21.2.9. မြေပြင်ဖြတ်ပိုင်းပုံပြ Item (The Elevation Profile Item)

Elevation Profile item ကို layout တစ်ခုထဲတွင် elevation profile view (အမြင့် အချက်အလက်ပြ မြင်ကွင်း) တစ်ခုအားပြသရန် အသုံးပြုသည်။ Item များဖန်တီးခြင်းဆိုင်ရာညွှန်ကြားချက်များ ကိုလိုက်နာပြီး elevationProfile Add Elevation Profile ခလုတ်ကိုအသုံးပြု၍ နောင်တွင် Layout item များနှင့် အပြန်အလှန်လုပ်ဆောင်ခြင်း (Interacting with layout items) တွင်ပြသထားသည့်အတိုင်းနည်းလမ်းအတိုင်း ကိုင်တွယ်နိုင်မည့် elevation profile item အသစ်တစ်ခုကို ထည့်သွင်းပါ။

Elevation profile item အသစ်တစ်ခုတွင် ကားချပ်အလွတ်တစ်ခုကို ပုံဖော်ပြသပေးသည့် default setting များပါရှိသည်။ ၎င်း၏ဂုဏ်သတ္တိများကို Item Properties panel ထဲတွင် စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ဤ feature တွင် ဘုံ ဂုဏ်သတ္တိများ အပြင် အောက်ပါလုပ်ဆောင်ချက်များပါရှိသည်-

Elevation profile Item Properties panel တွင် အောက်ပါလုပ်ဆောင်ချက်များပါဝင်သော top toolbar တစ်ခုကို ထည့်သွင်းထားသည်-

  • Item ပုံဖော်ပြသခြင်းအား refresh လုပ်ရန်အတွက် refresh Update elevation profile

  • copyProfileSettings Copy from elevation profile - Elevation profile view တစ်ခုအားရွေးချယ်နိုင်မည့် drop-down menu တစ်ခု။ မြင်ကွင်း setting များကို Layout elevation profile item တွင် အသုံးပြုမည်ဖြစ်ပြီး နောက်တွင်ပြုပြင်မွမ်းမံနိုင်မည်ဖြစ်သည်။

21.2.9.1. Layer များ

Layers အုပ်စုအောက်တွင် profile item ထဲတွင် ပုံဖော်ပြသလိုသည့် tree view ထဲရှိ layer များကိုအမှန်ခြစ်ပါ။ ရွေးချယ်ထားသော layer များ၏ Elevation ဂုဏ်သတ္တိများကို သင့်လျော်စွာ ပြင်ဆင်သတ်မှတ်ထားရန် မမေ့ပါနှင့်။

21.2.9.2. မြေပြင်ကန့်လန့်ဖြတ်ပိုင်းပုံ (Profile curve)

  • unchecked Controlled by atlas - Profile curve အား လက်ရှိ atlas (စီးရီး) feature များနှင့် atlas feature များကိုပြောင်းလဲလိုက်တိုင်း update ဖြစ်သွားသော elevation profile view မှရယူမည်ဖြစ်သည်။ မျဉ်းဂျီမေတြီပုံစံ layer တစ်ခုအား အသုံးပြုလျှက် active ဖြစ်နေသော layout atlas တစ်ခု သို့မဟုတ် report တစ်ခုအတွက် လက်ရှိတွင်ထောက်ပံ့ပေးထားသည်။

  • Data-defined (Data ဖြင့်သတ်မှတ်ထားသော) ဖြစ်နိုင်သော Tolerance (လက်ခံနိုင်မှု) အကွာအဝေးသည် layout elevation view ထဲတွင် ပြသရန်အတွက် မြင်နိုင်သော layer များ၏ feature တစ်ခုသည် profile curve မှ မည်မျှဝေးဝေးတွင်ရှိနေသင့်သည်ကို ထိန်းချုပ်ပေးနိုင်သည်။ လက်ရှိတွင် point feature များကိုသာ ပြန်ထုတ်ပေးပါသည်။

21.2.9.3. ပြသမည့်အကျယ်အဝန်း အပိုင်းအခြားများ (Chart ranges)

Layout elevation profile item တစ်ခုသည် ၎င်းအခြေပြုထားသည့် elevation profile ၏မြင်ကွင်းအပြည့်အား မဖြစ်မနေပြသမည်မဟုတ်ပါ။ အောက်ပါတို့ကို ထည့်သွင်း၍ ပုံဖော်ပြသမည့် ဧရိယာအား ကန့်သတ်ထားနိုင်သည်-

  • X ဝင်ရိုးပေါ်တွင် profile curve စမှတ်မှ Minimum distance (အနည်းဆုံးအကွာအဝေး) နှင့် Maximum distance (အများဆုံးအကွာအဝေး)

  • Y ဝင်ရိုးပေါ်တွင် Minimum elevation (အနည်းဆုံး အမြင့်) နှင့် Maximum elevation (အများဆုံး အမြင့်)

21.2.9.4. အကွာအဝေးနှင့် အမြင့် ဝင်ရိုးများ (Distance and elevation axes)

Distance axis နှင့် Elevation axis အုပ်စုများတွင် elevation profile item ပေါ်တွင် X ဝင်ရိုး နှင့် Y ဝင်ရိုးအသီးသီး၌ grid များအား အနည်းငယ်မျှပြောင်းလဲနိုင်ရန် ရွေးချယ်စရာများရှိသည်-

  • Major interval (ကြားကွက်လပ် အကြီး) တစ်ခု နှင့် Minor interval (ကြားကွက်လပ် အငယ်) နှစ်ခုစလုံးတို့ဖြင့် ဝင်ရိုးပေါ်တွင် အတိုင်းအတာများကို အမှတ်အသားဖြင့်ပြခြင်း

  • သက်ဆိုင်ရာ Major grid lines (Grid လိုင်းအကြီး) နှင့် Minor grid lines (Grid လိုင်းအငယ်) တို့တွင်အသုံးပြုမည့် မျဉ်းသင်္ကေတများ

  • ဝင်ရိုးပေါ်ရှိ အတိုင်းအတာပြ အမှတ်အသားများကို မည်သို့ အညွှန်းတပ်သင့်သည် (Label interval) အပြင် ၎င်းတို့၏ Label format (အညွှန်း format) နှင့် Label font (အညွှန်းစာလုံးဖောင့်)

21.2.9.5. ဖြတ်ပိုင်းပုံနေရာ (Chart area)

Chart area အောက်တွင် elevation profile plot အား အမှန်တကယ်ပြသထားသည့် ဧရိယာကို ပုံဖော်ပြသခြင်းအား ပြင်ဆင်သတ်မှတ်နိုင်သည်-

  • Background (နောက်ခံ) ဖြည့်ရန်သင်္ကေတတစ်ခု

  • Border (နယ်နိမိတ်) မျဉ်းသင်္ကေတတစ်ခု

  • Elevation profile item နယ်နိမိတ်မှ အနားသတ်များ