် row များနှင့် column များအတွက် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြင့် အလုပ်လုပ်နိုင်သည်။
Insert rows ၊ Insert columns ၊ Delete Rows ၊ Delete Columns များအပြင်
Include Header Row (ခေါင်းစီး row ပါဝင်စေခြင်း) option ကို အသုံးပြုခြင်း။
ညာဘက်ရှိ Cell Contents အပိုင်းဖြင့် အလုပ်လုပ်နိုင်သည့်အပြင်-
Formatting ထဲတွင် ရွေးချယ်ထားသောဇယားကွက်များ၏ စာသား format အား သတ်မှတ်နိုင်သည်-
ပေးထားသော
expression ခလုတ်ပေါ်တွင် click နှိပ်ခြင်းနှင့် ဇယားကွက်တွင်ထည့်သွင်းရန် ပုံမှန် expression တစ်ခုကိုအသုံးပြုခြင်းဖြင့်၊
Text format အားရွေးချယ်ခြင်းဖြင့်၊
Format as number ဖြင့် (များစွာသော format များဖြင့်ရရှိနိုင်သည်)
Horizontal alignment (ရေပြင်ညီတန်းညှိခြင်း) နှင့် Vertical alignment (ဒေါင်လိုက်တန်းညှိခြင်း) အားသတ်မှတ်ခြင်းဖြင့်၊
Background color တစ်ခုအားရွေးချယ်ခြင်းဖြင့်၊
Row height နှင့် Column width တို့ဖြင့် Cell Size ကိုသတ်မှတ်နိုင်သည်။
ပုံစံသွင်ပြင် (Appearance)
ပုံသေသတ်မှတ်ထားသောဇယား၏ Appearance အုပ်စုတွင် အောက်ပါလုပ်ဆောင်ချက်များပါဝင်သည်-
ဇယားကွက်အလွတ်များဖြင့် attribute ဇယားအားဖြည့်ရန်
Show empty rows အား click နှိပ်ပါ။
Cell margins ဖြင့် ဇယားမှ ဇယားကွက်တစ်ခုချင်းစီရှိ စာသား၏ပတ်လည်တွင် margin သတ်မှတ်နိုင်သည်။
Display header ဖြင့် စာရင်းတစ်ခုရှိ ‘On first frame’ ၊ ‘On all frames’ (default ရွေးချယ်စရာ) သို့မဟုတ် ‘No header’ တို့ထဲမှတစ်ခုကိုရွေးချယ်နိုင်သည်။
အရောင်ရွေးချယ်ပေးသည့်အရာ widget အားအသုံးပြု၍ ဇယား၏နောက်ခံအရောင်ကို Background color ဖြင့် သတ်မှတ်နိုင်သည်။ Advanced customization ကိုရွေးချယ်ခြင်းဖြင့် ဇယားကွက်တစ်ခုချင်းစီအတွက် မတူညီသောနောက်ခံအရောင်များ သတ်မှတ်နိုင်မည်ဖြစ်သည်။
ဇယားရှိ column တစ်ခုအတွက် သတ်မှတ်ထားသော အကျယ်သည် ၎င်းတွင်ပါဝင်သောအကြောင်းအရာ၏ အလျားထက် တိုနေလျှင် Oversized text ဖြင့် စာ၏အထားအသိုကိုသတ်မှတ်နိုင်သည်။ ၎င်းသည် Wrap text သို့မဟုတ် Truncate text ဖြစ်နိုင်သည်။
Note
ပုံသေသတ်မှတ်ထားသော ဇယား item ၏ အခြားဂုဏ်သတ္တိများကို ဇယားများ၏ တူညီသောလုပ်ဆောင်ချက်များ(Tables common functionalities) အပိုင်းတွင်ဖော်ပြထားပါသည်။
21.2.7.3. ဇယားများ၏ တူညီသောလုပ်ဆောင်ချက်များ(Tables common functionalities)
Grid ကိုဖော်ပြခြင်း (Show grid)
ဇယား item များ၏ Show grid အုပ်စုတွင် အောက်ပါလုပ်ဆောင်ချက်များပါဝင်သည် (Fig. 21.47 ကိုကြည့်ပါ)-

Fig. 21.47 Attribute ဇယား၏ grid ကိုပြသပေးခြင်းအုပ်စု
ဇယားကွက်များ၏ ဘောင်များဖြစ်သည့် grid အား ပြသလိုသည့်အခါ
Show grid ကို အမှန်ခြစ်ပါ။ Draw horizontal lines ကို ဖြစ်စေ Draw vertical lines ကို ဖြစ်စေ နှစ်ခုစလုံးကို ဖြစ်စေရွေးချယ်နိုင်သည်။
Line width ဖြင့် grid တွင် အသုံးပြုသော မျဉ်းများ၏ အထူကိုသတ်မှတ်နိုင်သည်။
အရောင်ရွေးချယ်ခြင်းဆိုင်ရာ widget ကိုအသုံးပြုခြင်းဖြင့် grid ၏ Color (အရောင်) ကိုသတ်မှတ်နိုင်သည်။
စာလုံးဖောင့်များ နှင့် ပုံစံပြောင်းခြင်း (Fonts and text styling)
ဇယား item များ၏ Fonts and text styling အုပ်စုတွင်အောက်ပါလုပ်ဆောင်ချက်များပါဝင်ပါသည် (Fig. 21.48 ကိုကြည့်ပါ)-

Fig. 21.48 Attribute ဇယား စာလုံးဖောင့်များနှင့် စာသားသင်္ကေတပုံစံ အုပ်စု
Table heading (ဇယားခေါင်းစီး) နှင့် Table contents (ဇယားအကြောင်းအရာ) များအတွက် အဆင့်မြင့် text settings widget (buffer ၊ အရိပ် ၊ အရောင်ချယ်သခြင်း effect များ ၊ ဖောက်ထွင်းမြင်နိုင်မှု၊ နောက်ခံ၊ အရောင်ထည့်သွင်းခြင်း…စသည်တို့) ကိုအသုံးပြုခြင်းဖြင့် Font ဂုဏ်သတ္တိများကိုသတ်မှတ်နိုင်သည်။ Appearance အပိုင်းမှဖြစ်စေ Table Designer dialog မှဖြစ်စေ ဤသို့ပြောင်းလဲလိုက်မှုများသည် စိတ်ကြိုက်စာလုံးဖောင့်များ ပြုပြင်ထည့်သွင်းထားသည့် ဇယားကွက်များသို့ သက်ရောက်မှုရှိမည်မဟုတ်သည်ကို သတိပြုပါ။ Default ပုံဖော်ပြသခြင်း (rendering) ရှိသော ဇယားကွက်များအပေါ်တွင်သာ သက်ရောက်မှုရှိမည်ဖြစ်သည်။
Table heading အတွက် Alignment အား
Follow column alignment
အဖြစ် ထပ်မံသတ်မှတ်နိုင်သည် သို့မဟုတ်Left
၊Center
သို့မဟုတ်Right
အားရွေးချယ်ခြင်းဖြင့် ဤ setting အား အစားထိုးလုပ်ဆောင်နိုင်သည်။ Select Attributes dialog အားအသုံးပြုခြင်းဖြင့် column alignment အားသတ်မှတ်ပေးပါသည် (Fig. 21.42 ကိုကြည့်ပါ)။
ဘောင်များ (Frames)
ဇယား item ဂုဏ်သတ္တိများ၏ Frames အုပ်စုတွင်အောက်ပါလုပ်ဆောင်ချက်များပါဝင်သည် (Fig. 21.49 ကိုကြည့်ပါ)-

Fig. 21.49 Attribute ဇယား ဘောင်များဆိုင်ရာ အုပ်စု
Resize mode ဖြင့် attribute ဇယားမှအကြောင်းအရာများကို မည်သို့ ပုံဖော်ပြသမည်ကိုရွေးချယ်နိုင်သည်-
Use existing frames
သည် ပထမဆုံး frame နှင့် ထည့်သွင်းထားသော frame များတွင်သာ ရလာဒ်ကိုပြသပေးသည်။Extend to next page
သည် attribute ဇယား၏ အပြည့်အဝရွေးမှတ်ထားမှုအားပြသနိုင်ရန်အတွက် frame များ (ပြီးလျှင် သက်ဆိုင်ရာ စာမျက်နှာများ) ကို လိုသလောက်များများ ဖန်တီးပေးမည်ဖြစ်သည်။ Frame တစ်ခုချင်းစီအား layout ပေါ်တွင် ရွှေ့နိုင်ပါသည်။ Frame တစ်ခု၏အရွယ်အစားအား ပြန်လည်သတ်မှတ်လျှင် ရရှိလာသောဇယားသည် အခြား frame များကြားတွင် နှစ်ပိုင်းကွဲသွားမည်ဖြစ်ပြီး နောက်ဆုံး frame အား ဇယားနှင့်ဝင်ဆန့်စေရန် ဖြတ်ထုတ်လိုက်မည်ဖြစ်သည်။Repeat until finished
သည် Extend to next page option ကဲ့သို့ frame များစွာဖန်တီးပေးမည်ဖြစ်သော်လည်း frame များအားလုံးတွင်တူညီသောအရွယ်အစားရှိမည်ဖြစ်သည်။
ရွေးချယ်ထားသော frame ကဲ့သို့ အရွယ်အစားတူသည့် နောက် frame အားထည့်သွင်းရန် Add Frame ခလုတ်အား အသုံးပြုပါ။ Resize mode (အရွယ်အစားပြန်သတ်မှတ်ခြင်းနည်းလမ်း)
Use existing frames
အားအသုံးပြုသည့်အခါ ပထမဆုံး frame ထဲတွင် မဆန့်သည့် ဇယားမှရလာဒ်များသည် နောက် frame ထဲတွင် ဆက်သွားမည်ဖြစ်သည်။ဇယား frame တွင်အကြောင်းအရာများမပါရှိသောစာမျက်နှာကို export လုပ်ခြင်းမှကာကွယ်ထားလိုပါက
Don’t export page if frame is empty ကိုအမှန်ခြစ်ထားပါ။ ဆိုလိုသည်မှာ အခြား layout item များအားလုံး၊ မြေပုံများ၊ စကေးဘားများ နှင့် ရည်ညွှန်းချက်များ အစရှိသည်တို့ကို ရလာဒ်ထဲတွင် မြင်ရမည်မဟုတ်ပါ။
ဇယား frame တွင်အကြောင်းအရာများမပါရှိပါက နောက်ခံပေါ်တွင်မြေပုံရေးဆွဲခြင်းအား ကာကွယ်ထားရန်
Don’t draw background if frame is empty ကိုအမှန်ခြစ်ထားပါ။